နေပြည်တော် ဩဂုတ် ၇
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တာဝန်ထမ်းဆောင်မှု ပြီးဆုံး၍ ပြန်လည်ထွက်ခွာ
တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး Dr. Khalid Hussain
Memon အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့ တေွ့ဆုံစဉ်
မြန်မာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့သည် မိတ်ဆွေနိုင်ငံများဖြစ်ကြပြီး ဆက်ဆံရေး
ကောင်းမွန်လျက်ရှိသည့် အခြေအနေ၊ နှစ်နိုင်ငံတပ်မတော်ချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာများနှင့်
အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည့် အခြေအနေ၊
ပြည်တွင်းငြိမ်းချမ်းရေး၊ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံအပေါ်
နိုင်ငံတကာက အထင်အမြင်လွဲမှားစွာ ရှုမြင်နေကြသည့်အပေါ် အခြေအနေမှန်များကို နိုင်ငံတကာက
သိရှိအောင် ကျယ်ပြန့်စွာ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများနှင့်စပ်လျဉ်း၍
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

No comments:
Post a Comment