နေပြည်တော် ဩဂုတ် ၇
အော်တစ်ဇင်ဆိုင်ရာ မူဝါဒအတွက် အကြံပြုချက်များ ဖော်ထုတ်ရေး
အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ
ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံတွင် အော်တစ်ဇင် ဖြစ်ပွားမှုသည် ၄၅၇၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းကြပါကြောင်း၊ ကမ္ဘာ့ပေါ်တွင် စုစုပေါင်းလူဦးရေ၏(၁) ရာခိုင်နှုန်းကို အော်တစ်ဇင်အဖြစ် ဖေါ်ထုတ်ထားပြီး အာဆီယံဒေသနိုင်ငံများတွင် လူဦးရေ ၆၂၅ သန်းခန့်အနက် အော်တစ်ဇင် (၆)သန်းခန့် ရှိကြောင်း၊ မြန်မာ အော်တစ်ဇင်အသင်းသည် APCD ၊ ASEAN Autism Network တို့နှင့်ပူးပေါင်း၍ ဝန်ကြီးဌာနနှင့်အတူ အော်တစ်ဇင်ဆိုင်ရာ မူဝါဒပေါ်ထွက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အော်တစ်ဇင်ဆိုင်ရာ မူဝါဒပေါ်ပေါက် ရေးအတွက် အကြံပြုချက်များ ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ ဖြစ်မြောက်အောင် ကူညီသည့် မြန်မာအော်တစ်ဇင်အသင်းနှင့် ပူးပေါင်းဆောင်ရွက်ကြသည့် အဖွဲ့အစည်းများ ကို ကျေးဇူးတင် ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအော်တစ်ဇင်အသင်းဥက္ကဋ္ဌ ဒေါက်တာနေမျိုးနိုင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်၊ အများနည်းတူ လူ့အသိုင်းအဝိုင်းတွင် နေထိုင်နိုင်ရေး၊ အော်တစ်ဇင်အကြောင်း အများပြည်သူသိရှိရန် အသိပညာပေးရေး၊ မြန်မာအော်တစ်ဇင် အသင်းအနေဖြင့် အာဆီယံနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင် ရွက်နေမှုများ၊ မူဝါဒချမှတ် နိုင်ရေးအတွက် အကြံပြုချက်များ လိုအပ်မှုတို့ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အတည်ပြုခြင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ၊ နည်းဥပဒေ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာတို့မှ တင်ပြဆွေးနွေးခြင်း၊ အော်တစ်ဇင်များအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ မူဝါဒတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် တက်ရောက် လာကြသူများက အကြံပြုဆွေးနွေး ခဲ့ကြသည်။
(သတင်းစဉ်)

No comments:
Post a Comment