ဧရာဝတီ တိုင်းဒေသကြီးသည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မုန်တိုင်းများဝင်ရောက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရေကြီးရေလျှံခြင်းစသည့် သဘာဝဘေး အန္တရာယ်များကို အများဆုံး ခံစားကြုံတွေ့နေရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည်။ ပြည်သူများ သဘာဝဘေး အန္တရာယ်များကို မခံစားမကြုံတွေ့စေရေးနှင့် သဘာဝဘေးကို တွန်းလှန် ကာကွယ်နိုင်မည့် အစီအမံများ ချမှတ်ရေး၊ ကြိုတင်ပြင်ဆင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဧရာဝတီ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်အား တွေ့ဆုံမေးမြန်းထားပါသည်။
မေး ။ ။ ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေး အန္တရာယ်တွေ ကျရောက်လာမယ်ဆိုရင် ဘယ်လို အစီအမံတွေချမှတ်ပြီး ကြိုတင်စီမံထားရှိပါသလဲ။
ဝန်ကြီးချုပ် ။ ။ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာခဲ့မယ်ဆိုရင် စီမံဆောင်ရွက်ဖို့အတွက် လုပ်ငန်းကော်မတီ ၁၁ ခုကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ အဲဒါ တွေက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေး ဆပ်ကော်မတီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဆပ်ကော်မတီ၊ သတင်းနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ကနဦးလိုအပ်ချက် ဆန်းစစ်ကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနဲ့ လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေး ကော်မတီ၊ ပြန်လည်ထူထောင်ရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်း ကော်မတီ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည် ထူထောင်ရေး လုပ်ငန်းကော်မတီဆိုတဲ့ ကော်မတီ ၁၁ ခု ဖြစ်ပါတယ်။
ဒါတွေဟာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ဖို့ အတွက် လုပ်ငန်းအစီအမံတွေဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးဟာ သဘာဝဘေးအန္တရာယ်ကျရောက်ဖို့ လွယ်ကူတဲ့ တိုင်းဒေသကြီးတစ်ခုဖြစ် ပါတယ်။ သဘာဝဘေးတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ယခုနှစ်မှာဆိုရင် သင်္ကြန်ပြီး လောက်ချိန်ကတည်းက စတင်ဆောင်ရွက်ခဲ့ကြတယ်။ ထူးထူး ခြားခြား ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ သဘာဝ ဘေးအန္တရာယ်ဖြစ်ရင် တစ်တိုင်းလုံးပါပဲ။ လေဘေးနဲ့ပတ်သက် လာရင် နှစ်စဉ် ဟင်္သာတခရိုင် ရှစ်မြို့နယ်က နှစ်စဉ်ကြုံတွေ့ရ ပါတယ်။ အဲဒီနေရာမှာ သဘာဝ ဘေးအန္တရာယ်အတွက် ငွေကျပ် ၅၀၅ သိန်းလောက် အကုန်အကျခံပြီး ဆောင်ရွက်နေရတယ်။ အမိုးတွေလန်တာ၊ အိမ်တွေပြိုတာတွေ နှစ်စဉ်ရှိတယ်။ သို့သော် အိမ်အများဆုံးက အိမ်အသေးတွေပေါ့။ ဒါကြောင့် ဒီနှစ်မှာ အိမ်စုစုပေါင်းဆိုရင် ၂၀ဝ၀ ကျော်လောက် တစ်အိမ်ကို ငွေကျပ် တစ်သောင်းဖိုးလောက် ကြိုတင်ပြီး ပေး အပ်ထားတယ်။ လိုအပ်တာတွေ ပြင်ဆင်ဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုပြင်ဆင်ထားခဲ့တဲ့အတွက်လည်း မိုးဦးကျ လေပြင်းတိုက် ခတ်မှုခံစားရတဲ့အခါ လက်ရှိမှာ ၆၀ ရာခိုင်နှုန်းလောက် ကာကွယ်ထားနိုင်ပါတယ်။ မနှစ်ကထက်စာရင် ပျက်စီးမှုလျော့ နည်းလာတာကိုလည်း တွေ့ရှိရပါတယ်။ ဒါကတော့ အောက်ခြေ အဆင့်အထိ လိုက်ပါဆောင်ရွက်နေတယ်ဆိုတာကို ပြသနိုင်ခဲ့ တာပါပဲ။
ကျွန်တော်တို့ဟာ မဖြစ်မီနဲ့ ဖြစ်နေစဉ်၊ ဖြစ်ပြီးသွားရင် ဘာတွေလုပ်ရမလဲဆိုတာကို ထည့်သွင်းစဉ်းစားရပါတယ်။ ဒါတွေအားလုံးကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကြိုးစားပေးနေပါတယ်။
မေး။ ။ သဘာဝဘေး ကျရောက်လာတဲ့ အချိန်တွေမှာ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ရော ဘယ်လိုစီမံထားပါသလဲ။ ရေလမ်းခရီးကိုရော ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်အောင် ဆောင်ရွက်တဲ့ အကြောင်းနဲ့ သယ်ယူပို့ဆောင်ရေးအတွက် ဆောင်ရွက်ချက်ကို သိပါရစေ။
ဝန်ကြီးချုပ် ။ ။ အဓိကကတော့ ရေလမ်း ဖြစ်ပါတယ်။ ရေလမ်းခရီးအတွက်ကတော့ ကျွန်တော် တို့သည် မိုးလေဝသ အခြေအနေတွေကိုလည်း အမြဲမပြတ် စောင့်ကြည့်နားထောင်လျက် ရှိသလို ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ အသိပေးချက်တွေကိုလည်း အမြဲရယူနေပါတယ်။ လေတိုက်မှု နှုန်းတွေ၊ မုန်တိုင်းအခြေအနေ၊ ဒီရေအတက်အကျ အခြေအနေ၊ မိုးရေချိန်တွေ စတဲ့အချက်အလက်တွေပေါ် မူတည်ပြီး ရေယာဉ် တွေကို ကမ်းကနေ မခွာအောင်သတိပေးတာရှိသလို၊ ရေလုပ် သားတွေကိုလည်း အသိပေးချက်တွေ ထုတ်ပေးပါတယ်။ အရေး ကြီးရင် အရေးကြီးသလို၊ အန္တရာယ်ရှိရင် ရှိသလို ရေယာဉ်တွေ ထွက်ခွာခွင့်ကို တားမြစ်ပေးနေပြီး ရာသီဥတုအခြေအနေ ကောင်းမွန်တာနဲ့ အချိန်မဆိုင်း ပြန်လည်ဖွင့်လှစ်ပေးတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ တိုင်းဒေသကြီးက ရေလမ်းခရီးကိုအားထားတဲ့ တိုင်းဒေသကြီးလည်း ဖြစ်ခြင်း ကြောင့်ပါပဲ။ သတ်မှတ်ချက်တွေကို လိုက်နာဖို့အတွက် ထပ်ဆင့် ညွှန်ကြားမှုတွေကိုလည်း ပြုလုပ်နေပါတယ်။
မော်တော်ကားလမ်းမှာဆိုရင် မြို့နယ်တွေမှာ သယ်ယူ ပို့ဆောင်ရေးအဆင်ပြေအောင် အရေးပေါ်အခြေအနေကြုံလာ ရင် လမ်းပန်းဆက်သွယ်နိုင်အောင် မော်တော်ယာဉ်တွေ စီစဉ် ထားပါတယ်။ ခရီးသည်တွေ အဆင်ပြေစွာသွားလာဖို့အတွက် လမ်းရေကျော်မှု၊ ရေကြီးရေလျှံမှုတွေကိုလည်း အမြဲမပြတ် စစ်ဆေးပေးနေသလို လိုအပ်တဲ့ဒေသတွေအတွက် သဲနဲ့ ကျောက် တွေကိုလည်း အရန်သင့်ပြင်ဆင်ထားတာမျိုးနဲ့ အတတ်နိုင်ဆုံး လုပ်လို့ရသမျှ ကြိုတင်ပြင်ဆင်ထားရှိပါတယ်။ ဒါကြောင့် ရေ ကျော်တာ၊ တောင်ပြိုတာနဲ့ ကမ်းပါးပြိုတာမျိုးတွေ ဖြစ်လာခဲ့ရင် လိုအပ်တဲ့ မော်တော်ယာဉ်တွေနဲ့ တားဆီးနိုင်ဖို့ ယန္တရား၊ ပစ္စည်း တွေကို ပြင်ဆင်စုဆောင်း ထားပါတယ်ခင်ဗျာ။
မေး ။ ။ သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားတွေနဲ့ မတော် တဆကြုံဆုံလာခဲ့မယ်ဆိုရင် ပြည်သူတွေက ဘယ်လို ချိတ်ဆက်ပြီး ကူညီကယ်ဆယ်မှုတွေ ရယူနိုင်ပါသလဲ။ အချိန်နဲ့ တစ်ပြေးညီ ကူညီပေးနိုင်အောင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေပါသလဲ။
ဝန်ကြီးချုပ် ။ ။ ကျွန်တော်အထက်မှာ ပြောခဲ့သလိုပါပဲ။ ကျွန်တော်က ဥက္ကဋ္ဌနေရာမှာ တာဝန်ယူထား ပြီး ကော်မတီတွေအသီးသီး ဖွဲ့စည်းထားတာ ၁၁ ခုရှိပါတယ်။ သဘာဝဘေးနဲ့ ပတ်သက်တဲ့ ဦးစီးဌာနကလည်း အကောင်းဆုံး စီမံခန့်ခွဲပေးနိုင်အောင် ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်တော် တို့သည် ရှောင်လွှဲမရနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေအတွက် အားလုံးက အသင့်ပြင်ထားကြတယ်။ ကော်မတီနဲ့ ဌာနတို့အပြင် လူမှုအရပ်ဘက်အဖွဲ့အစည်းတွေ၊ ရပ်မိရပ်ဖတွေ၊ အသင်းအဖွဲ့တွေ အားလုံးနဲ့ မီးသတ်၊ ကြက်ခြေနီစတာတွေအားလုံးက ချိတ်ဆက် ဆောင်ရွက်ပေးနေကြတယ်။ ဒေသခံတွေကိုလည်း သဘာဝဘေး နဲ့ ပတ်သက်ပြီး ဗဟုသုတတွေ ဟောပြောပေးနေတယ်။ အရေး ပေါ်အခြေအနေ ကျရောက်လာခဲ့မယ်ဆိုရင် ဘယ်လိုစီမံခန့်ခွဲ ရမလဲဆိုတာကို အောက်ခြေအထိ ချိတ်ဆက်မိအောင်တော့ အကောင်းဆုံးပြင်ဆင်ပေးနေပါတယ်။ မီးသတ်အနေနဲ့လည်း ဖုန်းနံပါတ် ၁၉၁ ကို အရေးပေါ်ဖုန်းနံပါတ်အဖြစ် ထားရှိပြီး ဒေသခံတွေ အမြန်ဆုံးဆက်သွယ်နိုင်အောင် ဖွင့်လှစ်ပေးထား ပါတယ်။
မေး ။ ။ မိုးများချိန်လည်း ဖြစ်တဲ့အပြင် မြစ်ရေကလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာလည်း ရေဘေး၊ လေဘေးနဲ့ မြေပြိုမှုတေွ ကြုံနေရပါတယ်။ ဧရာဝတီ တိုင်းဒေသကြီးအတွင်းမှာရော ဘယ် နေရာတွေက လက်ရှိသဘာဝဘေးကို အများဆုံးတွေ့ကြုံနေရ သလဲဆိုတာနဲ့ ကူညီကယ်ဆယ်ရေး အစီအမံတွေကိုလည်း သိလို ပါတယ်။
ဝန်ကြီးချုပ် ။ ။ သဘာဝဘေး ကျရောက်ဖို့ရာမှာတော့ ကျွန်တော်တို့ တိုင်းဒေသကြီးကလည်း ဖြစ်နိုင်ခြေအတော်များတဲ့ ဒေသဖြစ်ပါတယ်။ ဖြစ်လာတဲ့နေရာ တွေကိုလည်း အချိန်နဲ့တစ်ပြေးညီ ကူညီကယ်ဆယ်ရေး တွေ လုပ်ဆောင်နေပါတယ်။ လက်ရှိဆိုရင် မြောင်းမြမြို့နယ်မှာ ရေဘေး ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်လှစ်ထားပါတယ်။ အိမ်ခြေ ၆၄ အိမ်၊ လူဦးရေ ၂၈၉ ဦး ရေဘေးသင့်နေတာ ဖြစ်ပါတယ်။ သူတို့တွေအတွက် ဆန်နဲ့ စားနပ်ရိက္ခာတစ်ပတ်စာအပြင် လိုအပ် တာတွေကို ပံ့ပိုးပေးလျက် ရှိပါတယ်။ ကျန်တဲ့ သဘာဝဘေးမှာ ကျွန်တော်တို့ ကြုံတွေ့နေရတာ တော့ လေပြင်းတိုက်ခတ်မှုဖြစ် စဉ်တွေဖြစ်ပါတယ်။ ဘိုကလေး၊ အမာနဲ့ ပတ်ဝန်းကျင်ဒေသ တွေမှာ အများဆုံးဖြစ်ပေါ်ခဲ့ပြီး ကူညီကယ်ဆယ်ရေး နဲ့ ပြန်လည် ထူထောင်ရေးတွေကို အချိန်မဆိုင်း ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။
မေး ။ ။ သဘာဝဘေးဖြစ်နိုင်ခြေရှိတဲ့ မြို့နယ် ရှစ် မြို့နယ်ရှိ တယ်လို့ သိရပါတယ်။ အဲဒီမြို့နယ်တွေအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ဘယ်လိုအစီအမံတွေ ချမှတ်ဆောင် ရွက်နေတယ် ဆိုတာလည်း သိပါရစေ။
ဝန်ကြီးချုပ် ။ ။ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ၂၆ မြို့နယ်ရှိပြီး အားလုံးဟာ သဘာဝဘေး အန္တရာယ်တစ်မျိုးမဟုတ် တစ်မျိုးနဲ့ ကြုံတွေ့ ရနိုင်တဲ့ အနေအထား ရှိပါတယ်။ လေဘေးနဲ့ ပတ်သက်ရင်တော့ မြို့နယ်ရှစ်မြို့နယ် ရှိပါတယ်။ ဒါပေမယ့်ဒီနှစ်မှာ မနှစ်ကထက် နောက်ကျပြီးတော့မှ လေဘေးအန္တရာယ်နဲ့ ကြုံရတယ်။ မနှစ်ကဆိုရင် မြန်မာနှစ်ဆန်း ၁ ရက်နေ့ကတည်းက လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွား ခဲ့ပြီး ဒီနှစ်မှာတော့ မေလဆန်းမှာမှ လေပြင်းတိုက်ခတ်တာမျိုး စတင်ကြုံတွေ့ခဲ့တယ်။ ကျွန်တော်တို့အတွက် ဘယ်တော့မှမမေ့ နိုင်တဲ့ အဖြစ်အပျက်ကတော့ ၂၀ဝ၈ ခုနှစ်က တိုက်ခတ်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးပေါ့။ အဖြစ်ဆိုးတွေနဲ့ ကြုံကြရပြီး အခုတိုင် မမေ့နိုင်တဲ့ ခါးသီးတဲ့အတွေ့အကြုံပေါ့။ ဒါကြောင့် ဒီနှစ်မှာလည်း ကြိုတင်ကာကွယ်မှုတွေကို အင်တိုက်အားတိုက် ဆောင်ရွက်ထားတယ်။ အတတ်နိုင်ဆုံး ပြင်ဆင်ထားသလို တစ်ဖက်မှာလည်း ယုံကြည်ကိုးကွယ် တဲ့ ဘာသာတရားအရ လုပ်ဆောင်တာလည်း မေလဆန်းကတည်းက စတင်ခဲ့တယ်။ လစဉ် ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ သုံးရက်လုံး တတ်နိုင်တဲ့ မြို့နယ်ကလည်း သုံးရက်၊ တစ်ရက်တတ်နိုင်ရင် တစ်ရက်ပေါ့ လေ။ မြတ်စွာဘုရားရဲ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြတယ်။ မိုးအကုန်အထိ ပဋ္ဌာန်းပူဇော်ပွဲကို ဆက်တိုက် လုပ်သွားမယ်။ ဒါကလည်း သိပံ္ပနည်းကျစနစ်ကျတဲ့ ကာကွယ် နည်းတွေအပြင် ယုံကြည်ကိုးကွယ် ရာနဲ့လည်း ဆုတောင်း ပူဇော်ကြတာမျိုး ဖြစ်ပါတယ်။
မေး ။ ။ ဝန်ကြီးချုပ်အနေနဲ့ သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု အကြောင်း ဒါမှမဟုတ် ရေဘေး၊လေဘေးအပါအဝင် သဘာဝဘေးတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို ထပ်မံဖြည့်စွက် ပြောကြားလိုတာ ရှိရင်လည်း ပြောပြစေလိုပါတယ်။
ဝန်ကြီးချုပ် ။ ။ သဘာဝဘေးဆိုတာကတော့ ကျွန်တော်တို့ အားလုံး ရှောင်လွှဲမရတဲ့ အန္တရာယ်မို့ အစဉ် မပြတ် သတိထားနေကြရမှာပေါ့။ ရေကြီးတာ၊ မီးလောင်တာ၊ လေပြင်းတိုက်တာတွေအတွက် သရုပ်ပြလေ့ကျင့်မှုတွေကို အထပ်ထပ် ကျွန်တော်တို့ ပြုလုပ်တယ်။ လိုအပ်တဲ့အရာတွေ ကြိုတင်ပြင်ဆင်ထားတယ်။ ပြည်သူတွေကိုလည်း အသိပညာ တွေပေးဖို့၊ မိုးလေဝသ အခြေအနေတွေကို အစဉ်နားစွင့်ဖို့ သတိပေးတယ်။ လေတိုက်မှာ၊ မိုးရွာမှာကို ကြိုတင်ခန့်မှန်းနိုင် ပေမယ့် ကြိုတင်မခန့်မှန်းနိုင်တဲ့ ငလျင်အန္တရာယ်၊ မြေပြိုမှု အန္တရာယ်တွေ ကိုကျတော့ ကြိုတင်တိုင်းထွာဖို့ ခက်ခဲပါတယ်။ မမြင်နိုင်တဲ့အရာတွေ၊ ချက်ချင်းမသိနိုင်တဲ့အရာတွေဖြစ်လို့ သတိထားဖို့လိုပါတယ်။ ကလေးတွေကအစ ဘယ်လိုနေထိုင် ရမယ်။ ဘေးကင်းရာကို ဘယ်လိုရွေးချယ်ရမလဲဆိုတာကို လေ့ကျင့်ပညာပေးဖို့တော့ လိုအပ်ပါ တယ်။ ကျွန်တော်တို့ဘက် ကလည်း အတတ်နိုင်ဆုံး ကြိုးစားဖြည့်ဆည်း ပေးပြီး လိုအပ် ချက်တွေကိုလည်း ဆောင်ရွက်ပေးနေပါတယ်။ အစိုးရဆိုတာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အကာအကွယ် ပေးဖို့ တာဝန်အရှိဆုံးဆိုတာကို သိရှိနားလည်ပြီး ကြိုတင်ပြင် ဆင်တာ၊ ပညာပေးတာ၊ ဖြစ်လာရင်လည်း အကောင်းဆုံးဖြစ် အောင် တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေတယ်ဆိုတာကို ပြောကြားလိုပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးအားလုံး သဘာဝဘေးအန္တရာယ် တွေ အားလုံးကနေ ကင်းဝေးကြဖို့လည်း မျှော်လင့်ပါ တယ်။ ။
တွေ့ဆုံမေးမြန်း- ဧရာဝတီပြန်/ဆက် သတင်းအဖွဲ့ ၊ ခင်ရတနာ
No comments:
Post a Comment