Saturday, August 10, 2019

ဖောင်းပြင်မြို့နယ်၌ မူးယစ်ဆေးဝါး ဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြုသဖြင့် သတိပေး ပစ်ခတ်ရာမှ ၁ ဦးသေဆုံး



နေပြည်တော် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်၌ သြဂုတ် ၉ ရက်က မူးယစ်ဆေးဝါး သုံးစွဲ / ရောင်းဝယ်နေကြောင်း သတင်းအရ သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံရန်ပြုသဖြင့် သတိပေး ပစ်ခတ်ရာမှ တစ်ဦး သေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဩဂုတ် ၉ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ဖောင်းပြင်မြို့နယ်၊ ညောင်ပင်သာကျေးရွာနှင့် အထက်မန်လည် ကျေးရွာကြား ညောင်ပင်သာ သင်္ချိုင်းအနီး လူမနေသည့်လယ်စောင့်တဲ၌ သိုက်ဦးမောင် (၃၈) နှစ်၊ (ဖ) ဦးလူခ၊ ညောင်ပင်သာ ကျေးရွာနေသူပါ ၄ ဦး မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးစဉ် အဖမ်းမခံဘဲ သိုက်ဦးမောင်က အရိုးအသွား ၁ ပေခန့်ရှိ ဓားဦးချွန်ဖြင့် ပြန်လည်ခုခံရန် ပြုခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးတွင် ဓားထိပြတ်ရှဒဏ်ရာ ၁ ချက်ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ရဲတပ်ဖွဲ့ဝင်များက အသာတကြည်အဖမ်းခံရန် ပြောကြားသော်လည်း ဆက်လက်ရန်ပြုသဖြင့် သတိပေး ပစ်ခတ်ခဲ့ရာ သိုက်ဦးမောင်မှာ ကျည်ထိမှန်သေဆုံးသွားခဲ့ပြီး ၎င်းထံမှ ဘိန်းဖြူ ၇ ဂရမ် သိမ်းဆည်းရမိခဲ့ကာ ကျန်တရားခံ ၃ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် ဖောင်းပြင်မြို့မရဲစခန်း၌ အမှုဖွင့်ဆောင်ရွက်ကာ ထွက်ပြေးတရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment