နေပြည်တော် ဩဂုတ် ၁၁
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားဘူတာမှ RBE ရထားဖြင့် ပျဉ်းမနား-ရန်ကုန် ရထားလမ်းပေါ်ရှိ ရေနီဘူတာတွင် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကျောက်များ စုပုံ ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ အုတ်တွင်း ဘူတာယာဒ်ဝန်း အတွင်း ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြင့် တင်ရေး စီမံကိန်း အဆင့်-၁ (CP-103) ညောင်လေးပင်-တောင်ငူလမ်းပိုင်း အဆင့်မြှင့် တင်ရေးကို ကြည့်ရှုစစ်ဆေးရာ JICA မှ တာဝန်ရှိသူများက သံလမ်းဆက်လုပ်ငန်းများ ဆောင်ရွက် မည့် အစီအစဉ်၊ သံလမ်းများ ရောက်ရှိမှု၊ PC Girder ပြုလုပ်ခြင်းလုပ်ငန်း၊ တံတားများ တည်ဆောက် မည့်နေရာများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးက မိုးတွင်းကာလ အတွင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် ပဲခူး-ညောင်လေးပင် လမ်းပိုင်း အဆင့်မြှင့်တင်ရေး (CP-102) ပြွန်တန်ဆာ လုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဒိုက်ဦး၊ ကဒုတ်၊ ပဲခူး၊ ဒါးပိန်ဘူတာများနှင့် ရထား လမ်းတစ်လျှောက် ပြုပြင် ဆောင်ရွက် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
(သတင်းစဉ်)
No comments:
Post a Comment