နေပြည်တော် ဩဂုတ် ၇
ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ
ဦးစောသည် ရန်ကုန်မြို့ အမေရိကန်သံရုံး၌ လူ့အခွင့်အရေးနှင့် လူမျိုးရေး
ပဋိပက္ခဆိုင်ရာအရာထမ်း၊ ဒုတိယ အတွင်းဝန်၊ ဒုတိယကောင်စစ်ဝန် Mr. John Ryan
အား
ယနေ့နံနက် ၇ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ကော်မတီမှ တာဝန်ယူဆောင်ရွက်နေရသော လုပ်ငန်းတာဝန်များနှင့် ဥပဒေရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အလားတူ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)၏ အမှုဆောင် ကော်မတီဝင် ဦးအောင်မျိုးကျော် ဦးဆောင်သောအဖွဲ့အား မွန်းလွဲ ၁ နာရီတွင် တွေ့ဆုံ၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေနှင့် ပတ်သက်သည့် ဥပဒေရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
(သတင်းစဉ်)

No comments:
Post a Comment