Tuesday, July 30, 2019

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး


နေပြည်တော် ဇူလိုင် ၃၀
၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်း ချက်များ နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပသည်။

အခမ်းအနားတွင် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ် ထုတ်လုပ်ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး  ဦးအောင်လှထွန်းက တစ်နိုင်ငံလုံးရှိ ကျောင်းသူ ကျောင်းသား အားလုံး အတွက် ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်သည့် လုပ်ငန်းသည်  သာမန်စီးပွားရေး လုပ်ငန်းတစ်ခု မဟုတ်ဘဲ နိုင်ငံတော်အတွက် အလွန် အရေး ကြီးသည့် လုပ်ငန်း တာဝန်တစ်ခု ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်က ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ရာတွင် တွေ့ကြုံရသည့် အတွေ့အကြုံများအပေါ် အခြေခံ၍ အားနည်းချက် အနည်းဆုံး ဖြစ်စေရန်နှင့် လုပ်ငန်းများ ချောမော အောင်မြင်အောင် ဆောင် ရွက်နိုင်ရန် အားလုံးဝိုင်းဝန်းဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေးကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း ထားရှိမှု၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိခဲ့မှု အပေါ် အကျဉ်းချုပ် သုံးသပ်ချက်နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်၊ ထုတ်လုပ်၊ ဖြန့်ချိနိုင်ရေး  ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရေး ဆပ်ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးအောင်မျိုးမြင့်က  ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်း သုံး စာအုပ်များ ရိုက်နှိပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များနင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က   ဆွေးနွေး ပြောကြားပြီး     မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်း ရှင်များ အသင်း (MPPA) ၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်း (MRAPA)တို့မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ထုတ်လုပ်ရမည့် အရွယ်အစား၊ တင်ဒါခေါ်ယူမည့်ကာလ၊ တင်ဒါ ခေါ်ယူရေး လုပ်ငန်း စဉ်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းကြရာ ပြန်ကြားရေးဝန်ကြီး ဌာနနှင့် ပညာရေး ၀န်ကြီးဌာန တို့မှ  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဒုတိယ၀န်ကြီး ဦးအောင်လှထွန်းက နိဂုံးချုပ် အမှာ စကား ပြောကြားခဲ့ သည်။
(သတင်းစဉ်)

No comments:

Post a Comment