Friday, June 14, 2019

UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ် ၂၀၁၈ - ၂၀၂၂ ဆိုင်ရာ သဘောတူညီမှု စာလွှာလက်မှတ်ရေးထိုး



နေပြည်တော် ဇွန် ၁၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့(UNFPA) တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်မည့် UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၂၂)နှင့်စပ်လျဉ်း သည့် သဘောတူညီမှု စာလွှာ (LoA) ကို မြန်မာနိုင်ငံ အစိုးရကိုယ်စား ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံခြားစီးပွားဆက် သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသန်းအောင်ကျော် နှင့် UNFPA ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ UNFPA Representative, Mr. Ramanathan Balakrishnan တို့သည် ယမန်နေ့က နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအ ဝေးခန်းမ၌ လက်မှတ်ရေး ထိုးသည်။

လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ UNFPA နှင့် ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် UNFPA တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
UNFPA ၏ စတုတ္ထအကြိမ် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၁၈- ၂၀၂၂) ကို သက်ဆိုင်ရာဌာနများမှ ကိုယ်စား လှယ်များနှင့် ညှိနှိုင်းဆွေးနွေး ရေးဆွဲထားခြင်းဖြစ်ပြီး UNFPA ၏ ပုံမှန်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅ သန်း၊ အခြားရန်ပုံငွေ အမေ ရိကန်ဒေါ်လာ ၉ ဒသမ ၅ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာသန်း ၂၀ ဖြင့် မျိုးဆက် ပွားကျန်းမာရေး၊ ကျား/မ တန်းတူညီမျှ ရေးနှင့် အမျိုးသမီး ကဏ္ဍမြှင့်တင်ရေး၊ လူဦးရေ ဆိုင်ရာ ကဏ္ဍများတွင် သက်ဆိုင် ရာဝန်ကြီး ဌာနများနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်များ အကောင်အထည် ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း သိရ သည်။
UNFPA အနေဖြင့် နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်များအား ယခင်က လည်းဆောင်ရွက်ခဲ့ရာ ပထမအကြိမ် ၂၀၀၂-၂၀၀၆ ကို အမေရိကန်ဒေါ် လာ ၁၆ သန်း၊ ဒုတိယအကြိမ် ၂၀၀၇-၂၀၁၁ ကို အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၂ သန်း၊ တတိယအကြိမ် ၂၀၁၂-၂၀၁၇ ကို အမေရိကန် ဒေါ်လာ ၃၇ ဒသမ ၅ သန်းဖြင့် မျိုးဆက်ပွား ကျန်းမာရေး၊ ကျား/မ တန်းတူညီမျှရေးနှင့် အမျိုးသမီး ကဏ္ဍ မြှင့်တင်ရေး၊ လူဦးရေဆိုင်ရာကဏ္ဍ များတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment