Friday, June 14, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကမ္ဘာ့ ဘဏ်မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၁၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ဇွန် ၁၁ ရက် က ကမ္ဘာ့ ဘဏ်၏ The World Bank Environment and Natural Resources Program မှ Regional Manager, Mr. Christophe Crepin နှင့် အဖွဲ့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။

တွေ့ဆုံစဉ် ရေငန်ငါးလုပ်ငန်းစီမံ ခန့်ခွဲမှုအတွက် ဖွံ့ ဖြိုးမှုမိတ်ဖက် အဖွဲ့ အစည်းများဖြစ်သည့် ဒိန်းမတ်နိုင်ငံ၊ နိုင်ငံတကာအပင်နှင့် အကောင်များထိန်းသိမ်း ရေးအဖွဲ့၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက် နေမှု၊ ရေချိုငါး လုပ်ငန်းစီမံခန့်ခွဲမှုနှင့် ငါးလုပ်ငန်းရေရှည် ဖွံ့ဖြိုးရေးတို့အတွက် FAO, GIZ ဒိန်းမတ် နိုင်ငံ၊ ရေနေသက်ရှိ အရင်းအမြစ်များ စီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာ ဗဟိုဌာန World Fish တို့နှင့် ပူးပေါင်း ဆောင်ရွက်နေမှု၊ ကမ္ဘာ့ ဘဏ်မှ စတင်မိတ်ဆက်ခဲ့သော မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ် လေ့လာချက်တွင် ငါးကဏ္ဍ ဆိုင်ရာတွေ့ရှိချက်၊ အရေးကြီးသော အကြံပြုချက်၊ မြန်မာနိုင်ငံပတ်ဝန်းကျင် ဆိုင်ရာ ဆန်းစစ်လေ့လာ ချက်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ရှင်းလင်းချပြနိုင်ရန် စီစဉ်ဆောင်ရွက် ထားရှိမှု၊ မြန်မာနိုင်ငံ၏ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆက်လက်ဆောင် ရွက်မည့်အစီအစဉ်များ၊ ငါးကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment