နေပြည်တော်၊
ဇွန် ၂၉
ပို့ဆောင်ရေးနှင့်
ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဇွန် ၂၅ ရက် မှ ၂၆ ရက်အထိ စင်ကာပူနိုင်ငံတွင်
ကျင်းပသည့် အာရှ - ပစိဖိတ်ကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် (APT)၏ အိုင်စီတီဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး ၂၀၁၉သို့ တက်ရောက်၍
အာရှ-ပစိဖိတ်ဒေသအတွင်း အိုင်စီတီကဏ္ဍတွင် ပိုမိုပူးပေါင်း
ဆောင်ရွက်နိုင်စေရေး ရည်ရွယ်လျက် Digital
Transformation, Digital Innovation and Creativity, Digital Community, Digital
Thrust နှင့်
Digital Capacity Building and Partnershipဆိုင်ရာကိစ္စရပ်များအား ပူးပေါင်း ဆောင်ရွက်သွားနိုင်ရေး အခြားအာရှ - ပစိဖိတ်ဒေသဆိုင်ရာ
အိုင်စီတီဝန်ကြီးများနှင့်အတူ ရင်းနှီး ပွင့်လင်းစွာ
အမြင်ချင်းဖလှယ်၍ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေး
ပြောကြားသည်။
အစည်းအဝေးတွင်
ပြည်ထောင်စုဝန်ကြီးသည် Digital Transformation, Digital
Innovation and Creativity ခေါင်းစဉ်ဖြင့်
မြန်မာနိုင်ငံ၏ တိုးတက်ဖြစ်ပေါ် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့
လျက်ရှိသည့်စိန်ခေါ်မှုများကို ပါဝင်ဆွေးနွေးသည်။
အဆိုပါ
အစည်းအဝေးသည် (၅)နှစ်လျှင်တစ်ကြိမ်
ကျင်းပသော အစည်းအဝေး တစ်ခုဖြစ်ပြီး ယခုနှစ်သည် အာရှ -
ပစိဖိတ် ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်အား ဖွဲ့စည်းတည်ထောင်
ခဲ့သည့် နှစ်(၄၀) ပြည့်မြောက်သည့် နှစ်ပတ်လည် ကာလနှင့်လည်း တိုက်ဆိုင် လျက်ရှိသည်။
အစည်းအဝေးသို့ အာရှ - ပစိဖိတ်ကြေးနန်းဆက်သွယ်ရေး
အဖွဲ့ဝင်နိုင်ငံများမှ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ
ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ချုပ်(ITU)မှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် UNESCAP(United
Nations Economic and Social Commission for Asia and the Pacific) တို့မှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင်
၂၀၁၄ခုနှစ် အာရှ - ပစိဖိတ်ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ်၏ ဘရူနိုင်း ကြေညာ
စာတမ်းအပေါ် ဆောင်ရွက်နိုင်မှု အခြေအနေများ သုံးသပ်ခြင်း၊
ရှေ့ဆက်လက်ဆောင် ရွက်မည့် (၅)နှစ်တာကာလအတွက် စုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်
အစီအမံများကို ဆွေးနွေးခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့်
လွှမ်းခြုံချိတ်ဆက်မှုရှိသော အာရှ - ပစိဖိတ်
ဒေသဖြစ်လာစေရေးအတွက် တိုးတက်ပြောင်းလဲလာသော ဒစ်ဂျစ်တယ် နှင့် အိုင်စီတီ
နည်းပညာများနှင့် ကိုက်ညီသည့်ရည်မှန်းချက် ပန်းတိုင်သစ် (၅)ရပ်ချမှတ်ခြင်း၊ ဆက်သွယ်ရေးနှင့်
သတင်းအချက်အ လက်ကဏ္ဍဖွံဖြိုးတိုး တက်မှုများနှင့်
ပြောင်းလဲတိုးတက်လာသည့် နည်းပညာ ဆိုင်ရာ ကိစ္စရပ်များ အပေါ်အမြင်များ
ဆွေးနွေးဖလှယ်ခြင်း၊ စင်္ကာပူကြေညာစာတမ်း ထုတ်ပြန်ခြင်း
စသည်များဆောင်ရွက်ခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးသည်
အစည်းဝေးကာလအတွင်း ဇွန် (၂၅)ရက်တွင် စင်ကာပူ
သမ္မတနိုင်ငံ သမ္မတ Her Excellency Madam
Halimah Yacob က တည်ခင်းဧည့်ခံသည့်
ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည်
ဇွန်
(၂၇)ရက်တွင် တစ်ဆက်စပ်တည်း
ကျင်းပသည့် Digital Straits Exchange ဝန်ကြီးအဆင့် တံခါးပိတ်ဆွေးနွေးပွဲသို့ အခြားအာရှ -
ပစိဖိတ်ကြေးနန်း ဆက်သွယ် ရေးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊
ဒုတိယဝန်ကြီးများ၊ သီးခြားဖိတ်ကြား ထားသူများ နှင့်အတူ
တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့
တက်ရောက်လာသူများနှင့်အတူ Advance
Remanufacturing and Technology Center(ARTC) သို့ သွားရောက်၍ သုတေသန ပြုလုပ်မှုနေမှုများအား လှည့်လည်
ကြည့်ရှုလေ့လာ ခဲ့ပြီး ဇွန်(၂၈)ရက်တွင် မြန်မာအမျိုးသား
လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment