နေပြည်တော်
ဇွန် ၂၇
ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များတွင်
အများပြည်သူ ဖတ်ရှုလေ့လာ နိုင်ရန်အတွက် ကျား မရေးရာ
တန်းတူညီမျှရေးကွန်ရက်(GEN)က ကျားမရေးရာဆိုင်ရာ စာအုပ်စာစောင် များ
ပေးအပ်လှူဒါန်းပွဲကို ဇွန်လ ၂၇ ရက် ညနေ ၃ နာရီက
ဦးစီးဌာန(ရုံးချုပ်)၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာအုပ်လှူဒါန်းပွဲတွင်
ကျား မရေးရာ တန်းတူညီမျှရေးအဖွဲ့မှ ကျား မရေးရာနှင့် ပတ်သက်သော သုတေသန စာတမ်းများ၊
အသိပညာပေးစာအုပ်များ၊ အကြမ်းဖက်မှုနှင့် ပတ်သက်သည့်
ဖြစ်စဉ်စာအုပ်များ၊ အမျိုးသမီးနှင့် ခေါင်းဆောင်မှုဆိုင်ရာ သုတေသန စာအုပ်များ
အပါအဝင် စာအုပ်စာစောင် ၂၅ မျိုးအား တစ်မျိုးလျှင် အုပ်ရေ ၃၀၀ နှုန်းဖြင့်
စုစုပေါင်းအုပ်ရေ ၇၅၀၀ အုပ်အား ပေးအပ်လှူဒါန်းခဲ့ရာ
ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း ပြန်လည်
ပေးအပ်ခဲ့ကြောင်း သိရ သည်။
အဆိုပါစာအုပ်များကို
အများပြည်သူ လေ့လာဖတ်ရှုနိုင်ရန်နှင့် အသိအမြင် တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်၊ မြို့နယ်နှင့်
မြို့ရုံးများရှိ ပြည်သူ့စာကြည့်တိုက် များအတွက် ပေးအပ်လှူဒါန်းခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment