ရန်ကုန်၊
ဇွန် ၂၉
လူကုန်ကူးခံရသူများ
ယာယီစောင့်ရှောက်ရေးဂေဟာ တည်ဆောက်ရန်အတွက် ပန္နက်တင်
အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊
ရွှေပြည်သာမြို့နယ်၌ ကျင်းပသည်။
အခမ်းအနားတွင်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူကုန်ကူးခံရခြင်းသည်
မြန်မာနိုင်ငံအတွက် ရင်ဆိုင်နေရသော စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း၊ မိမိတို့ဘဝ
လူနေမှုအဆင့် အတန်းမြင့်မားလာရေး၊ စားဝတ်နေမှုပြေလည် လာရေးတို့အတွက် ပြည်သူများအနေဖြင့်
အသိ၊ သတိတို့ဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
လူကုန်ကူးမခံရအောင် မိမိကိုယ် မိမိအသိဖြင့် ကာကွယ်ရန် အရေးကြီးကြောင်း၊
လူကုန်ကူးမှု တားဆီးကာကွယ်ရေးကို ပြည်ထဲရေးဝန်ကြီး ဌာနက ဦးစီးဆောင်ရွက်လျက်ရှိပြီး
လုပ်ငန်းအဖွဲ့ခွဲ(၃)ခုအနက် မိမိတို့ဝန်ကြီးဌာနအနေဖြင့်
လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင့်ဆံ့ရေးနှင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းအဖွဲ့ကို တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း။
လူကုန်ကူးခံရသူများကို
ကယ်ဆယ်ပြီးပါက ယာယီစောင့်ရှောက်ရန် နေရာလိုအပ်ကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင်
လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေးဂေဟာ မန္တလေး၊ မူဆယ်၊ ကော့သောင်းနှင့်
မြဝတီတို့တွင့်(၄) ခုရှိပြီး ယခု ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် တည်ဆောက်မည့်
ဂေဟာသည်(၅)ခုမြောက် ဂေဟာဖြစ်ပါကြောင်း၊ ဤဂေဟာ တည်ဆောက်
ခြင်းသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည်ကို သိရှိစေလိုကြောင်း၊
လူကုန်ကူးခံရသူများတွင် အမျိုးသမီးများ သာမက
အမျိုးသားများလည်း ပါဝင်ကြောင်း၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများမှ မြန်မာရေလုပ်သားများ
လူကုန်ကူးခံရသူများကို လေကြောင်းဖြင့်
ပြန်လည်လက်ခံရခြင်းများ လည်းရှိကြောင်း၊ ယာယီစောင့်ရှောက်ရန် ရန်ကုန်တိုင်း
ဒေသကြီးတွင် နေရာလိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး
အစိုးရ၏ ပူပေါင်းကူညီမှုဖြင့် အစိုးရ၏ စီမံခန့်ခွဲ သည့်
မြေနေရာတွင် လူကုန်ကူးခံရသူများ ယာယီစောင့်ရှောက်ရေး ဂေဟာကို ဖွင့်လှစ်နိုင်ခြင်း
ဖြစ်ပါကြောင်း၊ ရွှေပြည်သာမြို့နယ်တွင် ဤဂေဟာ ဆောက်လုပ်ထားခြင်းကို
မြို့နယ်နေ ပြည်သူလူထုက ပူးပေါင်းကူညီပေးရန်
မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။
ထို့နောက်
လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဆောက်လုပ်ရေး
လုပ်ငန်များ လုပ်ဆောင်ရာတွင် အရည်အသွေးကို အဓိကထားဆောင်ရွက် စေလိုကြောင်း၊
တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆောက်အဦ ရေရှည်တည်တံ့ရေး
ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက်
တာဝန်ရှိသူများက သက်ဆိုင်ရာနေရာများ၌ ပန္နက်တင်ပေးကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊
လူမှုဝန်ထမ်း ဦးစီမှုးရုံး၌ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာနတို့တွင်
တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍
လိုအပ်သည်များကို မှာကြား သည်။
(သတင်းစဉ်)

No comments:
Post a Comment