Friday, June 28, 2019

သတင်းသမားများအတွက် ကျင့်ဝတ်နှင့်ဥပဒေသင်တန်းဖွင့်


ရန်ကုန် ဇွန် ၂၇
ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း အသင်းဝင်သတင်းထောက်များ သတင်းရယူ စုဆောင်းရာတွင် လိုက်နာရမည့် သတင်းသမားကျင့်ဝတ်နှင့် သိသင့်သိထိုက်သော တည်ဆဲဥပဒေများ ထဲထဲဝင်ဝင် သိရှိလိုက်နာနိုင်ကြစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ရန်ကုန်တိုင်း ဒေသကြီး)က သတင်းစာပညာသင်တန်းအမှတ်စဉ် (၁/၂၀၁၉)ကို ယနေ့ နံနက် ၉ နာရီက ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း (ဗဟို)မှ အထွေထွေအတွင်းရေးမှူး ဦးသာဇော်နှင့် ရန်ကုန်တိုင်းဒေသကြီး သတင်းစာ ဆရာအသင်း ဂုဏ်ထူးဆောင်နာယက ဒါရိုက်တာ မောင်ယဉ်ကျော်တို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ထို့နောက် သင်တန်းဖြစ်မြောက်ရေးအတွက် အလှူငွေကျပ် ၅၆၀၀၀၀ ကို ဗဟန်းမြို့နယ် သတင်းစာ ဆရာအသင်းမှ ဥက္ကဋ္ဌ ဦးစိုးသန်းထွန်း (ပွင့်သစ်စမ်း) က ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာ အသင်း ဂုဏ်ထူးဆောင်နာယက ဦးယဉ်ကျော်နှင့် ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့က လက်ခံရယူပြီး အသင်းဥက္ကဋ္ဌက ကျေးဇူးတင် စကားပြောကြား သည်။
သင်တန်းတွင် ဒါရိုက်တာ မောင်ယဉ်ကျော်၊ ရန်ကုန်တိုင်း ဒေသကြီး သတင်းစာဆရာ အသင်းရုံးအဖွဲ့မှူး ဦးအောင်မော်၊ တရားလွှတ်တော် ရှေ့နေ ဦးမောင်မောင်ဝင်း၊ ကြေးမုံသတင်းစာ အယ်ဒီတာချုပ် (ငြိမ်း) ဦးခင်မောင်ကျော်ဒင်၊ မြန်မာတိုင်း(မ်)နေ့စဉ် သတင်းစာ အယ်ဒီတာချုပ် ဦးရဲမြင့်ဖေ၊ စသုံးလုံး ညွှန်ကြား ရေးမှူး(ငြိမ်း) ဦးသန်းဝင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး သတင်းစာဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်တင်တို့က ဟောပြော ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းသို့ သန်လျင်၊ ကျောက်တန်း၊ဒလ၊ တွံတေး၊ ဗဟန်း၊ မင်္ဂလာဒုံ၊ ဒဂုံ(တောင်) မြို့နယ်တို့မှ သင်တန်းသား သင်တန်းသူ ၃၆ ဦး တက်ရောက်ခဲ့ ကြကြောင်းသိရသည်။
တင်ဝင်းတင်

No comments:

Post a Comment