နေပြည်တော် ဇွန် ၂၇
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည်
မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ
ချန်းဟိုင်အား ယနေ့ နံနက် ၁၁ နာရီက နေပြည်တော်ရှိ
ဆောက်လုပ်ရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မ္တလေး - ထီးချိုင့် - မူဆယ်လမ်း၊ နေပြည်တော်-ကျောက်ဖြူလမ်းဖောက်လုပ်ရေးကိစ္စ၊ ကွမ်းလုံတံတားသစ် တည်ဆောက်ရေးကိစ္စ၊ ကျေးလက်လမ်း တံတား ဖွံ့ဖြိုးရေးကိစ္စ၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအား တရုတ်ဘာသာစကား သင်တန်း ပို့ချရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment