Wednesday, June 5, 2019

မြေပုံမြို့နယ် ရန်ကုန်-စစ်တွေသွားကားလမ်း၌ AA အဖွဲ့ထောင်ထား သည့် မိုင်းခုနစ်လုံး ပေါက်ကွဲမှုဖြစ်ပွား


နေပြည်တော် ဇွန် ၎
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရန်ကုန်-စစ်တွေသွားကားလမ်း မိုင်တိုင်အမှတ် (၆၉/၄) ကျားခြံတောင်တံတားအနီးနှင့် မိုင်တိုင် အမှတ်(၆၂/၃)နှင့် (၆၂/၄) တို့အကြား ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်း က AA အဖွဲ့ ထောင်ထားသည့် မိုင်းခုနစ်လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့် ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး ကျန်ထိခိုက်မှု မရှိကြောင်း သိရသည်။

မြေပုံမြို့နယ် ဂြန့်ဟင်းခါးရွာနှင့် ကိုင်းကြီးရွာအကြား ရန်ကုန်-စစ်တွေ သွားကားလမ်း မိုင်တိုင်အမှတ် (၆၉/၄) ကျားခြံတောင်တံတားအနီး၌ ယနေ့ နံနက် ၈ နာရီခန့်က ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ထောင် ထားသည့် မိုင်းနှစ်လုံး ပေါက်ကွဲခဲ့ရာ တံတားနှင့် ကားလမ်း အနည်းငယ်ပျက်စီးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း။
အလားတူ မွန်းတည့် ၁၂ နာရီခန့်တွင် မြေပုံမြို့နယ် မီးကျောင်းတက် ကျေးရွာနှင့် တောင်ချေကျေးရွာအကြား ရန်ကုန်-စစ်တွေသွား ကားလမ်း မိုင်တိုင် အမှတ်(၆၂/၃)နှင့် (၆၂/၄)ကြား၌ ကားလမ်း၏ ဝဲ/ယာတွင် AA အဖွဲ့ ထောင်ထား သည့် မိုင်းငါးလုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး တစ်စုံတစ်ရာ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် အများပြည်သူ အသုံးပြုနေသော အဓိက ဆက်သွယ်သည့် လမ်းမကြီးပေါ်တွင် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခြင်းသည် အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန်နှင့် ဒုက္ခရောက်စေရန် အဖျက် အမှောင့်လုပ်ငန်းများ ကျူးလွန်လျက်ရှိမှုအပေါ် ဥပဒေနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment