နေပြည်တော် မေ ၃
ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာန၊ Under Secretary of State for Political Affairs ,
Ambassador Mr. David Hale အား ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး
ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ရခိုင်ဒေသအရေး
ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment