Friday, May 3, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာတိုရှီအိုနီရှိမူရအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ မေ ၃
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာတိုရှီအိုနီရှိမူရအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား အသေးစိတ် ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment