Friday, May 3, 2019

e-Government အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း စည်းဝေး


 နေပြည်တော် မေ ၂ 

e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနရုံး အမှတ် (၂)တွင် ပြုလုပ်ရာ e-Government အကောင် အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့ တက်ရောက် အမှာစကား ပြောကြားသည်။


e-Government အကောင် အထည်ဖော်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ က အဖွင့်အမှာစကားပြောကြားရာတွင် e-Government စနစ် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်သွားနိုင် ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်စွဲပါ အမိန့်ကြော် ငြာစာ အမှတ် ၁၄/၂၀၁၈ ဖြင့်'' e-Government ဦးဆောင် ကော်မတီ" ကို လုပ်ငန်းတာဝန် (၅) ရပ် ချမှတ်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတတို့မှ ဦးဆောင်၍ ၄၆ ဦးဖြင့်လည်းကောင်း၊ ''e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ '' ကို လုပ်ငန်းတာဝန် (၅) ရပ် ချမှတ်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဦးဆောင်၍ ၄၅ ဦးဖြင့်လည်း ကောင်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း၊ e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ သည် ဦးဆောင် ကော်မတီက ချမှတ်လိုက်သည့် မူဝါဒ၊ လမ်းညွှန်ချက်များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းခြင်းများ၊ ကွပ်ကဲ ကြပ်မတ်ခြင်းများကို အဓိကထား လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန် ၁၂ ရက်တွင် e-Government အကောင်အထည် ဖော်ရေးလုပ်ငန်း ကော်မတီအနေဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် ထိထိ ရောက်ရောက် သွက်လက်စွာဖြင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆပ်ကော်မတီ ရှစ်ခုကို ဖွဲ့စည်းထားခဲ့ပြီးဖြစ်ပါကြောင်း။

e-Government အကောင် အထည်ဖော်ရာ၌ ထည့်သွင်းစဉ်းစား ရမည့် အချက် (၃) ချက်ရှိပါကြောင်း၊ ယင်းတို့မှာ People, Process, Technology တို့ဖြစ်ပါကြောင်း၊ ပထမအချက် အနေဖြင့် ဝန်ဆောင်မှု ပေးရမည့် ဝန်ထမ်း များ၊ မူဝါဒချမှတ်ပေးရမည့်ခေါင်းဆောင်ပိုင်း၊ စီမံခန့်ခွဲရမည့် ဌာနအကြီးအကဲများ၊ ဝန်ဆောင်မှုကို ရယူသုံးစွဲမည့် ပြည်သူ များပါဝင်သည့် People ဖြစ်ပါကြောင်း၊ e-Government အောင် မြင်ရန် အတွက် ၎င်းအချက်မှာ (၄၀) ရာခိုင်နှုန်း ပါဝင်သည်ဟု ပညာရှင်များက သတ်မှတ် ထားကြပါ ကြောင်း၊ သက်ဆိုင်ရာအစိုးရ ဌာနများ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်သကဲ့သို့ ခေါင်းဆောင် ပိုင်း ဖြစ်သည့် ဌာနအကြီးအကဲများ၏ ဆောင်ရွက်လိုစိတ်ကလည်း အရေးကြီး ပါကြောင်း၊ ဒုတိယ အချက်အနေဖြင့် လုပ်ငန်းစဉ်တွင် သမားရိုးကျလုပ်ထုံး လုပ်နည်းများကိုဆန်းစစ်ပြီး ဖြေလျှော့သင့် သည်တို့ကို ဖြေလျှော့ခြင်း၊ ပြုပြင် ပြောင်းလဲခြင်းများကို ဆောင်ရွက်ရန် ဖြစ်သည့် Process ဖြစ်ပြီး e-Government အောင်မြင်ရန်အတွက် ယင်း အချက်မှာ (၄၀) ရာခိုင်နှုန်းခန့် အရေးပါ ကြောင်းကိုလည်း ပညာရှင်များက သတ်မှတ်ထားကြပါကြောင်း၊ တတိယ အချက်ဖြစ်သော နည်းပညာအနေနှင့် e-Government အောင်မြင်ပြီး နိုင်ငံတကာ၏ အတွေ့အကြုံကောင်း များကို လေ့လာပြီး အစိုးရ၏ လုပ်ငန်းစဉ် များမှ မည်သည့်လုပ်ငန်းစဉ်များအတွက် မည်သို့သော ခေတ်မီနည်းပညာများကို အဆင်သင့်ရယူအသုံးချသွားနိုင်ရန်ဖြစ်သည့် Technology ဖြစ်ပြီး (၂၀) ရာခိုင်နှုန်းသာပါဝင်သည်ဟု သတ်မှတ် ထားကြတာကို တွေ့ရပါကြောင်း၊ e-Government အောင်မြင်ရန် နည်းပညာ အတားအဆီးမဟုတ်ဘဲ တာဝန်ခံမှုရှိသည့် ခေါင်းဆောင်မှု၊ ဝန်ဆောင်မှုပေးလိုစိတ်၊ တာဝန်ယူလို စိတ်ရှိသည့် ဝန်ထမ်းများနှင့် သုံးစွဲလိုစိတ် ရှိသော ပြည်သူများမှာ အဓိကဖြစ် ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ ဆောင်ရွက်လိုစိတ်နှင့် ပူးပေါင်းဆောင် ရွက်ခြင်းသည် ပို၍အရေးကြီးကြောင်း။

ထို့ပြင် မြန်မာနိုင်ငံတွင် အစိုးရ ဌာနများ အပါအဝင် ကွန်ပျူတာသုံးစွဲ သူများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ တရားဝင် လိုင်စင်မရှိသေးသည့်Software များ၊ Windows Operating System နှင့်Office Application များကို အသုံးပြုနေကြသည်ကို တွေ့ရသည့် အတွက် Cyber Security နှင့် ပတ်သက်၍ အစိုးရဌာနများ၏ သတင်း အချက်အလက်များ လုံခြုံမှုရှိစေရေး တရားဝင် Licenseများရယူ၍ အသုံးပြု သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ကျင်းပသည့် အစည်း အဝေးတွင် သက်ဆိုင်ရာ ဆပ်ကော်မတီ၊ ဌာနများမှ ဝယ်ယူဖြန့်ဖြူးပေးမည့် အစီအမံများကို တင်ပြပြီး အမြန်ဆုံး အကောင် အထည်ဖော်ဆောင်ရွက်သွား ရန် တိုက်တွန်းလိုပါကြောင်း၊ ဌာန အသီးသီးတွင်လည်း e-Government ကို အကောင်အထည်ဖော်ဆောင်သွား ရန်အတွက် HR အခက်အခဲနှင့် တိုက်တွန်းအားပေးမှုများ လိုအပ်နေ သေးသည်ကို သိရှိရပါကြောင်းနှင့် ဖြေရှင်းနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်သွား ရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင် မောင်က Single Window ဖြစ်သည့်Myanmar National Portal ကို လွှင့်တင်ထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် မြန်မာနိုင်ငံရှိ အစိုးရအဖွဲ့အစည်း အသီးသီး၏ ဝန်ဆောင်မှုများ၊ online service များ၊ သတင်းအချက်အလက်များကို ရိုးရှင်း လွယ်ကူစွာ ရယူအသုံးပြုနိုင်ပြီဖြစ်ပါ ကြောင်း၊ Tender, News, Jobs & Vacancies, Services နှင့် အစိုးရ၏ သတင်းအချက်အလက် များအား ပိုမိုအသုံးပြုမှုများပြားသည်ကို တွေ့ရှိရပါကြောင်း၊ ပြည်သူလူထုကပိုပြီးကျယ်ကျယ် ပြန့်ပြန့် သိရှိပြီး အသုံးပြုလာနိုင်အောင် လိုအပ်သည့် Digital Marketing လုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အစိုးရ ဌာနများ၏ Serverများကို Co-location ထားရှိနိုင်ရန်အတွက် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နေပြည်တော်တွင် Data Center တစ်ခုအား တည် ဆောက်ထားပေးပြီး ဖြစ်ပါကြောင်း၊ ယခု Data Center မှာ Facility များအဖြစ် Backup Power System, Precision Cooling System, CCTV NVR System, Fire Fighting System, Network Monitoring System, Firewall Security Serviceများကို 24/7 Service ဆောင်ရွက်ပေးထားသည့် အပြင် အစိုးရဌာနများ၏ e-Government လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ရည်ရွယ်ပြီး ဈေးနှုန်းသက် သာစွာ အသုံးပြုနိုင်ရန် စီစဉ်ပေးထားသည့်အတွက် အစိုးရဌာနများအနေဖြင့် ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီး ဌာန၏ လက်ရှိ Data Center ဝန်ဆောင်မှုများကို ရယူအသုံးပြုသွား ကြရန် လိုအပ် ကြောင်း။

ထို့အပြင် e-Government လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန် e-Government Integrated Data Center (eGIDC) စီမံကိန်းကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင် ရွက်ရေး ရန်ပုံငွေ (EDCF) ချေးငွေနှင့် တည်ဆောက်သွားနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင်Korea EXIM Bank Mission အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်၍ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ Loan Agreement ရေးထိုးနိုင်ရေး ကိစ္စများနှင့် eGIDC စီမံကိန်းအတွက် ဆောင်ရွက်ရမည့် Advanced Action Plan များ စတင်ဆောင်ရွက်ရန်ကိစ္စများကို ညှိနှိုင်း သဘောတူခဲ့ပြီးဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံတွင် Online နှင့် IT ဝန်ဆောင်မှု များ ရေရှည်ဖော်ဆောင်ရွက်သွားနိုင်ရန် Cyber Law နှင့် Policy များကို လိုအပ်လျက်ရှိပါကြောင်း၊ သို့ပါ၍ Cyber Law(မူကြမ်း)ကို ပြုစုလျက် ရှိရာ အဆိုပါ Cyber Law (မူကြမ်း)တွင် Cyber Security, e-Government, e-Commerce နယ်ပယ်တို့နှင့် သက်ဆိုင်သောဥပဒေ၊ မူဝါဒများ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ပါသော ကြောင့် ကောင်းမွန်ပြည့်စုံ၍ မြန်မာ နိုင်ငံနှင့် သင့်လျော်ကိုက်ညီမှုရှိစေမည့် Cyber Law တစ်ခု ဖြစ်ပေါ်လာစေရေး သက်ဆိုင်သည့် ဌာန၊ အဖွဲ့အစည်းများက တက်တက်ကြွကြွ ဝိုင်းဝန်းပူးပေါင်းအကြံ ပြုပေးပါရန် တိုက်တွန်းပြောကြား သည်။

အဆိုပါအစည်းအဝေးသို့ e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် e-Government အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး e-Government အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊Microsoft Windows Operating System နှင့် Office Application System တို့ကို အစိုးရဌာနများက လိုင်စင်ဖြင့် အသုံးပြုရေး၊ e-Government Secure e-Mail System နှင့် PKI (Public Key Infrastructure) အကောင်အထည်ဖော် ဆောင်ရွက်သွား မည့် အစီအစဉ်များ၊ ကွန်ပျူတာသုံး မြန်မာစာစနစ်တွင် Non-Unicode စနစ်များမှ မြန်မာUnicode စနစ်သို့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် နောက်ဆုံးထား၍ ပြောင်းလဲသုံးစွဲနိုင် စေရေး Migration ပြုလုပ်နိုင်ရန် အတွက်awareness ဆောင်ရွက်မည့် အစီ အစဉ်များ၊ Data Policy and Data Classification ဆိုင်ရာမူဝါဒကို နှစ်လအတွင်း အကောင် အထည်ဖော် ဆောင်ရွက်သွားမည့် အစီအမံများ၊ SIM Registration နှင့်ပတ်သက်၍ Common Database ပြုလုပ် ဆောင်ရွက်မည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးဆုံးဖြတ် ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment