Monday, May 6, 2019

ဓမ္မစာဂီအုတ်တွင်းကျောင်းတိုက်တွင် သွားဘက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ အခမဲ့စမ်းသပ် ကုသပေးမည်


ကျောင်းကုန်း မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့် ကုန်းအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာ ဓမ္မစာဂီ အုတ်တွင်း ကျောင်း တိုက်၊ ဓမ္မစာဂီ ဓမ္မစကူးလ်ကျောင်းတော်မှကြီးမှူး၍ ရန်ကုန် တိုင်းဒေသကြီး သွားဘက်ဆိုင်ရာ ပါရဂူ ဒေါက်တာ သိန်းထွန်းဦး နှင့် အထူးကုဆရာဝန်ကြီးများက မေ ၇ ရက် နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအချိန်ထိ အခမဲ့ စမ်းသပ်ကုသပေးမည်ဖြစ်ရာ ကျောင်းကုန်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဓမ္မစာဂီ အုတ်တွင်းကျောင်း တိုက်သို့ ကြိုတင်စာရင်းပေးသွင်းကြပါရန် အကျိုးတော်ဆောင် အဖွဲ့က နှိုးဆော်ထားကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

No comments:

Post a Comment