အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းသတင်း
အမှတ်စဉ်(၃၁/၂၀၁၉)
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ(၂၀၁၉
ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန် (၂၃:၀၀)နာရီ အချိန် ထုတ်ပြန်ချက်)
(က)
ယနေ့မြန်မာစံတော်ချိန် (၂၂:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်
အနောက်အလယ်ပိုင်း တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း
မုန်တိုင်း(Extremely Severe Cyclonic Storm) "ဖန်နီ"(FANI)သည် မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊
ပူရီမြို့(Puri)၏ တောင်-အနောက်တောင် ဘက် မိုင်(၃၁၀)ခန့်၊ ဗီဇာကာပတ္တနမ်မြို့(Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် (၁၇၅)မိုင်ခန့်အကွာ
ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်း သော
ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့
ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
(ခ)
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့်
အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။
▲အလွန့်အလွန်အားကောင်းသော
ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း ▲
(က)
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ" (FANI)သည် မြန်မာစံတော်ချိန် (၂၂:၃၀)နာရီ အချိန်တွင်
မြောက်လတ္တီကျု(၁၄.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၄.၁)ဒီဂရီတွင် ရှိပြီး၊
ဗဟိုချက်လေဖိအား (၉၅၈)ဟက်တို ပါစကယ်နှင့်
အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၁၅)မိုင်နှုန်း
ဖြစ်ပါသည်။
▲နောက်(၇၂)နာရီအတွင်းခန့်မှန်းချက် ▲
(က)
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"(FANI)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၇၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊
ဩရိဿ ကမ်းခြေကို ဂိုလ်ပါပူရ်မြို့(Gopalpur)နှင့် ချန်ဘာလီမြို့(Chandbali)အကြားမှ ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်း ရပါသည်။
▲သတိပေးနှိုးဆော်ချက်▲
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း
"ဖန်နီ" (FANI)၏အရှိန်ကြောင့် ယနေ့ညမှ နောက် (၇၂)နာရီအတွင်း
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊
ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊
ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ
နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး
တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ
နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍
မိုးကြီးနိုင်ပါသည်။
(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊
လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင်
မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ
(၁၃)ပေခန့် ရှိနိုင်ပါသည်။
▲အကြံပြုချက် ▲
(က)
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "ဖန်နီ"
(FANI)၏အရှိန် ကြောင့် ပြည်တွင်းလေ ကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊
သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။
(MOI)


No comments:
Post a Comment