နေပြည်တော် မေ ၉
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းသည် ယနေ့
နံနက် ၁၀ နာရီက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ
သံအမတ်ကြီး H. E. Daniel Patrick Brendon Chugg နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံအကြား
စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နံနက် ၁၁ နာရီတွင် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန် အား လက်ခံတွေ့ဆုံ၍ တရုတ်-မြန်မာ
စီးပွားရေးစင်္ကြံဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို
ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment