ရန်ကုန်
မေ ၂
ကုလသမဂ္ဂယူနက်စကိုအဖွဲ့အစည်းက
ကြီးမှူးကျင်းပသည့် မေ ၃ ရက်တွင် ကျရောက်မည့်
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် နေ့- ၂၀၁၉ (World
Press Freedom Day-2019) အထိမ်းအမှတ်အခမ်းအနားကို
ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင်
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဗွီိဒီယိုဖိုင်အားပြသပြီး
ယူနက်စကိုမြန်မာ၏ အကြီးအကဲ မစ္စမင်ဂျောင် ကင် က အဖွင့်အမှာစကားပြောကြား သည်။
ယင်းနောက်
မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး Mr.
Wouter Jurgens က
မြန်မာ နိုင်ငံ၏ သတင်း လွတ်လပ်ခွင့်နှင့်စပ်လျဉ်း၍
ရှင်းလင်းပြောကြားပြီး ယူနက်စကို မြန်မာ၏အကြီးအကဲ
မစ္စမင်ဂျောင်ကင် က စာနယ်ဇင်း လွတ်လပ်ခွင့်ဆုရရှိ ကြသူများနှင့် ပတ်သက်၍အမှတ်တရစကား ပြော
ကြားသည်။
ထို့နောက်
ရွေးကောက်ပွဲကာလအတွင်း မီဒီယာ၏အခန်းကဏ္ဍ၊ သတင်းအမှားများနှင့် လုပ်ကြံသတင်း များ၏ ရိုက်ခတ်မှုကို
လျော့ပါးသက်သာအောင် အရပ်ဖက်အဖွဲ့ အစည်းများ၊ အစိုးရနှင့် အခြားသက်ဆိုင်သည့်
အဖွဲ့အစည်းများအနေဖြင့် လုပ်ဆောင် နိုင်မည့်နည်းလမ်း၊
နည်းဗျူဟာများ ဆက်နွယ်သည့် စကားဝိုင်းဆွေးနွေးပွဲကို ပြုလုပ် သည်။
စကားဝိုင်းဆွေးနွေးပွဲကို
အင်တာနယူးစ်မှ Senior Media Trainer ဒေါ်တင်ဇာအောင်က moderator အဖြစ်ဦးဆောင်၍ မြန်မာနိုင်ငံသတင်းမီဒီယာ
ကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်း၊ မြန်မာတိုင်မ်း
အင်္ဂလိပ်သတင်းစာမှ အကြီးတန်း သတင်းထောက် နော်ဘက်တီဟန်၊ Myanmar Institute for
Democracy မှ
Executive Director ဦးရဲထွဋ်၊
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်
ဒေါ်သီတာတင်၊ MAFINDO မှ
Secretary
of Presidium မှ Mr.Valentina
Wijiyati ၊ Myanmar
Tech Accountability Network မှ
Research
Advisor ဦးမြတ်သူတို့က
ပါဝင်ဆွေးနွေး ကြပြီးတက်ရောက်လာသူများ၏
သိရှိလိုသည့်မေးခွန်းများကို ကဏ္ဍ အလိုက် ပြန်လည် ဖြေကြားကြသည်။
စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်ပတ်သက်၍
မြန်မာတိုင်မ်းအင်္ဂလိပ်သတင်းစာမှ အကြီးတန်းသတင်းထောက် နော်ဘတ် တီဟန်က“သတင်းထောက်တစ်ယောက် အနေနဲ့
ရွေးကောက်ပွဲကာလမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြုံခဲ့ရတဲ့
အတွေ့ အကြုံတွေကိုဆွေးနွေးမယ်။
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကြုံရမယ့် အခက်အခဲတွေအပေါ်မူတည်ပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့
အကြောင်းအရာတွေကို အဓိက ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို
မြန်မာနိုင်ငံတွင် ကျင်းပလာသည်မှာ (၇)ကြိမ်မြောက်ဖြစ်ပြီး ယခု ရက်သတ္တပတ် အတွင်း
ကမ္ဘ့ာနိုင်ငံပေါင်းတစ်ရာကျော်တွင်
စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလျက်ရှိ သည်။
ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင်
သို့မဟုတ် တက်ကြွလှုပ်ရှားမှုများ၊
စာနယ်ဇင်းလွပ်လပ်ခွင့်၊ သတင်းလွပ်လပ်ခွင့် အတွက်
ရပ်တည်လုပ်ဆောင်သူများကို ဂုဏ်ပြုသည့်နေ့ဖြစ်သည်။
မေလ
၃ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့- ၂၀၁၉ ၏ဆောင်ပုဒ်မှာ “ဒီမိုက ရေစီ အတွက် မီဒီယာ - လုပ်ကြံသတင်းခေတ်အတွင်းမှ
သတင်းအတတ်ပညာနှင့် ရွေးကောက်ပွဲများ”
ဟူ၍ ဖြစ်သည်။
သတင်း
-၀င်းမီမီ
ဓာတ်ပုံ-ရဲထွဋ်

No comments:
Post a Comment