Monday, May 6, 2019

ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူး မြန်မာနိုင်ငံသို့ရောက်ရှိ




ရန်ကုန် မေ ၅

ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းရေးမှူး Mr. Richard Maude ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မေ ၇ ရက်တွင် နေပြည်တော်၌ကျင်းပမည့် တတိယအကြိမ်မြောက် မြန်မာ-ဩစတြေးလျနှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ရန် ယနေ့နံနက် ၁၀ နာရီ ၂၅ မိနစ်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာသည်။


ဩစတြေးလျနိုင်ငံ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး Ms. Andrea MARIE Faulkner တို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။

(သတင်းစဉ်)

No comments:

Post a Comment