Wednesday, May 1, 2019

(၃)ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်ပွဲပြည်ထောင်စု ၀န်ကြီး ဦးစိုးဝင်း တက်ရောက်




နေပြည်တော် မေ ၁

(၃)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီဖွင့်ပွဲကို  ယနေ့နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ ထီဖွင့်ပွဲခန်းမ၌ကျင်းပရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း တက်ရောက်အားပေးသည်။


ထီဖွင့်ပွဲမစတင်မီ အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူများက အောင်ဘာလေထီလက်မှတ်များ ရောင်းချရမှုအခြေအနေနှင့် ထီဆုမဲများ ခွဲဝေချီးမြှင့်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ထီဖွင့်ပွဲတွင် အသုံးပြုမည့် စည်များ၊ အက္ခရာများနှင့် ဂဏန်းများကို တာဝန်ရှိသူများက စစ်ဆေး၍ ထီဖွင့်ပွဲကို စတင်ကျင်းပသည်။

ယနေ့ကျင်းပသည့် (၃)ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီဖွင့်ပွဲတွင် ငွေကျပ်သိန်း ၁၅၀၀၀ ဆု အပါအ၀င် ဆုမဲစုစုပေါင်း ၂၁၉၇၅၅ ဆုဖြစ်ပြီး ငွေကျပ်သန်း ပေါင်း ၁၆၅၉၅၅၀၀  ကို ဖွင့်လှစ်ပေးခဲ့သည်။
(သတင်းစဉ်)


No comments:

Post a Comment