နေပြည်တော်
မေ ၉
ဒုတိယအကြိမ်
ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀နာရီတွင်
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်း အဝေးခန်းမ ၌ကျင်းပသည်။
အစည်းအဝေးတွင်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွန်ပြည်နယ် အစိုးရအဖွဲ့တွင် လျှပ်စစ်၊ စွမ်းအင်နှင့်
စက်မှုဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးလှထွန်း အား ခန့်အပ်တာဝန်ပေးခြင်းကို တင်ပြ၍ လွှတ်တော်က
မှတ်တမ်းတင်ကြောင်း ကြေညာ သည်။
ထို့နောက်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ ရုံးသုံးမော်တော်ယာဉ်
(၅)စီး တင်သွင်းရာတွင် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရရှိရေးကိစ္စနှင့်
စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းတို့က
ပြန်လည်ရှင်းလင်းဆွေးနွေး ကြသည်။
ပြည်ထောင်စုဝန်ကြီး
ဒေါက်တာဝင်းမြတ်အေး က ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ICRC ရုံးချုပ်မှ မြန်မာနိုင်ငံရှိ
ICRC ရုံးချုပ်သို့ လှူဒါန်းမည့် ရုံးသုံး မော်တော်ယာဉ် (၅)စီးတင်သွင်းရာတွင် အခွန်အကောက်၊
ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရရှိရေး တင်ပြခြင်း ကိစ္စရပ်သည်
ကြက်ခြေနီ လှုပ်ရှားမှု အနေဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီ
ပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်အတွက် အထူးကိစ္စတစ်ရပ်
အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် ပထမဦးဆုံးအကြိမ် တင်ပြရ ခြင်းဖြစ်ပါကြောင်း။
ICRC အဖွဲ့သည်
ရခိုင်ပြည် နယ်တွင် ပဋိပက္ခကြောင့် အကူအညီ လိုအပ်နေသည့် နေရာများနှင့် ရခိုင်ပြည်နယ်ရှိ
တိုက်ပွဲရှောင်ပြည်သူများအား လူသား ချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများကို
မျှတစွာ ပေးအပ်နေသည့် အဖွဲ့အစည်းဖြစ်သည့်အပြင် ရခိုင်ြ့ပည်နယ် အတွင်း ပဋိပက္ခကြောင့်
ထိခိုက်ခံစားနေ ရသော ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်ခြင်းလုပ်ငန်းများ၊ သောက်သုံး
ရေရရှိရန် ဆောင်ရွက်ခြင်းလုပ်ငန်းများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုအဆင် ပြေစွာ
ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူး များရရှိနိုင်မည် ဖြစ်သည့်အတွက် ဆွစ်ဇာလန် နိုင်ငံ၊
ဂျီနီဗာမြို့ရှိ ICRC ရုံးချုပ်မှ မြန်မာ နိုင်ငံရှိ ICRC ရုံးသို့ လှူဒါန်းမည့် ရုံးသုံးမော်တော်ယာဉ်
(၅)စီးအတွက် အကောက်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်ကင်းလွတ်ခွင့်ရရှိရေးအတွက်
ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဒုတိယ၀န်ကြီး
ဦးမောင်မောင်ဝင်း က ICRC အနေဖြင့် အဆိုပါ မော်တော်ယာဉ် များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု
ဦးစီးဌာနတွင် အဖွဲ့အစည်း၏ ရုံးသုံးယာဉ် အဖြစ် မှတ်ပုံတင်၍ သုံးစွဲရမည် ဖြစ်ပါကြောင်း၊
ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ICRC ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအရ
အခွန်ကင်း လွတ်ခွင့် ပြုသင့်ကြောင်း သုံးသပ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍
သဘောတူညီချက် ရယူဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စု လွှတ်တော်၏
သဘောတူညီချက် ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းဆွေးနွေး သည်။
ယင်းနောက်
ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍
လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၆၄မဲ၊ ကန့်ကွက်မဲ ၁၆၉မဲ၊ ကြားနေမဲ ၂မဲဖြစ်၍ ထောက်ခံမဲများသဖြင့်
လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဒေသတွင်း အခြေခံ အဆောက်အအုံ မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရန်အတွက်
ဂျပန်နိုင်ငံ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ဂျပန်ယန်း ၃၈ ဒသမ
၆၄၂ ဘီလီယံ ချေးငွေ ရယူရေးနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း ၀င်များက
ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ဂျပန်နိုင်ငံမှ ချေးငွေဂျပန်ယန်း
၃၈ ဒသမ ၆၄၂ ဘီလီယံချေးယူရရှိရေးနှင့်စပ်လျဉ်းပြီး မိမိတို့ဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ
အကောင် အထည်ဖော်ဆောင်ရွက်မည့် မြို့ရေပေးရေးလုပ်ငန်းများအပေါ် လွှတ်တော်ကိုယ်စား လှယ်များက
သုံးသပ်ဆွေးနွေးခဲ့ကြပါကြောင်း၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်းပြီး စိုက်ပျိုးရေး၊
မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန မှ ပြန်လည်ရှင်းလင်းဆွေးနွေးရမည် ဆိုပါက စီမံကိန်း
အပိုင်း(၁)ကို ဂျပန်ယန်း ၂၆၂၄ သန်းဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ခုရှိ မြို့ပေါင်း
၂၃ မြို့တွင် မြို့ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်း အပိုင်း(၂)
အနေဖြင့် ၂၀၁၇-၂၀၁၈မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ တိုင်းဒေသကြီး/ ပြည်နယ် ၁၀ခု ရှိမြို့ပေါင်း
၂၂ မြို့တွင် ဂျပန်ယန်း ၆၀၀၄ သန်းဖြင့် မြို့ရေပေးရေုးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
ယခုစီမံကိန်းအပိုင်း(၃) ၏ မြို့ ၁၀ မြို့အနက် ၈ မြို့မှာရေပေးရေးလွှမ်းခြုံမှု ၁၀၀ရာခိုင်နှုန်းရှိစေရန်၊
မြေပြင် အချက်အလက်များ၊ ဇလဘူမိအချက်အလက်များ၊ ရေအရည်အသွေးဆန်းစစ် ခြင်းများ၊ မြေခံနိုင်အားစမ်သပ်ခြင်းများ၊
မြေအောက်ရေရရှိနိုင်မှု တိုင်းတာခြင်းများ စသည့် အကြိုအင်ဂျင်နီယာလုပ်ငန်းများကိုဆက်လက်
ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
သို့ဖြစ်ပါ၍
ဒေသတွင်း အခြေခံအဆောက်အအုံမြှင့်တင်ခြင်း စီမံကိန်းအပိုင်း(၃) အဖြစ် အကောင်အထည်ဖော်
ဆောင်ရွက်မည့် လှိုင်းဘွဲ့၊ ကျုံဒိုး၊ လိပ်သို၊ ကမမောင်း၊ ရေး၊ ဘီးလင်း၊ သံဖြူဇရပ်၊
ရေဖြူ၊ စစ်တွေ၊ ဂွ စသည့် တိုင်းဒေသကြီး/ ပြည်နယ် ၄ ခုရှိ မြို့ပေါင်း ၁၀ မြို့တွင်
မြို့ရေပေးရေး စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်အ တွက် ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှချေးယူမည့် ချေးငွေ ဂျပန်ယန်း ၃၈ ဒသမ ၆၄၂
ဘီလီယံအနက်မှ ဂျပန်ယန်း ၅ ဒသမ ၄၈၃ ဘီလီ ယံ ချေးယူရန်ကိစ္စအပေါ် ပြည်ထောင်စုလွှတ်တော်က
အတည် ပြုခွင့်ပြုပေးနိုင်ရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း က စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည်
ယခုစီမံကိန်းအတွက် နိုင်ငံတော်အစိုးရကိုယ်စား JICA ထံမှ ချေးငွေ အား တာဝန်ခံချေးယူသူ
Borrower အဖြစ်ဆောင်ရွက် ရပြီး ချေးငွေသုံးစွဲမည့် ၀န်ကြီးဌာနများမှ ချေးငွေများ ထုတ်ယူ
သုံးစွဲနိုင်ရန် စီမံ ဆောင်ရွက်ပေးပါကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် ပြည်ထောင်စုလွှတ်တော်၏
အတည် ပြုချက်ရရှိသည့်အခါ ချေးငွေစာချုပ်ချုပ်ဆိုနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ချေးငွေ ထုတ်ယူသုံးစွဲမှုအပေါ်တွင် စောင့်ကြည့်ကြပ်မတ်
ခြင်း၊ ချေးငွေအရင်း၊ အတိုးပေးဆပ် မှုအခြေအနေများကိုလည်း ကြပ်မတ် ဆောင်ရွက် သွားမည်
ဖြစ်ပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ
ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်နှင့်
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင် တို့က ဆက်လက်ရှင်းလင်း
ဆွေးနွေးကြသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ အတည်ပြုရန် စက်ခလုတ်အသုံးပြု၍
လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၄၅၁မဲ၊ ကန့်ကွက်မဲ ၁၃မဲ၊ ကြားနေမဲ ၅မဲ ဖြစ်၍ ထောက်ခံမဲများသဖြင့်
လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Protocol of 1988 relating to the
International Convention for the Safety of Life at Sea,1974 တွင် မြန်မာနိုင်ငံက
ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မဲဆန္ဒနယ်မှ ဦးမြစိန် က ယခုလက်မှတ်ရေးထိုးမည့် ကွန်ဗင်းရှင်းသည် သင်္ဘောသားများ
အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ အရေးကြီး သော ကွန်ဗင်းရှင်း ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်
အကြံပြုလိုသည်မှာ မြန်မာနိုင်ငံအနေ ဖြင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် ကွန်ဗင်းရှင်းများကို
အမြန်ဆုံးပါဝင် လက်မှတ်ရေးထိုးသင့်ပါကြောင်း၊ International Convention for the
Safety of Life at Sea,1974 (SOLAS)ကွနှ်ဗင်းရှင်းနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများ
ပုံမှန်လက်မှတ် ရေးထိုးရန် ကာလကို ၁၉၈၉ ခုနှစ်မှ ၁၉၉၀ခုနှစ်အထိ ခွင့်ပြု ခဲ့ရာ အာဆီယံနှင့်ဒေသ
တွင်းနိုင်ငံအချို့ တို့မှ လက်မှတ်ရေးထိုးပြီးဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်မှတ်ရေးထိုး
ရန် နောက်ကျလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးပါက ၂၀၁၈ ခုနှစ်
မတ်လတွင် စစ်ဆေးမှုခံယူခဲ့သော အပြည်ပြည်ဆိုင်ရာရေကြောင်းအဖွဲ့ချုပ် IMO အဖွဲ့ဝင်နိုင်ငံများ၏
လိုက်နာဆောင်ရွက်မှုကို စစ်ဆေးခြင်းအစီအစဉ်မှ မှတ်ချက် ပြုခဲ့သည့် လိုက်နာရန် ကျန်ရှိသော
IMO ကွန်ဗင်းရှင်းအနက် တစ်ခုကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်ပါကြောင်း၊
ထို့ကြောင့် Protocol of 1988 relating to the International Convention for the
Safety of Life at Sea,1974 တွင်မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စအား ထောက်ခံပါ
ကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်
စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ
ဦးတင်မောင်ဝင်း၊ တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူး ချစ်ညီညီတို့က
ဆက်လက်ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်
စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်မျိုး က
Protocol of 1988 relating to the International Convention for the Safety of
Life at Sea,1974 တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့တွင် မိမိအနေဖြင့်
ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ပဉ္စမနေ့အစည်းအဝေးတွင် လွှတ်တော်ကိုယ်စား
လှယ် (၄) ဦး ပြည့်ပြည့်စုံစုံ သုံးသပ်အကြံပြုထောက်ခံ ဆွေးနွေးတင်ပြသွားကြသည့် အတွက်
ကျေးဇူးတင်ရှိပါကြောင်းနှင့် အကြံပြုချက်များကို ၀န်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ပါဝင်လက် မှတ်ရေးထိုးနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်မှ
သဘောတူပေးနိုင်ပါရန် တင်ပြ အပ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက်
ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ
လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။
ထို့နောက်
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အတွက် စီမံကိန်းလုပ်ငန်းများ
ဆောင်ရွက်ရန် ထိုင်းနိုင်ငံ၊ NEDA ထံမှ ထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းချေးငွေရယူရေးနှင့်စပ်လျဉ်း၍
လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။
ကချင်ပြည်နယ်
မဲဆန္ဒနယ်အမှတ်(၁၁) မှ ဒေါက်တာခွန်ဝင်းသောင်း က နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည်
လျှပ်စစ်လုံလောက်စွာ ရရှိရန် အရေး ကြီးသကဲ့သို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့်လည်း
နိုင်ငံအ၀န်းကြိုးပမ်းနေ ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအတွက်
ချေးငွေကုန် ရကျိုးနပ် အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ယခုချေးငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း
(ထိုင်းဘတ် ၇၂၉ ဒသမ၁၄)သန်းကို ထိုင်းနိုင်ငံမှ ပစ္စည်းများ ၀ယ်ယူခြင်းနှင့် ၀န်ဆောင်
မှုအတွက် အသုံးပြုရမည် ဖြစ်ခြင်းကြောင့် ခန့်မှန်းတွက်ချက်ထားသည့် လိုအပ်သော အဓိက ပစ္စည်းနှင့်
ဆက်စပ်တန်ဖိုးကုန်ကျစရိတ်တို့ကို သေချာစွာ စိစစ်ရန် လိုအပ်ပြီး စစ်မှန်သည့် အရည်အသွေးကောင်းကို
ရွေးချယ်မိရန်အတွက် အလေးထားဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။
ယခုစီမံကိန်းဖော်ဆောင်မည့်
မြို့နယ်များတွင် ရည်ရွယ်ချက် အောင်မြင်စေလိုပါ က မိမိတို့တိုင်းပြည်၏ နိုင်ငံခြားငွေကုန်ကျစေပြီး
ပြည်ပအာမခံချက်နည်းသည့် အပေါစား လျှပ်စစ်မီတာများကို အသုံးမပြုရန် အလွန်အရေးကြီးပါကြောင်း၊
ပြည်တွင်းထုတ် ပစ္စည်းကောင်းသုံး၍ ယခင်ပျောက်ဆုံးယူနစ်သန်းပေါင်း ၄၀၀၀ မှ သန်းပေါင်း
၂၀၀၀ ခန့်ပြန်ရနိုင်ခဲ့ပါက ၀င်ငွေကျပ်ဘီလီယံ ရာချီသည့် ပမာဏကို ပြန်လည်ရရှိမည်ဖြစ်
သည့်အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျှော်အမြင်ရှိစွာ လျှပ်စစ် ဓာတ်အားပိုမိုဖြန့်ဖြူးနိုင်ရန်
လိုအပ်သည့်ငွေကိုလည်း ချေးယူပြီး ထိရောက်သည့် လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းများ ဖြစ်စေရန်
ဆောင်ရွက်စေလိုပါကြောင်း ဆွေးနွေးသည်။
အဆိုပါ
ချေးငွေရယူရေးနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးခင်မျိုးဝင်းနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မဲဆန္ဒနယ်မှ
ဦးအေးနိုင် တို့က ဆွေးနွေး ကြသည်။
ယင်းနောက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်
စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ
ဦးခင်ချိုက အဂတိလိုက်စားမှုသည် အများအားဖြင့် ပြည်သူ နှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့်
ဌာန၊ အဖွဲ့အစည်းများ၊ မြေယာ၊ ဓာတ်ပုံအ ထောက်အထားထုတ်ယူရသည့် နေရာများ၊ စီးပွားရေးလုပ်ငန်းများနှင့်
ပတ်သက် ဆက်စပ်နေသည့် နေရာများ၊ လုပ်ပိုင်ခွင့်အာဏာရှိသည့်နေရာများ၊ ငွေကြေးကိုင်တွယ်
သုံးစွဲမှုများပြားသည့် နေရာများတွင် အများဆုံးဖြစ်သည်ကို တွေ့ရပါကြောင်း၊ အောက် ခြေပြည်သူများနှင့်ပတ်သက်၍
အုပ်ချုပ်ရေးကဏ္ဍတွင် ရပ်ကွက်၊ ကျေးရွာ အဖွဲ့အစည်း များအနေဖြင့် မြေယာများ၊ အိမ်ခြံမြေရောင်းဝယ်မှုများတွင်
တရားမ၀င် ငွေကြေးရ ယူမှုများ၊ အာဏာအလွဲသုံးမှုများ ရှိနေပါကြောင်း။
ပြည်သူအများ
လိုလားနေသည့် အဂတိတရား သိသိ သာသာ လျော့နည်းကျ ဆင်းလာရန်အတွက် လက်ရှိအခြေအနေထက် လွန်စွာ
ကြိုးပမ်းအား ထုတ်ရန် လိုအပ်နေဦးမည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် စီမံချက် သဘောနှင့်
အောက်ခြေ အဆင့်ထိ စုံစမ်းစစ်ဆေးအရေးယူနိုင်မည်ဆိုပါက ပြည်သူ အများ၏ အားကိုးယုံကြည်မှု
ပိုမိုရရှိလာနိုင်မည်ဖြစ်ပြီး ကော်မရှင်၏ အစီရင်ခံစာ အပိုဒ် ၄ တွင် ပါသည့် ရည်ရွယ်
ချက် ၆ ချက်ကို ပြည့်ပြည့်၀၀ အကောင် အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
ထို့အတူ
ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပန်း တောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ
ဦးဉာဏ်ဟိန်း၊ ကရင် ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခေါ်)ဒေါက်တာအားကာမိုး၊
မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ
ဒေါက်တာခွန်ဝင်းသောင်း၊ သံတောင်ကြီးမဲဆန္ဒ နယ်မှ ဦးစောဗစ်တာ ခလိုက်၊ မန္တလေးတိုင်းဒေသကြီး
မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ သန်းဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ
ဦးကျော်သောင်း၊ ဆောမဲ ဆန္ဒနယ်မှ ဦးကျော်တင်၊ စစ်ကိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ
ဦးရဲထွဋ်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်နှင့် ဒက္ခိဏသီရိမဲဆန္ဒနယ်မှ
ဦးသန့်ဇင်ထွန်း တို့က ဆွေးနွေးကြသည်။
ထို့နောက်
ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၁၃
ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊
လူမော်



No comments:
Post a Comment