Tuesday, April 23, 2019

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင် The World Bank Group ၏ Global Director Mr. Alfonso Garcia Mora နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော် ဧပြီ ၂၂
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် The World Bank Group Finance, Competitiveness and Innovation မှ Global Director Mr. Alfonso Garcia Mora နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံဆွေးနွေးစဉ် လက်ရှိ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အဆိုပါ ကဏ္ဍများ၌ ကမ္ဘာ့ဘဏ်အနေဖြင့် နည်းပညာအကူအညီများ ဆက်လက် အကူအညီပေးရေးဆိုင်ရာကိစ္စနှင့် မြန်မာနိုင်ငံ တွင် အားလုံး ပါဝင်နိုင်သော ငွေရေးကြေးရေးကဏ္ဍ တည်ဆောက်ရေး (Financial Inclusion) ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment