Tuesday, April 23, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်များ ထားဝယ်မြို့အတွင်း လှည့်လည်အပူဇော်ခံ


ထားဝယ် ဧပြီ ၂၂
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစဉ်ထာဝရ ငြိမ်းချမ်းသာယာဖွံ့ ဖြိုးတိုးတက်စေရန် ရည်သန်လျက် ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ နိုင်ငံသားများ စုပေါင်း အင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်း အဝိုင်းနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ် နားတော်နှင့် ရတနာစိန်ဖူးတော်များ ရင်ငွေ့တော်လှုံ အပူဇော်ခံထားရှိသည့် လောကမာရဇိန် ဘုရားကြီး ဓမ္မာရုံတော်၌ ယနေ့နံနက်က သံဃာတော် အရှင်သူမြတ်များသည် ဘုရားအနေကဇာတင် ရွတ်ဖတ်ပူဇော်သည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် တို့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများက အရုဏ် ဆွမ်းဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ ထာဝရငြိမ်းချမ်းရေး စေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်များအား ဘုရားကြီးဝင်း အတွင်းမှ ရွှေတောင်စား လမ်းအတိုင်း ကရပ်ပြင်လမ်းဆုံမီးပွိုင့်အထိ အာဇာနည်လမ်းအတိုင်း အစိုးရ အဖွဲ့ရုံးရှေ့ မီးပွိုင့်အထိ ထိုမှတစ်ဆင့် အလယ်လမ်း၊ နိဗ္ဗာန်လမ်း၊ ရေးလမ်းအတိုင်း ဒေသစာရီလှည့်လည်ကြွချီ အပူဇော်ခံသည်။
ထိုသို့အပူဇော်ခံရာ လမ်းတစ်လျှောက်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဘုရားဂေါပကအဖွဲ့များက လိုက်ပါကြည်ညိုကြသည်။
စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူနှင့် ထာဝရငြိမ်းချမ်းရေးစေတီတော်၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ရတနာစိန် ဖူးတော်များသည် ထားဝယ်မြို့မှ ကရင်ပြည်နယ် ဘားအံမြို့သို့ ဆက်လက်ကြွချီ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments:

Post a Comment