Friday, April 19, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဆေးရှဲလ်သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ H.E.Mr.Vincent Meriton အားလက်ခံတွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၁၉
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ အလွတ်သဘော လာရောက်လည်ပတ်လျက်ရှိသည့်
ဆေးရှဲလ် သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ H.E.Mr.Vincent Meriton အား ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အဆောင်(အေ) ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment