နေပြည်တော်
ဧပြီ ၁၀
လယ်ယာမြေကိုအခြားနည်းသုံးစွဲခွင့်
ခွင့်ပြုမိန့်မရရှိမီ စည်းကမ်းမဲ့စွာ အကွက်ဖော်ရောင်းချ မှုများနှင့်
စိုက်ပျိုးမြေများ အကြောင်းမဲ့ လျော့နည်းလာခြင်းမရှိစေရန် ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
ဆက်လက်၍
နိုင်ငံ၏ကုန်ထုတ်စွမ်းအားတိုးတက်ရေးအတွက် စက်ရုံ အလုပ်ရုံများ တိုးတက်
တည်ဆောက်ရန်နှင့် ဒေသ ဖွံ့ဖြိုး ရေးအတွက် မြေယာများအသုံးပြုရန် လိုအပ်မည် ဖြစ်သော်
လည်း စားနပ်ရိက္ခာဖူလုံပြည့်ဝရေး၏ အရင်းအမြစ် တစ်ခု ဖြစ်သော လယ်ယာမြေများ
မလျော့ပါးစေရေးကိုပါ ထည့်သွင်းသုံးသပ်ပြီး သဟဇာတရှိစွာ ဆောင်ရွက်ကြရမည်
ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ တွင် ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏
(၁၉)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့
ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ထိုကဲ့သို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ်
ဦးသက်နိုင်ဦး က နိုင်ငံတော် စီမံကိန်းများဆောင်ရွက်ရာတွင် သိမ်းယူခံရသည့် လယ်ယာမြေများ
အတွက် နစ်နာကြေးနှင့် လျော်ကြေးပေးချေရန်ကိစ္စရပ်များ၊ တိုင်းဒေသကြီး/
ပြည်နယ်များမှ လယ်ယာမြေ အခြား နည်းအသုံးပြုခွင့် လျှောက်ထားလာမှုကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းတင်ပြသည်။
ယနေ့
အစည်းအဝေးတွင် လယ်ယာမြေဆိုင်ရာဥပဒေပါ အခွင့်အရေးများကို ပြည်သူများ အပြည့်အဝခံစားခွင့်ရရှိရေး၊
တရားမဝင်ရောင်းဝယ်ခြင်း၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊
ငှားရမ်းခြင်းများကြောင့် စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက်များ ကောက်ယူရာတွင်
လယ်ယာမြေ ပိုင်ဆိုင်လုပ်ကိုင်သူအမည် ကွဲလွဲမှုများဖြစ်ပေါ်နေမှုအပေါ် လယ်ယာ မြေများစနစ်တကျ
စီမံခန့်ခွဲဆောင်ရွက်နိုင် ရေးအတွက် တည်ဆဲ စည်းမျဉ်း စည်းကမ်းဥပဒေများနှင့်အညီ
လွယ်ကူလျင် မြန်စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် လည်းကောင်း၊
နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းယူထားသည့် လယ်ယာမြေ များနှင့် ပတ်သက်၍
နစ်နာကြေးနှင့် လျော်ကြေးပေး ချေရန်ကိစ္စများကိုလည်းကောင်း၊ တိုင်းဒေသကြီး နှင့်
ပြည်နယ်များ အတွင်း ခွင့်ပြုချက်မရှိဘဲ အခြားနည်း ကျူးလွန် အသုံးပြု ထားမှုများကို
ပုဒ်မ(၁၉)ပါ ပြဌာန်းချက်များနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် နိုင်ငံတော်
သမ္မတရုံး၏ ညွှန်ကြားချက်ပါအတိုင်း ခွင့်ပြုချက်မရရှိမီ လယ်မြေများအပေါ်၌ ဆောင်ရွက်
ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှလည်းကောင်း၊ ကျန်လယ်ယာမြေများအပေါ် အသုံးပြုပါက
နေပြည်တော် ကောင်စီ/ တိုင်းဒေသကြီး /ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှလည်းကောင်း
ဒဏ်ကြေးသတ်မှတ်ရန် ကိစ္စရပ်များကို လည်းကောင်း အကျယ်တဝင့်
ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
(သတင်းစဉ်)

No comments:
Post a Comment