Monday, April 22, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မိုးသီးနှံများ ငမြှောင်တောင် ကာကွယ်နှိမ်နင်းရေး အတွက် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်



သိန်းနီ ဧပြီ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်ရှိ အောင်မင်္ဂလာခန်းမ၌ မိုးသီးနှံများ (FAW) ငမြှောင်တောင်ကာကွယ် နှိမ်နင်းရေးအတွက် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပွဲနှင့် GAP လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ဧပြီ ၂၁ ရက် နံနက်က ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြည်နယ်ဝန်ကြီး ဦးစိုင်းလုံကျော်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်၊ သိန်းနီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ၊ ဦးစိုင်းစိန်လူ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်နယ်ဦးစီးမှူးများ၊ ဒုတိယပြည်နယ်ဦးစီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်သည်။

ရှင်းလင်းပြောကြား
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူက အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးက ရှမ်းပြည်နယ်၏ ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်း ပြောကြားကာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွန်းက ငမြှောင်တောင်နှင့် နိုင်ငံတကာဈေးကွက် နှင့် ယှဉ်ပြိုင်နိုင်သည့် GAP သီးနှံ များ အကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့် တာဝန်ရှိသူများက အစေ့ထုတ် ပြောင်းမျိုးစုံ၊ ဆေးဖျန်းပုံး၊ ပိုးသတ်ဆေး၊ ဆေးဖျန်းဝတ်စုံ၊ ဓာတ်မြေဩဇာများနှင့် GAP အသိအမှတ်ပြု လက်မှတ် ရရှိသည့်လုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးဦးစီး ဌာနရှိ ခြံများအား အသိအမှတ်ပြု လက်မှတ်များ ပေးအပ်ခဲ့သည်။
ဒေသခံတောင်သူများနျင့်ဆွေးနွေး
ယမန်နေ့ကလည်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူနှင့် တာဝန်ရှိသူများသည် လားရှိုးမြို့နယ် နောင်ဖော့ကျေးရွာအုပ်စု လွတ်လန်း ကျေးရွာရှိ မြန်မာရွှေဧရာကုမ္ပဏီပိုင် ပြောင်းအခြောက်ခံစက်ရုံသို့ သွားရောက် ကြည့်ရှုပြီး ဒေသခံတောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာ့အလင်း

No comments:

Post a Comment