Thursday, April 11, 2019

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ


နေပြည်တော် ဧပြီ ၁၀
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာ-သီရိလင်္ကာ ပူးတွဲ ကော်မရှင် အစည်းအဝေးသို့ တက်ရောက်ရန် သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Tilak Marapana ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၆ နာရီ မိနစ် ၅၀ တွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိကြသည်။

သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ နှင့်စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေး၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ နိုင်ငံ သံအမတ်ကြီး နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment