Saturday, April 20, 2019

မော်လမြိုင်မြို့ ကျိုက်သလ္လံစေတီတော်ရင်ပြင်တွင် ထာဝရ ငြိမ်းချမ်းရေး ဓမ္မသဘင်ကျင်းပ


မော်လမြိုင် ဧပြီ ၂၀
နေပြည်တော်ရှိ ထာဝရငြိမ်ချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွား တော်များ၊ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များ ပင့်ဆောင်ပူဇော် ခြင်း အထိမ်းအမှတ် ထာဝရ ငြိမ်းချမ်းရေး ဓမ္မသဘင်ကို ယနေ့ည ၇ နာရီ ၄၅ မိနစ်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော်ရင်ပြင်တွင် ကျင်းပသည်။

ထာဝရငြိမ်းချမ်းရေးဓမ္မသဘင်တွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ငြိမ်းချမ်းရေး တရားဒေသနာတော်များ ဟောကြားချီးမြှင့်ရာ မွန်ပြည်နယ် ၀န်ကြီးချုပ်ဒေါက်တာ အေးဇံနှင့်ဇနီး ၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျိုက်သလ္လံ စေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်း အဖွဲ့များ၊အလှူရှင်များ၊ ၀တ်အသင်းအဖွဲ့များနှင့် ပြည်နယ်အတွင်းရှိ တရားချစ်ခင် သူတော် စင်များက တရားတော်ကို နာယူကြည်ညို ကြသည်။
ယနေ့ နံနက်ပိုင်းက စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီး တော်ဘုံအဆင့်ဆင့် များအား မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်မှ မော်လမြိုင်မြို့ ရှိ သမိုင်းဝင် ကျိုက်သလ္လံစေတီတော်သို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ၀တ် အသင်းအဖွဲ့များက ပင့်ဆောင်ပူဇော်ကြရာ လမ်းတလျှောက် တွင် ဒေသခံပြည်သူ များက ဖူးမြော်ကြည် ညိုကြပြီး စေတီတော်တည်ထားကိုးကွယ်ရေးအတွက် အလှူငွေများထည့်ဝင် လှူဒါန်းကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ထာဝရငြိမ်းချမ်းရေးရရှိရန်၊ ထေရ၀ါဒဗုဒ္ဓသာသနာ အဓွန့် ရှည် ထွန်းကားပြန့် ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ဖူးမြော်ပူဇော်နိုင်ရန် ရည်မှန်းကာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထာဝရငြိမ်းချမ်းရေးစေတီတော်အား တည်ထားကိုးကွယ် လျက်ရှိပြီး စေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ရွှေငှက်မြတ်နားတော်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ ဒေသစာရီလှည့်လည်အပူဇော်ခံလျက်ရှိသည်။
(ဟန်လင်းနိုင်)

No comments:

Post a Comment