နေပြည်တော်၊ ဧပြီ ၂၀
ပညာရေးဝန်ကြီးဌာန၊
အခြေခံပညာဦးစီးဌာန၊ ၂၀၁၉ ခုနှစ် ကာယပညာနှင့်အားကစား
အခြေခံနည်းပြ သင်တန်း အမှတ်စဉ်(၂၀) သင်တန်းဖွင့်ပွဲ
အခမ်းအနားကို နေပြည်တော်၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းမော်ထွန်းက ပညာရေးကို
အဖက်ဖက်က မြှင့်တင် ဆောင်ရွက်ရာ၌ ကျန်းမာရေးနှင့်
အားကစားကိုလည်း တစ်ပါတည်းမြှင့်တင်ဆောင်ရွက်သွားရန် အလွန်အရေးကြီးပါကြောင်း၊ ကိုယ်လက် ကြံ့
ခိုင်သန်စွမ်းမှုရှိမှသာ ပေးသည့် ပညာကိုအလွယ်တကူ
လက်ခံရယူနိုင်ပြီး နိုင်ငံသားကောင်းများ ဖြစ်လာနိုင် မည်ဖြစ်ပါကြောင်း၊ အခြေအနေ အကြောင်း
ကြောင်းကြောင့် ကာယပညာသင်တန်းများ
ဆက်လက်မဖွင့်လှစ်နိုင်ခဲ့ရာ ယခုအချိန်တွင် ပညာရေး
ဝန်ကြီးဌာန အောက်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းပေါင်း (၈၂၀၄) ကျောင်းတွင်
ကာယပညာ ဆရာဆရာမ (၆၁၀၉)ဦးလစ်လပ်လျက်ရှိပါကြောင်း၊
အခြေခံပညာသင်ရိုးသစ်အရ အခြေခံ ပညာကျောင်း တိုင်းတွင် ကာယပညာဘာသာရပ်သည် အဓိကသင်ရိုးဝင် ဘာသာရပ်တစ်ခု
ဖြစ်သည့်အတွက် ကာယပညာသင်ချိန်တွင် ကာယပညာနှင့်အားကစားဘာသာရပ်ကို စနစ်တကျမှန် ကန်စွာ
သင်ကြားပေးနိုင်မည့် အရည်အ သွေးပြည့်ဝသော
ကာယပညာဆရာဆရာမများ ပြည့်ပြည့်စုံစုံခန့်ထားနိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံ၏
လူသားအရင်းအမြစ်များကို ခြိမ်းခြောက်နေသည့်
မူးယစ်ဆေးဝါးအန္တရာယ် တားဆီးထိန်းချုပ်ရန် အကောင်းဆုံးနည်း လမ်းသည်
အခြေခံပညာကျောင်း များမှ ကျောင်းသားကျောင်းသူများအားအားကစားတွင် ပိုမိုစိတ်ဝင်စား
လာအောင် စနစ်တကျ လေ့ကျင့် သင်ကြားပျိုးထောင် ပညာပေးခြင်းပဲဖြစ်ပါကြောင်း၊ သင်တန်း
သားသင်တန်းသူများ အနေ ဖြင့် သင်တန်းတွင်
သင်ကြားပို့ချပေးသည့်ပညာရပ်များအားကြိုးကြိုး
စားစားလေ့ကျင့်သင်ယူ၍ ထူးချွန်ထက်မြက်သည့် အရည် အသွေးပြည့်ဝသောကာယပညာ
ဆရာဆရာမများဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက်
အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက
ကာယပညာနှင့် အားကစား အခြေခံ နည်းပြ သင်တန်း အမှတ်စဉ်(၂၀)ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ဆွေးနွေးပြော
ကြားသည်။
ယင်းနောက်
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးကျော်ဆန်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းကူညီ ဆောင်ရွက်မည့်
အစီအစဉ်များနှင့် စပ်လျဉ်း၍ တင်ပြဆွေးသည်။ ထို့နောက်
သင်တန်းတွင် သင်တန်းနည်းပြအဖြစ် တာဝန်ယူကြမည့် အခြေခံပညာဦးစီး ဌာနမှ ကာယပညာ
ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများက ဂါရ၀ပြုနှုတ်ဆက်ကြသည်။
၂၀၁၉
ခုနှစ် ကာယပညာနှင့် အားကစား အခြေခံနည်းပြသင်တန်း
အမှတ်စဉ်(၂၀) သင်တန်း တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သင်တန်းသား၊
သင်တန်းသူ(၄၀၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ (၂၀) ရက်မှ မေ (၃၀) ရက်
အထိ ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment