Tuesday, April 16, 2019

ရန်ကုန်မြို့တော် မဟာသင်္ကြန်(ဗဟို) မဏ္ဍပ် ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကျင်းပ



ရန်ကုန် ဧပြီ ၁၆

၁၃၈၀ပြည့်နှစ် ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကိုယနေ့ (သင်္ကြန်အတက်နေ့) ညနေ ၅ နာရီတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားပြီး ဗဟိုမဏ္ဍပ်အား ပိတ်သိမ်းကြောင်းကြေညာသည်။


ထို့နောက် အနုပညာရှင်များ၊ ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့များကရိုးရာအက အလှများဖြင့်ဖျော်ဖြေပြီး မန်းတောင်ရိပ်ခိုတေးသီချင်းဖြင့် သီဆို ဖျော်ဖြေကြကာ အခမ်းအနားကိုရုပ်သိမ်း လိုက်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်မြို့တော် ဗဟိုမဏ္ဍပ် မဟာသင်္ကြန်ရေသဘင်ပွဲတော်တွင် ဆုရရှိကြသည့် တိုင်းရင်းသားရိုး ရာယဉ်ကျေးမှုအဖွဲ့များနှင့် ယိမ်းအဖွဲ့များအားဆုများ ပေးအပ် ချီးမြှင့်ကြသည်။

ညပိုင်းတွင် ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်အဖွဲ့များ က တေးသီချင်းများ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ လာရောက်ကြည့်ရှု သူများဖြင့်စည်ကားလျက်ရှိသည်။

(သတင်း-မင်းသစ်/ဓာတ်ပုံ-ရဲထွဋ်)

No comments:

Post a Comment