ရန်ကုန် ဧပြီ ၉
ဆရာဝန်တင်ရွှေစာပေဆု
(၂၀၁၈)ဆုရစာအုပ်များကို ယနေ့ကြေညာရာ ၂၀၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ်များ အနက်မှ
ဆရာကြီး ဒေါက်တာ သန်းဦး ရေးသားပြီး ဆုစာအုပ်တိုက်မှ ထုတ်ဝေသည့် ပညာရေးဆောင်းပါး ပေါင်းချုပ်၊
ဦးဝင်းတင့် ရေးသားပြီး ပဉ္စဂံစာအုပ်တိုက်မှ ထုတ်ဝေသည့် စာကြည့်တိုက်ထဲက စကားပြန်၊ ဦးဇော်လွင်ဦး
(ဟင်္သာတ) ရေးသားပြီး ရှင်မတောင်စာပေမှ ထုတ်ဝေသည့် ယင်းကျားနှင့် Nyi Pu Lay ရေးသားပြီး
Dr. Zaw Tun ဘာသာပြန်ဆို ထားသော The Sweet Honey Drop on the Sharp Scalpet Blade စာအုပ်လေးအုပ်တို့ကို
ရွေးချယ်ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
ဂုဏ်ပြုချီးမြှင့်မည်
ထို့အပြင် ယခုနှစ်တွင်
ဆရာဝန်တင်ရွှေ စာပေဆုစိစစ်ရွေးချယ်ရေးအဖွဲ့က ဆရာဝန်တင်ရွှေ စာပေဂုဏ်ဆောင်ဆုအဖြစ် ဆရာမကြီး
ဒေါက်တာရီရီလှ (ယုဝတီခင်ဦး)ကို ဂုဏ်ပြုချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ စာပေဆုအခမ်းအနားကို
ယခုဧပြီလအတွင်း ကျင်းပမည်ဖြစ်ပြီး တင်ရေ စာပေဖုန်းနံပါတ် ၀၉ - ၅၁၁၇၆၈၃ သို့ ဆက်သွယ်နိုင်ကြောင်း
သိရသည်။
စာရေးဆရာကြီး ဆရာဝန်တင်ရွှေ အထိမ်းအမှတ် စာပေဆုများကို ၂၀၀၁ ခုနှစ်ထုတ် စာအုပ်များမှစ၍ ရွေးချယ်ချီးမြှင့်ခဲ့ရာ ယခု (၁၇)ကြိမ်တိုင် ရှိခဲ့ပြီဖြစ်သည်။ ဆရာဝန်တင်ရွှေသည် “တင်ရွှေစာပေတိုက်” ကို ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ဗဟိုအမှုဆောင် ကော်မတီဝင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။

သတင်းစဉ်
No comments:
Post a Comment