တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏တတိယ(၁)နှစ်တာကာလအတွင်းပြုပြင်ပြောင်းလဲမှု
စကားသံများ
ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာသုံးနှစ်ပြည့်မြောက်
ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင်
ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး
လုပ်ငန်းများကို အားကြိုး မာန်တက်ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု
များမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ
မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့်
ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း
ပြည် သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊
တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
တိုင်းရင်းသားလူမျိုးများ၏ စကားစာပေအနုပညာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့်
ကိုးကွယ်သည့်ဘာသာ၊ သမိုင်း အမွေအနှစ်၊ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများရရှိရေး
အပါအဝင် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်
ဆောင်ရွက်နိုင်ရန် ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်တွင် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို
စတင်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
အစိုးရသစ်နှင့်အတူ ပေါ်ပေါက်လာသည့် တိုင်းရင်းသားလူမျိုးများရေးရာ
ဝန်ကြီးဌာနသည် ယခုဆိုလျှင် သုံးနှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ယင်းဖြတ်သန်းခဲ့မှုများနှင့်
လုပ်ငန်းဆောင်ရွက်ချက်များကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည် -
နိုင်သက်လွင် ပြည်ထောင်စုဝန်ကြီး
မေး။ ။တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနအနေနဲ့ တတိယ(၁)နှစ်တာ
ဆောင်ရွက်ခဲ့မှုကို သိပါ ရစေရှင့်။
ဖြေ။ ။တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့
ပြည်ထောင်စု စိတ်ဓာတ်ပေါ် ပေါက်လာဖို့၊ စာတတ်မြောက်ပြီး အသိပညာဗဟုသုတ တိုးပွားစေဖို့
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေနဲ့ အဓိကထားပြီး ဆောင်ရွက်နေသလို အခြားဝန်ကြီးဌာနတွေနဲ့
ချိတ်ဆက်လုပ် ဆောင်နေပါတယ်။ နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ကို ငြိမ်းချမ်းဖို့ကြိုးစားပေမယ့်
မရရှိနိုင်သေးပါဘူး။ တိုင်းရင်းသားတွေစာတတ်မှ ခေတ်ရေစီးကြောင်းထဲမှာလိုက်နိုင်မှကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်မှာ
ဖြစ်ပါတယ်။
မေး။ ။ တိုင်းရင်းသားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကနေ
မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များ အသင်းကြီး ဖွဲ့စည်းနိုင်မှုကို သိပါရစေရှင့်။
ဖြေ။ ။ တိုင်းရင်းသားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့ပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးချက်ရလဒ်
၂၈ ချက်ကို ဖော်ထုတ်နိုင်ခဲ့ ပါ တယ်။ တိုင်းရင်းသားဒေသတွေရဲ့ ထွက်ကုန်တွေကို အသေးစား၊
အငယ်စားနဲ့အလတ်စား လုပ်ငန်း ရှင်တွေက ဈေးကွက်ဝင်အောင် ကျန်တဲ့ဖွံ့ဖြိုးပြီးဒေသကို
သွားရောက်ရင်းနှီးပြီး ဆက်စပ်မှုရှိအောင် လုပ်ကြရမယ်။ မဖွံ့ဖြိုးသေးတဲ့ တိုင်းရင်းသားဒေသတွေမှာ
တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဖွဲ့စည်း ခဲ့ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကြီးကို
ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
အသင်းကကြီးမှူးပြီး ရန်ကုန်ကျိုက္ကဆံကွင်းမှာ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ”ပွဲတော်ကိုကျင်းပခဲ့ပါတယ်။ ကချင်၊ ကယား၊
ကရင်၊ ချင်း၊၀နဲ့ ကိုးကန့်အပါအဝင် တိုင်းရင်းသားတွေအားလုံး မိမိတို့ဒေသထွက်ကုန် ဖြစ်တဲ့
အဝတ်အစား၊ အထည်အလိပ်၊ အသုံးအဆောင်နဲ့ ရိုးရာတူရိယာ ခင်းကျင်းပြသရောင်းချကြတာ နိုင်ငံခြားသားတွေကအစ
စိတ်ဝင်စားကြပါတယ်။ ဒီလိုတိုင်းရင်းသားဝတ်စုံနဲ့ အခမ်းအနားမျိုး ကမ္ဘာ ပေါ်မှာ မရှိဘူးလို့ဆိုပါတယ်။
ပြည်ထောင်စုမှာ တိုင်းရင်း သားတွေက ဝတ်စုံတွေနဲ့ ရောင်စုံဝတ်လာ တော့ သူတို့တွေ စိတ်ဝင်စားကြတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ကြိုးစားအကုန်ကျခံခဲ့တယ်။
ဒီလိုမျိုးကြားရတော့ပင်ပန်းရကျိုးနပ်ပါတယ်။ နောက်နှစ်မှာ ကယား ပြည်နယ်မှာ တိုင်းရင်းသားလုပ်ငန်းရှင်များ
အသင်းက ဦးဆောင်ပြီး ဒီလိုပွဲမျိုး နောက်ထပ်လုပ်ဖို့ အစီ အစဉ်ရှိပါတယ်။
မေး။ ။တိုင်းရင်းသားဒေသ အသီးသီးက တိုင်းရင်းသားတွေကို အမြင်ချင်း
ဖလှယ်နိုင်စေဖို့ လေ့လာ ရေးခရီးတွေဖိတ်ခေါ်ခဲ့မှုကိုသိပါရစေရှင်။
ဖြေ။ ။ တိုင်းရင်းသားလူမျိုးစု အချင်းချင်းတွေ့ဆုံပြီး ရင်းနှီးချစ်ခင်လေးစားမှုရှိအောင်
ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးက တိုင်းရင်းသားတွေကိုဖိတ်ခေါ်ပြီး
နေပြည်တော်အ တွင်း လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပါတယ်။ ဒီလေ့လာရေးခရီးကနေ နေပြည်တော်တိုးတက်သလို
သူတို့ဒေသတွေတိုးတက်ဖို့ အဓိကလိုအပ်နေတာက ငြိမ်းချမ်းရေးပဲဆိုတာ သူတို့ အသိအမြင် ပွင့်လင်း
သွားပါတယ်။
မေး။ ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး တိုင်းရင်းသားရေးရာ
ဆောင်ရွက်နေ မှုတွေကို ရှင်းပြပေး ပါဦး။
ဖြေ။ ။ဝန်ကြီးဌာန စတင်တည်ထောင်ချိန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့
ဖိတ်ကြားချက်အရ လေ့ လာရေးခရီး သွားရောက်ခဲ့ပါတယ်။ သူတို့နိုင်ငံမှာ လူမျိုးစု ၅၆ မျိုးရှိပြီး
အဲဒီတိုင်းရင်း သားတွေကို ဘယ်လိုပံ့ပိုး ကူညီသလဲဆိုတာ တွေ့ရှိခဲ့ရတယ်။ တိုင်းရင်းသားဖွံ့ဖြိုးရေး
တက္ကသိုလ်ဖြစ်တဲ့ မင်ဇူ တက္ကသိုလ်ကို သွားရောက်လေ့လာခွင့်ရခဲ့တာ အတော်အားရဖို့ ကောင်းပါတယ်။
ကူမင်းမှာ တိုင်းရင်း သားကျေးရွာက ဧက ၆၀၀ လောက်ရှိပြီး ကျွန်တော်တို့ မြန်မာနဲ့ တရုတ်နယ်စပ်မှာရှိတဲ့
တိုင်းရင်းသား တွေ ဥပမာ - ကချင်၊ ရှမ်း၊ လီဆူလူမျိုးတွေကိုလည်း အဲဒီမှာ တွေ့ရှိရပါတယ်။
ကျွန်တော်တို့ဘက်က အပြန်အလှန်ဖိတ်ကြားခဲ့တာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
အမျိုးသားလူမျိုးစု ရေးရာ ကော်မရှင်မှ ဒုတိယဝန်ကြီး Mr. LI Changping ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့
မြန်မာနိုင်ငံ ကို ပထမဦးဆုံး ခရီးစဉ်အဖြစ် ၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်း လာရောက်ပြီး
ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှ တိုင်းရင်းသားရေးရာ
ကော်မတီဝင် တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ တိုင်းရင်းသားရေးရာကိစ္စရပ်တွေ၊ နှစ်နိုင်ငံတိုင်းရင်းသားလူမျိုးတွေရဲ့
လူမှု စီးပွား ဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့၊ နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာရှိတဲ့ မြန်မာနိုင်ငံက
တိုင်းရင်းသား တွေ အနေနဲ့ အခွင့်အရေးတွေ နစ်နာဆုံးရှုံးနေမှုကို လက်နက်ကိုင်မဖြေရှင်းဘဲ
ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲတွေမှာ ပါဝင်ညှိနှိုင်းဆွေးနွေး လာဖို့ ရင်းနှီးပွင့်လင်းစွာ
ဆွေးနွေးခဲ့ကြပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို
ပြောပြ ပေးစေချင်ပါတယ်။
ဖြေ။ ။ တိုင်းရင်းသားတွေအားလုံးက သူတို့ရဲ့ဒေသ၊ သူတို့ရဲ့နယ်မြေမှာ
သူတို့ကိုယ်တိုင် စီမံအုပ်ချုပ် ချင်တဲ့အတွက် လုပ်ပိုင်ခွင့် ခွဲဝေတဲ့စနစ်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်
ပြည်ထောင်စုကို အဓိကတောင်း ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ၊
တိုင်းရင်းသားပြည်သူတွေနဲ့ သဘောတူချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ်ကြီးရဲ့ကတိကဝတ်တွေအရ
ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင် စုကြီး တည်ဆောက်နိုင်ရေးဆိုတဲ့ အခန်းကဏ္ဍ ပါဝင်ခဲ့ပေမယ့်
အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ညှိညှိနှိုင်းနှိုင်းနဲ့ သဘောထားကြီးမှ
မြန်မာပြည်ကြီး အေးချမ်းသာယာပြီး ကမ္ဘာ့ အလယ်ဝင့်ထည်နိုင်မှာ ဖြစ်ပါတယ်။ ခေါင်းဆောင်တွေကလည်း
အပစ်အခတ်ရပ်စဲဖို့ အရေးကြီးပါ တယ်။ တိုင်းရင်းသားပြည်သူတွေကလည်း ကြိုးစားကြဖို့ လိုအပ်ပါတယ်။
မေး။ ။ ပြည်ထောင်စုဝန်ကြီးအနေနဲ့ ဖြည့်စွက် ပြောကြားလိုတာများရှိရင်
ပြောပြပေး စေချင်ပါတယ်။
ဖြေ။ ။ ဒို့တာဝန်အရေး(၃) ပါးဖြစ်တဲ့ ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြို
ကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟာ ငြိမ်းချမ်းရေးရဲ့သင်္ကေတဖြစ်ပါတယ်။ ဥပဒေကို
မလိုက်နာဘူး၊ တရားဥပဒေစိုးမိုးမှုမရှိဘူးဆိုရင် အချုပ်အခြာ အာဏာ ဘယ်လိုမှမတည်မြဲနိုင်ဘူး။
တိုင်းရင်းသားပြည်သူတွေရဲ့ လိုက်နာမှုအပေါ်မှာ မိမိတို့လိုချင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု
ကိုရရှိနိုင်မယ်၊ ကျွန်တော်တို့ဝန်ကြီးဌာနရဲ့(Mission) (Vision) (Objectives)တွေကို
တိုင်းရင်းသား ပြည်သူတွေ သိရှိနိုင်ဖို့ သတင်းမီဒီယာတွေကဖြန့်ဖြူးပေးပါ။ ဝိုင်းဝန်းပံ့ပိုးပေးပါလို့
ပြောကြားချင် ပါ တယ်။
ဦးလှမော်ဦး (ဒုတိယဝန်ကြီး)
မေး။ ။ ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုရည်မှန်း ချက်တွေ ဆောင်ရွက်နေတယ်ဆိုတာ
သိပါရစေရှင့်။
ဖြေ။ ။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို ၂၀၁၆ ခုနှစ်
မတ်လ ၃၀ ရက်မှာ ဖွဲ့စည်းခဲ့ပြီး ရည်မှန်းချက်(Mission) (၅)ရပ် ချမှတ်ဆောင်ရွက်ခဲ့ပါတယ်။
ပထမ ရည်မှန်းချက်က- တိုင်းရင်း သား အချင်းချင်းစည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရေးနဲ့ ရိုင်းပင်းကူညီရေး၊
ပြည်ထောင်စုစိတ်ဓာတ်များတိုး တက်ရှင်သန်စေရေး၊ ဒုတိယရည်မှန်းချက်က-တိုင်းရင်းသားတွေရဲ့
အခွင့်အရေးတွေကို ဥပဒေပါသတ် မှတ်ချက်တွေအတိုင်း အပြည့်အဝခံစားရရှိစေရေး၊ တတိယရည်မှန်းချက်က-
တိုင်းရင်းသားတွေရဲ့ စကား၊ စာပေ၊ သမိုင်း၊ အနုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ရိုးရာဓလေ့ထုံးစံတွေကို
ထိန်းသိမ်း စောင့်ရှောက်ပြီး ဖွံ့ဖြိုးတိုးတက်ရေး၊ စတုတ္ထရည်မှန်းချက်က- တိုင်းရင်းသားတွေရဲ့
မူလဝိသေသ လက္ခဏာ မပျောက်ပျက်ရေးအတွက်ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးဆောင်ရွက်ပေးရေး၊ ပဉ္စမရည်
မှန်းချက်က - တိုင်းရင်းသား လူမျိုးတွေရဲ့ ဒေသတွေမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊
လမ်းပန်း ဆက်သွယ်ရေးနဲ့ လူမှုစီးပွားဘ၀တိုးတက်ရေးဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
မေး။ ။ ဝန်ကြီးဌာနအနေနဲ့ သုံးနှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ အခြေအနေ
တွေနဲ့ ရရှိခဲ့တဲ့ ရလဒ်တွေကို ရှင်းပြပေးပါရှင်။
ဖြေ။ ။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သော
ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ ထာဝစဉ် အတူတကွ လက်တွဲနေထိုင်ကြရန် ရည်ရွယ်လျက် ပွဲတော်များ၊
ရိုးရာ ဓလေ့စကားဝိုင်းများ၊ ငြိမ်းချမ်းရေးစကားဝိုင်းများ၊ စာပေပွဲတော်များ၊ အမျိုးသားနေ့ပွဲတော်
တိုင်းရင်းသားရိုးရာ နှစ်သစ်ကူး ပွဲတော်များ၊ ပြည်နယ်နေ့များ၊ ရိုးရာဈေးပွဲတော်များကို
တိုင်းရင်းသား လူမျိုးများ နေထိုင်ကြတဲ့ ဒေသများမှာ သက်ဆိုင်ရာ အစိုးရအဖွဲ့ အစိုးရမဟုတ်သော
အဖွဲ့အစည်းများနဲ့ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဇန်နဝါရီလ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားစဉ်ဆက်မပြတ်
ဖွံ့ဖြိုး တိုးတက် ရေးဖိုရမ်ရဲ့ စီးပွားရေးဆိုင်ရာဆွေးနွေးချက် ရလဒ်၂၈ ချက်ကို ဖော်ထုတ်နိုင်ခဲ့ပြီး
ဆွေးနွေးပွဲရဲ့ အကျိုး သက်ရောက်မှုဖြစ်တဲ့ နိုင်ငံတော်ရဲ့စီးပွားရေးကို အထောက်အကူပြုတဲ့
မြန်မာနိုင်ငံတိုင်းရင်းသား လုပ် ငန်းရှင်များ အသင်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၇ ရက်မှာ
ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဒီအသင်းကြီးရဲ့ကြိုးပမ်း မှုနဲ့ပဲ မြန်မာနိုင်ငံသမိုင်းမှာ ပထမဦးဆုံးတိုင်းရင်းသားပေါင်းစုံ
ပါဝင်ဆင်နွှဲတဲ့ “သွေးချင်းတို့ရဲ့ ပွဲတော် ဆီ” ပွဲတော်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ၃၀ ရက်အထိ ရန်ကုန်မြို့
ကျိုက္ကဆံကွင်းမှာ စည် ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီပွဲတော်ကြီးကျင်းပခြင်းဖြင့်
မြန်မာနိုင်ငံငြိမ်းချမ်း ရေးလုပ်ငန်း စဉ်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ဖြစ်စေခဲ့ပါတယ်။
တိုင်းရင်းသားတွေရဲ့ မတူကွဲပြားတဲ့ ယဉ်ကျေး မှုဓလေ့ထုံးစံများကို သိရှိနားလည်နိုင်ပြီး
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုကို
ပြသနိုင်ခဲ့ပါတယ်။
လှပတဲ့ရှုခင်း၊ စိတ်ကြည်နူးစရာကောင်းတဲ့ သဘာဝတောတောင်ရေမြေတွေကို
မြန်မာနိုင်ငံအတွင်း သာမကနိုင်ငံခြားတိုင်းပြည်များကပါ လေ့လာသိရှိနိုင်စေဖို့၊ တိုင်းရင်းသားတွေရဲ့
ဒေသထွက်ကုန် ပစ္စည်းတွေ၊ ရိုးရာအဝတ်အထည်တွေကိုလည်း မြန်မာနိုင်ငံတွင်းသာမက နိုင်ငံတကာကပါ
သိရှိစေဖို့ ဈေးကွက်တင်ပို့နိုင်ဖို့ဖြစ်ပါတယ်။ နောက်တစ်ခုကတိုင်းရင်းသားလူငယ်တွေအတွက်
စီးပွားရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိလာဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။
တိုင်းရင်းသား အလှမယ်ရွေးချယ်ပွဲ“Miss Ethnic Myanmar 2019”၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု၊ ခရီးသွား
လုပ်ငန်းမြှင့်တင်ဖို့၊ တိုင်းရင်းသားတွေ ချစ်ကြည်ရင်းနှီးမှုမှတစ်ဆင့် ငြိမ်းချမ်းရေး
ဖော်ဆောင်နိုင်ဖို့၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းရဲ့ သံတမန်အဖြစ်
ကိုယ်စားပြုနိုင်ဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ကျင်းပခဲ့ပါတယ်။
မေး။ ။ပွဲတော်အတွင်း ကျင်းပခဲ့တဲ့ “အပြောင်းအလဲ စိန်ခေါ်မှုများမှ
အခွင့်အလမ်းများဆီသို့” ဖိုရမ်က နေ
ဘယ်လိုထူးခြားမှုတွေ ရရှိခဲ့လဲဆိုတာ သိပါရစေရှင်။
ဖြေ။ ။ “အပြောင်းအလဲ စိန်ခေါ်မှုများမှ အခွင့်အလမ်းများဆီသို့”ဖိုရမ်ကနေ ဘာတွေရရှိလာခဲ့ သလဲဆိုရင် စိန်ခေါ်မှုဆိုတာ
တစ်နည်းအားဖြင့် အကျပ်ကျပ်အတည်းပါပဲ။ ဒါပေမယ့် စိန်ခေါ်မှုကိုသာ သေချာစဉ်းစားပြီး ဖြေရှင်းမယ်ဆိုရင်
အခွင့်အလမ်းပဲဆိုတာ ကျွန်တော်တို့တွေ့ရှိရပါတယ်။
မေး။ ။တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောပွဲတွေကို တိုင်းရင်းသားဒေသတွေမှာ
ဘယ်လိုရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တယ်ဆိုတာ သိပါရစေရှင့်။
ဖြေ။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကျွန်တော်တို့ ဦးတည်တာက တိုင်းရင်းသားတွေ
အနေနဲ့ သူတို့ရဲ့ ရိုးရာဓလေ့ ယဉ်ကျေးမှုတွေကို လွတ်လပ်စွာ ကျင့်သုံးခွင့်၊ စာပေတွေကို
လွတ်လပ်စွာ ရေးသားနိုင်ခွင့်တွေနဲ့ ပတ်သက်ပြီး ရဲဝံ့စွာလုပ်ဆောင်နိုင်ဖို့ ဦးဆောင်ဦးရွက်
ပြုခြင်းဖြစ်ပါတယ်။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကို
ဖော်ထုတ်ပြီး သူတို့ရဲ့ ယဉ် ကျေးမှု၊ ဝတ်စားဆင်ယင်မှုတွေကို ဖော်ထုတ်ပေးခြင်းဖြင့် အခွင့်အရေးအနေနဲ့
ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။
မေး။ ။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးတွေအကြောင်း
Documentary ရိုက်ထားရတဲ့ ရည်ရွယ်ချက်ကို သိပါရစေ။
ဖြေ။ ။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုး
ငါးမျိုးကနေ ခုနစ်မျိုး လောက်ရှိ နေပါတယ်။ သူတို့က လူမျိုးကြီးတွေထဲမှာ ရောနှောနေထိုင်တဲ့အခါတဖြည်းဖြည်းနဲ့ဘေးက
ယဉ်ကျေး မှုတွေ ကူးစက်သွားပြီး သူတို့ရဲ့ရိုးရာယဉ်ကျေးမှုတွေ ပျောက်ပျက်လုနီးပါးဖြစ်လာခဲ့ပါတယ်။
ဥပမာ ထနော့လူမျိုးပါ။ ဒီလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မဖော်ထုတ်နိုင်ရင်
ပျောက်ကွယ် သွားမှာ စိုးရပါတယ်။ ဒါကြောင့် Documentary ရိုက်ကူးထားခြင်းဖြစ်ပါတယ်။
မေး။ ။ဝန်ကြီးဌာနရဲ့ ရှေ့ဆက်လုပ်ဆောင် သွားမယ့် လုပ်ငန်းစဉ်တွေရှိရင်
ပြောပြ ပေးစေချင်ပါတယ်။
ဖြေ။ ။တိုင်းဒေသကြီးနဲ့ပြည်နယ်ရုံး ခြောက်ရုံးဆောက်လုပ်ဖွင့်လှစ်ပြီးဖြစ်တယ်။
ရန်ပုံငွေ ခွဲဝေချထား ပေးမှု အခြေအနေပေါ်မူတည်ပြီး ကျန်ရှိနေတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ
ကိုယ်ပိုင်ရုံးတွေ ဆောက်လုပ်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ ဒုတိယတစ်ခုက တိုင်းရင်းသား
လူမျိုးတွေရှိတဲ့ နိုင်ငံများနဲ့ ချိတ်ဆက်ပြီး အပြန်အလှန် သင်တန်းပေးတာမျိုးတွေ၊ အပြန်အလှန်ဆွေးနွေးပွဲတွေ
လုပ်နိုင်အောင် ကြိုးစားနေပါတယ်။
တတိယတစ်ခုက တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့
ရိုးရာယဉ်ကျေးမှုတွေ ဖော်ထုတ်ခြင်း၊ တိုင်းရင်းသားစာပေတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ဆက်လက်
ဆောင်ရွက်ဖို့ရှိပါ တယ်။ ကျွန်တော်တို့ တိုင်းရင်း သားလူမျိုးတွေကို နယ်ချဲ့တွေက တောင်တန်း
ဒေသနဲ့ ပြည်မဆိုပြီး ခွဲခြားသွေးခွဲအုပ်ချုပ်ခဲ့လို့ စိတ်ဝမ်းတွေကွဲခဲ့ကြတာ ယခုအချိန်ထိလည်း
နီးလို့မရသေးဘူး။ လက်ရှိ အခြေအနေကို သိကြတဲ့အတိုင်းပါပဲ။ တညီတညွတ်တည်းဖြစ်သွားဖို့က
အလုံးစုံ ငြိမ်းချမ်းရေးရမှဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးရှိမှ ဖွံ့ဖြိုးမှုရရှိမှာဖြစ်ပါတယ်။
ဒါကြောင့် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့ တွေက တစ်ဆင့် တိုင်းရင်းသားလူမျိုးစုတွေကြားထဲမှာ
စိတ်နေသဘောထားတွေ သွင်းပေးနေပါတယ်။
ဒေါက်တာအယ်လ်တူးမိန်းခေါင်
ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန
မေး။ ။ နည်းဥပဒေထုတ်ပြန်ပြီးခဲ့ရင် ဘယ်လို အကျိုးကျေးဇူးတွေရရှိမှာလဲ။
ဖြေ။ ။တိုင်းရင်းသားလူမျိုးတွေ တန်းတူညီမျှတဲ့ နိုင်ငံသားအခွင့်အရေး
ရရှိစေဖို့နဲ့ တိုင်းရင်း သားလူမျိုးတွေရဲ့ အခွင့်အရေးကိုဥပဒေနဲ့အညီ ထိရောက်စွာကာကွယ်စောင့်ရှောက်နိုင်ဖို့
အတွက် တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ နည်းဥပဒေ ထုတ်ပြန်နိုင်ရေး
ဆောင်ရွက်နေပါတယ်။
နည်းဥပဒေထုတ်ပြန်နိုင်ပြီးရင် ဥပဒေကိုပြည့်စုံပြီး ထိရောက်စွာ အကောင်အထည်
ဖော်ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ ပိုမိုရှင်းလင်းစွာ လုပ်ဆောင်နိုင်မှာဖြစ်သလို ဖြစ်ပွားနေတဲ့
အငြင်းပွားမှုကိစ္စတွေကို နည်းဥပဒေအရ ဖြေရှင်းနိုင်တဲ့အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။
မေး။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာဒေသခံ တိုင်းရင်းသားတွေကို
အလုပ်ခန့်အပ်တဲ့ ရည်ရွယ် ချက်နဲ့ ရွေးချယ်ခန့်အပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးပါရှင်။
ဖြေ။ ။ ဝန်ကြီးဌာနစတင်ကတည်းက အခြားဝန်ကြီးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့
ဝန်ထမ်း တွေကို ခေါ်ယူလျှောက်ထားရာမှာ တိုင်းရင်းသားအရေးကို ဆောင်ရွက်ဖို့စိတ်ဝင်စားတဲ့သူတွေကို
စိစစ်ပြီး ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ တိုင်းဒေသကြီးနဲ့ပြည်နယ်ရုံးတွေ
ဖွင့်လှစ်တဲ့အခါမှာ ဒေသမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေထဲကနေ ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။
ဒီလိုခန့်အပ်တဲ့အခါမှာ အားသာချက်က အလုပ်အကိုင် အခွင့်အလမ်းတိုးလာတာနဲ့
တစ်ပြိုင်နက်မှာ ကိုယ့်ဒေသရဲ့ တိုင်းရင်းသားအခွင့်အရေးစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ
သူတို့ကိုယ်တိုင်လည်းပါဝင် ဆောင်ရွက်ခွင့်ရပါတယ်။ ဒေသခံတိုင်းရင်းသားတွေ ကိုယ်တိုင်ပါဝင်တဲ့အတွက်
ဘာသာစကားဆက် သွယ်ဆောင်ရွက်ရာမှာ အဆင်ပြေချောမွေ့မှုရှိတဲ့အတွက် လုပ်ငန်းတွေ ပိုမိုထိရောက်အောင်မြင်မှု
ရရှိမှာ ဖြစ်ပါတယ်။
မေး။ ။ ဥပဒေပါ တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာအကြောင်းအရာများ၊
အသိပညာတိုးပွားဖို့အတွက် ဌာနရဲ့ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းတွေရှိရင် ဖြေကြားပေးပါရှင်။
ဖြေ။ ။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ရုံးတွေအသီးသီးကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။
တိုင်းရင်းသား ပြည်သူတွေနဲ့ ထိတွေ့မှုကိုစတင်ခဲ့တယ်။ သူတို့ရဲ့အခက်အခဲတွေကို ဆောင်ရွက်ပေးခဲ့တယ်။
တတိယနှစ်မှာ ခန့်ထားတဲ့ဝန်ထမ်းတွေက ကျေးရွာအရောက် ပြည်သူတွေဆီ၂၉ ကြိမ် ကွင်းဆင်း ဆောင်ရွက်
နိုင်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းထဲမှာ ဝန်ကြီးဌာနရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေက ဘယ်လိုရှိ
တယ်၊ ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ နယ်ပယ်တွေက ဘယ်လိုရှိတယ်ဆိုတာ တိုင်းရင်းသား ပြည်သူ
တွေကို ရှင်းပြပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားတွေအကြား ဘယ်လိုလုပ်ငန်း
နယ်ပယ်တွေမှာ ဦးစားပေးဆောင်ရွက်ချင်သလဲ ဆိုတာ စစ်တမ်း လုပ်ပါတယ်။ တိုင်းရင်းသားရေးရာ
အခြေခံအချက်အလက် စစ်တမ်းကိုပါ တစ်ပါတည်းဆောင်ရွက်ခဲ့ပါတယ်။ ရလာတဲ့ရလဒ်တွေပေါ် အခြေခံပြီး
မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲသွားမှာ
ဖြစ်ပါတယ်။
မေး။ ။ ယခုနှစ်မှာရေးဆွဲမယ့် မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများရဲ့
အခွင့်အရေးဆိုင်ရာ မဟာ ဗျူဟာမူကြမ်းမှာ ဘယ်လိုအကြောင်းအရာတွေ ပါလဲဆိုတာ ရှင်းပြပေးပါရှင်။
ဖြေ။ ။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးဆိုင်ရာ
မဟာဗျူဟာမှာ နယ်ပယ် (၁၇)ရပ် ပါဝင် ပါတယ်။ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးနဲ့
ရပိုင်ခွင့်ဆိုင်ရာတွေ၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်ရေး၊ မျိုးနွယ်စုအမည် မှန်ကန်စွာမှတ်တမ်းပြုရေး၊
အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာ ကွယ်ရေး၊ ကျား၊ မ တန်းတူရေး၊ လူငယ်ရေးရာများ၊ လူကုန်ကူးမှု
တားဆီးကာကွယ်ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းရေး၊ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့
တိုင်းရင်းသားမျိုးနွယ်စုများတည်တံ့ ခိုင်မြဲရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊
စီမံကိန်းတွေဆောင်ရွက်ရာမှာ ဒေသခံ တွေကို ကြိုတင်ညှိနှိုင်းခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ
ဒေသခံတွေပါဝင်ရေး၊ ဆေးဖက်ဝင် အပင် တွေကို ထိန်းသိမ်းရေး၊ အငြင်းပွားမှုဖြေရှင်းရေး၊
ပဋိပက္ခဖြစ်ပွားမှုကို လေ့လာဆန်းစစ်ရေးစတဲ့ နယ် ပယ်တွေပါဝင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးဆိုင်ရာ
မဟာဗျူဟာ မူကြမ်းရေးဆွဲတဲ့ ကာလ ဘယ်နှနှစ်လဲဆိုတာ ပြောပြပေးပါဦးရှင်။
ဖြေ။ ။ ၂၀၁၉ - ၂၀၂၈ အထိ ၁၀ နှစ်ကာလအတွက် ရေးဆွဲထားပါတယ်။ နောက်ပြီး
အကောင် အထည် ဖော်မယ့်Strategic Planningရေးဆွဲရမှာပါ။ ကနဦးရေးဆွဲမှာက မဟာဗျူဟာ ဖြစ်ပါတယ်။
အဲဒီမဟာဗျူဟာကိုရရှိနိုင်ဖို့ အကောင်အထည်ဖော်မယ့် နှစ်အလိုက်စီမံချက်တွေကို အတိအကျရေးဆွဲ
သွားမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူတွေကနေ အဆိုပြုလာတာတွေကို ကာလအပိုင်းအခြား အလိုက်
ဦးစားပေး အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
မေး။ ။တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို
သိပါရ စေရှင်။
ဖြေ။ ။ တိုင်းရင်းသားတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနတွေ
အားလုံးနဲ့ ကဏ္ဍစုံကပူးပေါင်း ဆောင်ရွက်နေတာတွေ ရှိပါတယ်။ One Stop Service ဝန်ဆောင်မှုပေးပါတယ်။
ကဏ္ဍအလိုက် တိုင်းဒေသကြီး၊ ပြည်နယ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပါတယ်။ ချိတ်ဆက်တဲ့အခါမှာ
လိုအပ်တယ် ဆိုရင် ပြည်ထောင်စုအဆင့်ကိုတင်ပြတာတွေ ရှိပါတယ်။ ပြည်ထောင်စုဝန်ကြီး ရုံးကတစ်ဆင့်
အခြား ဝန်ကြီးဌာန တွေကိုချိတ်ဆက်ပြီး ဆောင်ရွက်သွားတာရှိပါတယ်။
မေး။ ။ တိုင်းရင်းသားတွေကို ထောက်ပံ့ပေးမှုနဲ့ပတ်သက်ပြီး သိပါရစေရှင်။
ဖြေ။ ။ ကွင်းဆင်းတွေ့ရှိချက်တွေကို ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက
ဦးဆောင်တင်ပြခဲ့ပြီး ဆလုံလူမျိုးတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက်၂၀၁၈-၂၀၁၉
ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေနဲ့ ထောက်ပံ့ပေးဖို့ခွင့်ပြုခဲ့ပြီး
စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စ ရပ်တွေကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး
ဦးစီးဌာနက ကော်မတီတွေ ဖွဲ့စည်းပြီး အဲဒီဒေသတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
မေး။ ။ တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး
ဆရာတို့ ဌာနအနေနဲ့ ပြောကြားချင်တာများ ရှိပါသေးလားရှင်။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းပြည်မှာ အဓိကလိုအပ်တာ ငြိမ်းချမ်းရေးပဲ။
တိုင်းရင်းသားတွေ ကြားထဲမှာ တူညီစွာခံစားရမှု မရှိဘူး ဆိုတဲ့ စိတ်ခံစားချက်ကို လျော့ပါးစေဖို့လိုပါတယ်။
ကွာဟချက်တွေ လျှော့ချဖို့ ဆိုတာ ကဏ္ဍစုံ၊ ဘက်စုံဆောင်ရွက်နေတာတွေ ရှိသလို သူတို့ရဲ့ အခွင့်အရေးတွေကို
ကာကွယ်စောင့် ရှောက်ဖို့အရေးပါတဲ့ မူဘောင်ရှိပါတယ်။ တိုင်းရင်းသားတွေ ကြားထဲမှာမတူညီမှုတွေ၊
ကွာဟချက်တွေ တဖြည်းဖြည်း ကျဉ်းမြောင်း လာတာနဲ့အမျှ သူတို့ရဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေပိုမိုခိုင်မာလာမယ်။
ကျွန်တော်တို့ တိုင်းရင်းသားတွေ အေးအတူပူအမျှ ပြည်ထောင်စုကြီးမှာ နေထိုင်လာမယ်။ နိုင်ငံတော်
က ရည်မှန်းထားတဲ့ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကို အောင်မြင်စွာ ထူထောင်နိုင်အောင်
ကျွန်တော် တို့ ဦးစီးဌာနက တစ်ထောင့်တစ်နေရာက ကြိုးပမ်းဆောင်ရွက် သွားပါမယ်လို့ ပြောကြားလိုပါတယ်။
ဦးဝင်းနိုင်
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန
မေး။ ။ တိုင်းရင်းသား ဝတ်စားဆင်ယင်မှုတွေ၊ အသုံးအဆောင်ပစ္စည်းတွေကို
ပြခန်းနဲ့ခင်းကျင်း ပြသ ထားရှိရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပေးပါဦး။
ဖြေ။ ။ တိုင်းရင်းသားဝတ်စားဆင်ယင်မှုတွေ၊ အသုံးအဆောင်ပစ္စည်းနဲ့ တူရိယာ
ပစ္စည်းတွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနရုံးမှာ
ခင်းကျင်းပြသထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုး ၅၀ ရဲ့ ဝတ်စားဆင်ယင်မှုကို ပြသထားပြီး
ဖြစ်ပါတယ်။ နောက်ထပ် လည်း တိုင်းရင်းသား လူမျိုး ၃၀ ရဲ့ ဝတ်စားဆင်ယင်မှုကို ဝန်ကြီးဌာနရဲ့
အစည်းအဝေးခန်းမကြီးမှာ ပြသထားဖို့ရှိပါတယ်။ ရည်ရွယ်ချက်က တစ်နေရာတည်းမှာ တိုင်းရင်းသား
လူမျိုးစုတွေရဲ့ ဝတ်စား ဆင်ယင်မှု တွေ၊ ရိုးရာအသုံးအဆောင်ပစ္စည်းတွေကို သိရှိနိုင်ဖို့ရည်ရွယ်ထားရှိတာ
ဖြစ်ပါတယ်။
မေး။ ။ အခြေခံပညာကျောင်းတွေမှာ တိုင်းရင်း သားစာပေသင်ကြားပေးမယ့်
ဆရာ၊ ဆရာမတွေ ခန့်ထားမှုနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦးရှင်။
ဖြေ။ ။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ဒေသခံတိုင်းရင်းသား စာပေသင်ကြားနေတဲ့
ပြင်ပပုဂ္ဂိုလ် ဆရာဆရာမ ၅၁၆၁ ဦးကိုနေ့စားလပေး (Teaching Assistant)တွေအဖြစ် ပညာရေးဝန်ကြီးဌာနနဲ့
ပူးပေါင်းခန့်ထားခဲ့တာကြောင့် ဒေသခံတိုင်းရင်းသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေး နိုင်ခဲ့ပါတယ်။
၂၀၂၀ ပညာသင်နှစ်မှာ နေ့စားလပေး (Teaching Assistant) ဆရာ ဆရာမတွေနဲ့
Language Teacher ဦးရေ ၁၀၀၀၀ ထပ်မံခန့်ထားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ အဓိက
ရည်ရွယ် ချက်က အစိုးရစာသင်ကျောင်းတွေမှာ ဗမာစကားနားမလည်တဲ့ ကလေးတွေကို တိုင်းရင်းသားဘာသာ
စကားနဲ့တွဲပြီး တိုင်းရင်းသားပညာရေးက ပြဋ္ဌာန်းထားတဲ့စာကို သင်ကြားမယ်ဆိုရင် ပိုပြီးအောင်မြင်တဲ့
အတွက် လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျောင်းထွက်နှုန်းကို လျော့ကျသွားစေတဲ့
အပြင် တိုင်းရင်းသားစာပေကို ထိန်းသိမ်းမြှင့်တင်ဖော်ထုတ်ဖို့ကိုလည်း တစ်ပါတည်း ဆောင်ရွက်ပြီး
ဖြစ်ပါတယ်။
မေး။ ။ ရှေ့ဆက်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်များရှိရင် ပြောပြပေးပါရှင်။
ဖြေ။ ။တိုင်းရင်းသားကလေးငယ်တွေ အသိပညာဖွံ့ ဖြိုးတိုးတက်စေဖို့ အခြေခံဖြစ်တဲ့
ပုံပြင်စာအုပ် (ရုပ်ပြ)တွေကို တိုင်းရင်းသား ဘာသာ ၆၆ မျိုး ထုတ်ဝေဖို့ ဆောင်ရွက်နေပါတယ်။
အဲဒီလုပ်ငန်း အတွက် တိုင်းရင်းသားဘာသာစကားသင် ဆရာဆရာမတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ
ရရှိလာတယ်။ တိုင်းရင်းသား စာပေကိုလည်း ပိုပြီးစိတ်ဝင်စားလာမယ်။
မေး။ ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာသိပါရစေရှင်။
ဖြေ။ ။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ကျန်းမာရေးစံပြုဆိုင်ရာ
အချက်အလက် များ စာအုပ်ကို ၅၅ ဘာသာနဲ့ ဘာသာပြန်ထားပြီး မကြာမီထုတ်ဝေတော့မှာ ဖြစ်ပါတယ်။
မေး။ ။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့
ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာ တွေသိပါရစေရှင်။
ဖြေ။ ။ ၂၀၁၈ ခုနှစ် မေလမှာ ရှမ်းမျိုးနွယ်စု ထဲမှာပါဝင်ပြီး လူဦးရေ
၄၀၀၀ လောက်သာ ကျန်ရှိတော့ တဲ့ ထနော့လူမျိုးတွေအများစုနေထိုင်တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)
အေးသာယာမြို့ နောင်အင်းကျေး ရွာ၊ အောင်ပန်းမြို့နဲ့ ပင်လောင်းမြို့ကြားရှိ တောင်ပို့လှကျေးရွာ
တို့ကို ကွင်းဆင်းပြီး Documentary ရိုက်ကူးခဲ့တာ အခွေထွက်ရှိပြီး ဖြစ်ပါတယ်။ နောက်ထပ်လည်း
ကယားပြည်နယ်မှာရှိတဲ့ ယင်းသလဲ လူမျိုးတွေအကြောင်းကို မှတ်တမ်းတင်ရိုက်ကူးဖို့အစီအစဉ်ရှိပါတယ်။
မေး။ ။ ရိုက်ကူးပြီးသား Documentary ကို တိုင်းရင်းသားပြည်သူတွေသိရှိဖို့
အစီအစဉ် ဆောင်ရွက်မှု တွေကို ပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ ရိုက်ကူးပြီးတဲ့ Documentary ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို
ပေးအပ်ပြီး မီဒီယာတွေကို ပေးပို့ထားပါတယ်။ တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ တိုင်းရင်းသားတွေက
သူတို့ရဲ့အကြောင်း တွေကို ရိုက်ကူးတဲ့အခါ သူတို့ရဲ့ဝတ်စုံတွေအပေါ်မှာ တန်ဖိုးထားရကောင်း
မှန်းသိလာပြီး သူတို့ကို အလေးထားတယ်ဆိုတဲ့ခံစားချက်တွေ၊ သူတို့အမျိုးကို သူတို့ထိန်းသိမ်းကာကွယ်စောင့်ရှောက်ချင်တဲ့
စိတ်တွေပိုပြီး ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
မေး။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွေမှာ ဆောင်ရွက်နေမှု
အခြေအနေကို ပြောပြ ပေးပါရှင့်။
ဖြေ။ ။တိုင်းဒေသကြီးနဲ့ ပြည်နယ်ညွှန်ကြားရေးမှူးရုံးတွေမှာရှိတဲ့ဝန်ထမ်းတွေအနေနဲ့
တိုင်းရင်းသား စာပေ၊ ဘာသာစကား ဆိုင်ရာတွေ၊ ရိုးရာဓလေ့နဲ့ ပတ်သက်တာတွေ၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး
ကိစ္စတွေကိုညွှန်ကြားချက်အတိုင်း လုပ်ဆောင်နေသလို ဝန်ကြီးရုံးက အခြားဝန်ကြီးဌာနတွေနဲ့
ချိတ် ဆက်ဆောင်ရွက်နေပါတယ်။
မေး။ ။ ဦးစီးဌာနအနေနဲ့ စာပေနဲ့ယဉ်ကျေးမှု အမွေအနှစ်တွေ မပျောက်ပျက်အောင်ထိန်းသိမ်းဆောင်
ရွက်ပေးခြင်းဖြင့် တိုင်းရင်းသားတွေကြားမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲရှင်။
ဖြေ။ ။နေ့ထူးနေ့မြတ် အခမ်းအနားတွေကို ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး၊
ဒုတိယဝန်ကြီးနဲ့ အကြီးအကဲတွေ သွားရောက်ခြင်းဖြင့် တိုင်းရင်းသားတွေရဲ့ စိတ်ထဲမှာသူတို့ကိုနိုင်ငံတော်က
စောင့် ရှောက်တယ်၊ သူတို့တောင်းဆိုတင်ပြတဲ့ အခွင့်အရေးတွေကို ပစ်ပယ်ခြင်းမရှိဘူး၊ ဖြည့်ဆည်းပေးတယ်
ဆိုတဲ့ စိတ်ခံစားမှုတွေဖြစ်လာပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး
ကိစ္စတွေ အတွက် ပိုပြီး အထောက်အကူပြုမှာ ဖြစ်ပါတယ်။
ဒေါက်တာနုမြဇံ
ပြတိုက်ပညာရှင်
မေး။ ။တိုင်းရင်းသားတွေရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုကို ရှင်းပြပေးပါဦးရှင်။
ဖြေ။ ။ မြန်မာနိုင်ငံမှာ ဒြပ်ရှိယဉ်ကျေးမှုနဲ့ ဒြပ်မဲ့ယဉ်ကျေးမှုဆိုပြီး
နှစ်ပိုင်းရှိပါတယ်။ ဒြပ်ရှိယဉ်ကျေးမှုက မြေပြင်ပေါ်မှာ မြင်တွေ့နေရတဲ့ ဘုရားပုထိုးတွေ၊
နန်းတော်ရာ၊ ကျုံး၊ တံတိုင်း၊ တူးမြောင်း အစရှိတာ တွေပြတိုက်တိုင်းမှာ ပြသထားတဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေ၊
ဘုန်းတော်ကြီးကျောင်းမှာ စု ဆောင်းထားတဲ့ ပစ္စည်းတွေ၊ ကိုယ်ပိုင် စုဆောင်းထားတဲ့ ပစ္စည်းတွေဒါတွေကို
တစ်နည်းအားဖြင့် Tangible Culture Heritage (TCH)၊ လက်နဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့
ရုပ်ဒြပ်ရှိပစ္စည်း တွေ ဖြစ်ပါ တယ်။ ဒြပ်မဲ့ယဉ်ကျေးမှု Intangible Culture Heritage
(ICH) က ပိုပြီးကျယ်ပြန့်သိမ်မွေ့ပါတယ်။ လက်နဲ့ထိတွေ့လို့ မရဘူး၊ စိတ်နဲ့ပဲခံစားလို့ရပါတယ်။
မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ၁၃၅မျိုး မှာ ကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု
အမွေအနှစ်တွေအများ ကြီးရှိကြပါတယ်။ ဒါတွေကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနက
စာရင်းကောက်ယူပြီး နိုင်ငံတော်ကို တင်သွင်းမယ်။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆိုတာ ဘာလဲဆိုတာ
သိအောင် တိုင်း ဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေကိုနေပြည်တော်က
ဝန်ကြီး ရုံးမှာသင်တန်းပေးပါတယ်။ ကျွန်မက ဒြပ်မဲ့ယဉ်ကျေးမှုရဲ့ ဗဟိုကော်မတီဝင် တစ်ယောက်အနေနဲ့
သာမက ပညာရှင်အဖွဲ့ဝင်လည်းဖြစ်တဲ့အတွက် အဲဒီသင်တန်းမှာ ပါဝင်ပြီး သင်တန်းပို့ချနေပါတယ်။
မေး။ ။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုကို
ထိန်းသိမ်းထားတဲ့ အပေါ်မှာ ဆရာမရဲ့အမြင်လေးကို ပြောပြပေးပါရှင့်။
ဖြေ။ ။ နိုင်ငံတိုင်းမှာကိုယ်ပိုင်ဒြပ်မဲ့ယဉ်ကျေးမှု ဆိုတာ ရှိကြပါတယ်။
ဒြပ်မဲ့အမွေအနှစ်ရဲ့ သဘောကို သင်တန်းပေးမှသာလျှင် နောင်လာနောက်သား မျိုးဆက်သစ်တွေ နားလည်မှာပါ။
သူတို့နားလည်မှ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ သိမှာပါ။ ကျွန်မအနေနဲ့
တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်
ထိန်းသိမ်းရေးလုပ်ငန်းမှာ ရော ပြတိုက်ပြခန်းလုပ်ငန်းတွေမှာပါ ပါဝင်ဆောင်ရွက်ခွင့်ရတဲ့
အတွက် အများကြီးဝမ်းသာဂုဏ်ယူ ပါကြောင်း ပြောကြားလိုပါတယ်။
ပါမောက္ခဒေါက်တာအောင်ထွန်းသက်
နာယက၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း
မေး။ ။ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကသံတမန်အဖြစ် ဆောင်ရွက်တဲ့မြန်မာနိုင်ငံ
တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကြီးအပေါ်မှာဆရာ့ရဲ့ သုံးသပ်ချက်ကိုပြောပြပေးစေချင်ပါတယ်။
ဖြေ။ ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့အချိန်ကစပြီး ဒီနေ့အထိ ပဋိပက္ခတွေရှိတယ်။
ပဋိပက္ခ အများစုဟာ တိုင်းရင်းသားတွေနဲ့ ပတ်သက်နေတယ်။ တိုင်းရင်းသားနဲ့ ငြိမ်းချမ်းရေးဟာ
ဆက်စပ် နေတယ်။ ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင်လုပ်မယ့် ဝန်ကြီးဌာနတစ်ရပ်၊သံသယတွေကို ယုံကြည်မှုတည်
ဆောက်တဲ့လုပ်ငန်းကို ဒီဝန်ကြီးဌာနကဆောင်ရွက်နေတာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့
ငြိမ်းချမ်း ရေးက ချိတ်ဆက်နေပါတယ်။ စီးပွားရေးလုပ်ဖို့ဖွဲ့တဲ့ အသင်းအဖွဲ့မဟုတ်ဘဲ တိုင်းရင်းသားလုပ်ငန်းရှင်
တွေ စီးပွားရေးလုပ်ချင်အောင် ပံ့ပိုးကူညီပေးပြီး ပျိုးထောင်ပေးတဲ့ အသင်းဖြစ်အောင် တိုက်တွန်း
လိုပါ တယ်။
မေး။ ။ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာအဝတ်အစား
အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဈေးကွက်ဝင်နိုင်အောင် ဘယ်လိုဆောင်ရွက်ဖို့လိုမယ်လို့
အန်ကယ်အနေနဲ့ ထင်ပါသလဲ။
ဖြေ။ ။ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရဲ့အဝတ်အစားတွေ၊ အသုံးအဆောင်တွေဟာ
ကမ္ဘာ့ဈေးကွက်ထဲ ဝင်နိုင်ပါတယ်။ ထူးခြားတဲ့ဝိသေသရှိတဲ့ အပြင်အဆင် အနေအထိုင်၊ အစားအသောက်တွေရှိတဲ့
အာဆီယံနိုင်ငံ ၁၀ နိုင်ငံဟာ ယဉ်ကျေးမှုတူတယ်။ အနေအထိုင်အစားအသောက် နည်းနည်းလေးတူ တဲ့
နိုင်ငံအချင်းချင်း ဒါတွေကို ဖလှယ်နိုင်ရင်သိပ်ကောင်းမယ်လို့ ယူဆပါတယ်။ တိုင်းရင်းသား
တွေရဲ့ လိုအပ်ချက်က ဥပဒေတွေ ဖြစ်ပါတယ်။ ဥပဒေရဲ့ လွှမ်းမိုးမှုရှိရင်စီးပွားရေးအတွက်ရော
အားလုံး အတွက် အထောက်အကူ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ
တွေဆိုတာ ကြိုဆိုရမှာပါ။
မင်းဗညားစန်း
အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း
မေး။ ။မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ ရည်မှန်းချက်နဲ့
မျှော်မှန်းချက်ကို သိပါရ စေရှင်။
ဖြေ။ ။ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ လုပ်ငန်းရှင်အဆင့် မဟုတ်သေးပါဘူး။
အရေးကြီးဆုံးက တိုင်းရင်းသား လုပ်ငန်းရှင်တွေ ပေါ်ထွန်းလာအောင်၊ တိုင်းရင်းသားလုပ်ငန်းရှင်တွေက
တိုင်းရင်းသား တွေစဉ်ဆက်မပြတ်ဖြိုး တိုးတက်ဖို့အတွက်ကို ကြိုးစားရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ ဖြိုးတိုးတက်အောင်နဲ့ ငြိမ်းချမ်းရေးအတွက်
တစ်ဖက်တစ်လမ်းက ကူညီ ဆောင်ရွက်မယ်လို့ မျှော်မှန်းပါတယ်။ တရုတ်နိုင်ငံနဲ့ အခြားနိုင်ငံတွေကို
စီးပွားရေး လုပ်ငန်းတွေမှာ နည်းပညာတွေ ပံ့ပိုးပေးဖို့ကို ကမ်းလှမ်းထားပြီး အခြားဆွေးနွေးထားတဲ့
နိုင်ငံတွေ တော်တော်များများ ရှိပါတယ်။မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကတိုင်းရင်းသားလူမျိုးများရေးရာ
ဝန်ကြီး ဌာနနဲ့ချိတ်ဆက်ပြီး တိုင်းရင်းသားဒေသတွေကိုဦးစားပေးဖွံ့ ဖြိုးတိုးတက်အောင်
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
မေး။ ။ အသင်းကြီးရဲ့ဆောင်ရွက်ချက်တွေကိုသိပါရစေရှင်။
ဖြေ။ ။ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းပြီးတဲ့နောက်
၇ လအကြာမှာ ဒီအသင်းကြီးရဲ့ အောက်ခြေအသင်းတွေကို ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက်မှာ ပထမဆုံး
တိုင်းရင်းသား လုပ်ငန်းတွေရဲ့ စီးပွားရေး တိုးတက်ဖို့နဲ့ အထောက်အကူဖြစ်ဖို့အတွက် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။
ဒီပွဲတော်မှာ လူဦးရေ စုစုပေါင်း ၁၀ သိန်းခန့် တက် ရောက်ပါတယ်။
မေး။ ။ သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကျင်းပခြင်းဖြင့် ခရီးသွားလုပ်ငန်း
မြှင့်တင်ရေးအတွကf ဘယ်လို အကျိုးကျေးဇူး ရရှိခဲ့ပါသလဲ။
ဖြေ။ ။ ပွဲတော်မှာ တိုင်းရင်းသား တစ်မျိုးချင်း အလိုက် ဒေသတွေကို
ပြသထားတယ်။ ပွဲတော်ပြီးတော့ တိုင်းရင်းသားဒေသတွေကို ခရီး သွားတွေတော်တော်များများ သွားကြတာ
တွေ့ရ ပါတယ်။ အဓိက ပြည်တွင်းကိုစိတ်ဝင်စားကြတယ်။ ပြည်တွင်းခရီးသွားလာမှုကို တစ်ဖက်တစ်လမ်းက
ပံ့ပိုးကူညီနိုင်ပါ တယ်။ ပြည်ပဧည့်သည်တွေက ပုံမှန်ဝင်ရောက်လာတာ တွေ့ရပါတယ်။
ဟုတ်ကဲ့ - ကျေးဇူးတင်ပါတယ်ရှင်။ ။
တွေ့ဆုံမေးမြန်း - နန္ဒာဝင်း
ဓာတ်ပုံ-အေးသန်း
No comments:
Post a Comment