နေပြည်တော်၊ ဧပြီ ၁၂
မောင်တောမြို့နယ်၊
နယ်မြေ (၅)၊ အမှတ် (၂) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ငါးခူရနယ်မြေရုံးမှ ယာယီရဲမှူး ကျော်ဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၁
ရက်နံနက်ပိုင်းတွင် ရေယာဉ်တပ်ဖွဲ့စု (မောင်တော) မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေး
ရေယာဉ်အမှတ် (၀၀၂) ပါ (၂) စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Nhilla BOP ကင်းစခန်းမှ
Naib Subedar MD.Montu Mia ဦးဆောင်သည့် အဖွဲ့သည် စက်တပ်ရေယာဉ် (၂) စီး၊ စုစုပေါင်း (၄) စီးတို့ဖြင့် စံပါယ်ပင်ရင်းချောင်းဝထိပ်
နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံ နယ်နိမိတ်အနီး ရေမိုင်အမှတ် (၁၁) မှ ပြူးမချောင်း ချောင်းဝအနီး
ရေမိုင်အမှတ် (၁၅) ထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်း
လှည့်ခဲ့ကြသည်။
ယင်းနောက် ရေယာဉ်အမှတ်
(၀၀၂) ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
(ရဲပြန်ကြား)
No comments:
Post a Comment