မြစ်ကြီးနား
ဧပြီ ၁၈
မြန်မာနှစ်သစ်ကူးအခါသမယ၌
ကုသိုလ်ကောင်းမှုအဖြစ် မြစ်ကြီးနားမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်
အသင်း တော် ဘုရားကျောင်းများသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည်
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများနှင့်အတူ
ယနေ့နံနက်ပိုင်းတွင် အလှူငွေများ သွားရောက်လှူဒါန်းကြပြီး နှစ်သစ်ကူးဆုတောင်း မေတ္တာပို့သမှုများကို
ခံယူကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
မြစ်ကြီးနားမြို့ ဓမ္မရက္ခိတ ဝန်းသိုကျောင်း၌ ဝန်းသိုကျောင်း ဆရာတော်
ဘဒ္ဒန္တကေတုမာလာထံမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သမှုကို ခံယူကာ ပြည်နယ်ဝန်ကြီးချုပ်က
န၀ကမ္မ အလှူငွေကျပ် ၁၅ သိန်း ဆက်ကပ်လှူဒါန်းသည်။ ထိုမှတစ်ဆင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်
(KBC)
ရုံး၌ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ သိက္ခာတော် ရဆရာတော်များ၊ အမှုဆောင်များနှင့်တွေ့ဆုံပြီး
နှစ်သစ် ကူးနှုတ်ခွန်းဆက်စကား ပြောကြားကာ နှစ်သစ်ဆုမွန်ကောင်းချီး မင်္ဂလာ
ခံယူခဲ့ကြပြီး အလှူငွေကျပ်ကျပ် ၁၅ သိန်းကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက်
ကက်သလစ်အသင်းတော် မြစ်ကြီးနားဂိုဏ်း အုပ်သာသနာ စိန့်ကိုလန်ဘန်ကာသီဒြယ်၌ ပြည်နယ်
ဝန်ကြီးချုပ် က ဂိုဏ်းအုပ်ဆရာတော်ထံ အသင်းတော်အတွက် အလှူငွေကျပ်ကျပ် ၁၅ သိန်းကို ဆက်ကပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် ဒူကထောင်နှစ်ခြင်းအသင်းတော်၊ တပ်ကုန်းမူရင်းနှစ်ခြင်း အသင်းတော်၊
အင်ဂျန်ဒုံနှစ်ခြင်းအသင်းတော်၊ စီတာပူနှစ်ခြင်း အသင်းတော်၊ တပ်ကုန်း
နှစ်ခြင်းအသင်းတော် ဘုရားကျောင်းများ၌ ပြည်နယ်ဝန်ကြီးချုပ်က အလှူငွေကျပ် ၁၀
သိန်းစီကို ဆက်ကပ်လှူဒါန်းပြီး သိက္ခာတော်ရ ဆရာတော်များထံမှ
နှစ်သစ်ဆုမွန်ကောင်းချီးမင်္ဂလာများကို ခံယူခဲ့ကြသည်။
အလားတူ
ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တာဝန်ရှိသူများကလည်း
မြစ်ကြီးနား မြို့နယ် အတွင်းရှိ ခေမာသီဝံကျောင်းတိုက်၊ ပရဟိတကျောင်းတိုက်၊
နန်းကွေ့မဟာဂန္ဓာရုံ၊ ရာဒါကောင်းမဟာ ဂန္ဓာရုံကျောင်းတိုက်၊ မြို့ဥုးစာသင်တိုက်၊
ရွှေအိုက်အဘယာရာမ စာသင်တိုက် စသည့် ဘုန်းကြီးကျောင်းများနှင့် ဧဝံဂေလိဓမ္မကောလိပ်၊ မန်ခိန်နှစ်ခြင်း
အသင်းတော်၊ ခေမာသီရိလီဆူအသင်းတော်၊ လော်ဝေါ်နှစ်ခြင်းအသင်းတော် စသည့် ခရစ်ယာန်
အသင်းတော်များထံ သွားရောက်ခဲ့ကြကာ အလှူငွေကျပ် ၁၀ သိန်းစီကို
ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး နှစ်သစ်ကူး ဆုတောင်းမေတ္တာ ပို့သမှုများကို
ခံယူခဲ့ကြသည်။
ပြည်နယ်
(ပြန်/ဆက်)
No comments:
Post a Comment