Tuesday, April 9, 2019

ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ပူးတွဲဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးခြင်းနှင့် ပူးတွဲ သတင်းထုတ်ပြန်သည့် အခမ်းအနား ကျင်းပ


နေပြည်တော် ဧပြီ ၉
ဆဋ္ဌမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး ပူးတွဲဆွေးနွေးမှုမှတ်တမ်း လက်မှတ်ရေးထိုးခြင်းနှင့် ပူးတွဲ သတင်းထုတ်ပြန်သည့် အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ Royal ACE Hotel ကျင်းပသည်။

အခမ်းအနားသို၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများနှင့် ဘင်္ဂလားဒေ့ရှ် ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် Md Shafeenul Islam, ndc, psc နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်း ဆောင်ရွက်မှု များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ တရားမဝင် နယ်စပ်ဖြတ် ကျော်ဝင်ရောက်မှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး၊ နှစ်နိုင်ငံ၌ ပြစ်ဒဏ် ကျခံပြီး၍ ပြန်လည် လွတ်မြောက်လာသော နိုင်ငံသားများအား အပြန်အလှန်လွှဲပြောင်း ပေးရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များအကြား တပ်ရင်းမှူးအဆင့်နှင့် ကွပ်ကဲရေးမှူးအဆင့် အလံတင် အစည်းအဝေးများ ပုံမှန် ကျင်းပရေး၊ မောင်တော-တက္ကနာ့ဖ် နယ်စပ်ဆက်ဆံရေးရုံးတို့၏ ပထမ အကြိမ်အစည်း အဝေးကျင်းပရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆိုင်ရာ သတင်းအချက်အလက်များ အချိန်နှင့် တစ်ပြေးညီဖလှယ်ရေး၊ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း တစ်လျောက် နှစ်ဘက် ညှိနှိုင်းကင်းလှည့်မှုများ ဆက်လက်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့များ အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့် တင်နိုင်ရေး အတွက် ယုံကြည်မှု တည်ဆောက် ရေးလုပ် ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်းသည့် ပူးတွဲဆွေးနွေးမှု မှတ်တမ်း ကို နှစ်ဘက်ကိုယ်စားလှယ် အဖွဲ့ခေါင်း ဆောင်များမှ လက်မှတ်ရေးထိုးခဲ့ကြပြီး ပူးတွဲသတင်း ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။
သတ္တမအကြိမ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့များအကြား အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:

Post a Comment