လုပ်သမားတိုင်း အလုပ်အကိုင်အခွင့်အလမ်း၊
ခံစားခွင့်များရရှိစေရေးနှင့် ပြည်သူ့ အင်အားစာရင်းများ မှန်ကန်တိကျစေရေး
ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော
ပြည်သူ့အစိုးရ၏ သက်တမ်းမှာသုံးနှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။
သုံးနှစ်တာကာလအတွင်း
နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်
ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်
ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု များမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍
မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့ နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့်
အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို
ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်
မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။
လုပ်သမားရေးရာ ဥပဒေများနှင့်အညီ အစိုးရ၊
အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်နှင့်
လူဝင်မှုကြီးကြပ်ရေး လုပ်ငန်း၊ အမျိုးသားမှတ်ပုံ တင်ရေးလုပ်ငန်းနှင့် ပြည်သူ့အင်အားစာရင်းကောက်ယူ
ထိန်းသိမ်းရေးလုပ်ငန်းတို့ကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ မျှော်မှန်းချက်ထားကာ
စနစ်တကျအကောင်အထည်ဖော်နေသည်မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပင်ဖြစ်ပါသည်။
ပြည်သူများ၏ အားပေးထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သည့်
အရပ်သားအစိုးရ၏ တတိယ (၁)နှစ်တာ အတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို သိရှိနိုင်ရန်အတွက်
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်-
မေး။ ။ အလုပ်သမားရေးရာတွေနဲ့ပတ်သက်ပြီး
တတိယ(၁)နှစ်တာအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ် ငန်းစဉ်တွေကို ဖြေကြားပေးပါရှင့်။
ဖြေ။ ။ အလုပ်သမားရေးရာဟာ တစ်နိုင်ငံလုံးရဲ့
အရေးကိစ္စဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပအလုပ် အကိုင်အခွင့်အလမ်းတွေရရှိဖို့၊ အလုပ်သမားခံစားခွင့်တွေ
ပြည့်ပြည့်၀၀ရရှိဖို့၊ အလုပ်သမားရေးရာ ပဋိပက္ခတွေချုပ်ငြိမ်းဖို့ စတာတွေကို ဝန်ကြီးဌာနက
အဓိကထားဆောင်ရွက်ပါတယ်။
▲အလုပ်အကိုင် ပိုမိုရရှိ▲
အလုပ်အကိုင်ပိုမိုရရှိဖို့ ပြည်တွင်းအလုပ်အကိုင်
ပေးအပ်နိုင်မှုမှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ အစိုးရဌာနဆိုင်ရာတွေမှာ
အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၉၀၅၄ ခု၊ ပုဂ္ဂလိကကဏ္ဍမှာ ၂၁၆၇၉၁ ခုအထိ အလုပ်အကိုင်တွေရရှိခဲ့ပါတယ်။
ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်မှုမှာ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင်
အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၂၆၉ ခုမှတစ်ဆင့် ပြည်ပနိုင်ငံပေါင်း ကိုးနိုင်ငံကို
အထောက်အထားပြည့်စုံစွာနဲ့ အလုပ်သမား ၂၂၈၁၆၂ ဦး စေလွှတ်ပေးနိုင်ခဲ့ပါတယ်။
အလုပ်သမားအဖွဲ့အစည်း ဥပဒေ၊ နည်းဥပဒေ တွေအရ
အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းခွင့်ပေးခဲ့တာကြောင့် တစ်နှစ်တာအတွင်း အဖွဲ့အစည်း
၂၅၁ ဖွဲ့ ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်လို့ အဖွဲ့ အစည်းအရေအတွက် ၂၉၃၂ ဖွဲ့အထိ ရှိလာပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ် သုံးခုမှာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲတွေကို ၁၀ ကြိမ်ကျင်းပပေးနိုင်ခဲ့ပြီး
ပြပွဲတွေကနေ လူဦးရေ ၂၂၁၀ ကို အလုပ်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။
မေး။ ။ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့
မြန်မာအလုပ်သမားတွေအတွက် အလုပ်သမား အခွင့် အရေးတွေ၊ လူမှုအခွင့်အရေးတွေရရှိနိုင်ဖို့
လုပ်ဆောင်ချက်တွေ ကိုလည်း သိပါရစေရှင့်။
ဖြေ။ ။ ထိုင်းနိုင်ငံမှာရောက်နေကြတဲ့
နိုင်ငံသား အထောက်အထား တင်ပြနိုင်ခြင်းမရှိတဲ့ မြန်မာ အလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်း
သက်သေခံလက်မှတ် (Certificate of Identity - CI) ထုတ်ပေးနေပါတယ်။ ထုတ်ပေးရေးစခန်းကိုးခုအထိ
ဖွင့်လှစ်နိုင်ခဲ့ပြီး ရွေ့လျားအဖွဲ့ နှစ်ဖွဲ့နဲ့လည်း အလုပ်သမားတွေဆီအရောက် ဆောင်ရွက်ပေးခဲ့တဲ့အတွက်၂၀၁၈
ခုနှစ်မတ်လ ၁၁ ရက်ကနေ ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်အတွင်း လူဦးရေ ၆၆၄၁၂ ဦးကို CIလက်မှတ်ထုတ်ပေး
နိုင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ် ဇွန်လအထိ ဖွင့်လှစ်ခဲ့တဲ့စခန်းတွေကို
၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ပိတ်သိမ်း ခဲ့ပါတယ်။
ထိုင်းနိုင်ငံ သာမန်နိုင်ငံကူးလက်မှတ်
ထုတ်ပေးရေးဌာနစိတ်၊ CI စခန်းတွေ၊ ရန်ကုန်နဲ့ မြ၀တီမြို့ တွေမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို
ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား (OWIC) တွေကို ထုတ်ပေခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလ ၁
ရက်ကနေ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိမှာ စုစုပေါင်း ၂၆၃၁၃၅ ဦးကို ထုတ်ပေးနိုင်ခဲ့ပါတယ်။
▲အလုပ်အခွင့်အလမ်းအသစ်များရှာဖွေ▲
ထိုင်းနိုင်ငံကနေ ထုတ်ပေးထားတဲ့ ယာယီနေထိုင်
အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်)ဖြစ်တဲ့ TR-38 ကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်နေတဲ့
မြန်မာအလုပ်သမားတွေအနက်က နိုင်ငံသားအထောက် အထားတင်ပြနိုင်တဲ့ အလုပ်သမားတွေကို ထိုင်းနိုင်ငံဆိုင်ရာ
မြန်မာသံရုံးမှာရှိတဲ့ သာမန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးဌာနစိတ်မှာ သာမန်နိုင်ငံကူးလက်မှတ်
တွေထုတ်ပေး လျက်ရှိပြီး၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီလ ၂၈ရက်အထိ
လူဦးရေ ၇၃၃၀ကို ပေးအပ်ထားပြီး ဖြစ်ပါတယ်။
ကိုရီးယားသမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့
အကြား နှစ်နိုင်ငံအစိုးရချင်း နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပြီး အစိုးရပြည်ပအလုပ်အကိုင်
အေဂျင်စီထူထောင်ကာ လုပ်သားစေလွှတ်မှုကိုယခုတစ်နှစ်တာ အတွင်း ဆက်လက် လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့အကြား နည်းပညာ အလုပ် သင် သင်တန်းသား လေ့ကျင့်ရေး
အစီအစဉ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို သံတမန် နည်းလမ်းများနဲ့
၂၀၁၈ခုနှစ် ဧပြီလ ၁၉ ရက်မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုနဲ့ နာမကျန်းသူတွေကို
စောင့်ရှောက်ဖို့အတွက် အလုပ်သမားစေလွှတ် ဖို့နဲ့ ပြည်ပနိုင်ငံတွေကို အိမ်တွင်းအထောက်အကူ
လုပ်သားတွေစေလွှတ်ဖို့ ပညာရေး၊ ကျန်းမာရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ
အစည်းအဝေးတွေကနေ သဘောတူခွင့်ပြုမှု တွေ လုပ်ဆောင်ခဲ့ပါတယ်။
မေး။ ။ ရွှေ့ပြောင်းလုပ်သားတွေ လုံခြုံစိတ်ချစွာနဲ့
ရွှေ့ပြောင်းသွားလာ လုပ်ကိုင်ရေး မှာရော ဘယ်လို အစီအမံတွေချမှတ် ဆောင်ရွက်ပေးနေသလဲဆိုတာ
ရှင်းပြပေး ပါဦးရှင့်။
ဖြေ။ ။ ရွှေ့ပြောင်းသွားလာတဲ့အခါ လုံခြုံစိတ်ချမှုရှိရေးဟာ
အရေးကြီးတဲ့ကိစ္စပါ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ လ ၂၁ ရက်မှာ ရှမ်းပြည်နယ် တောင်ကြီးမြို့ရွှေ့ပြောင်း
လုပ်သားတွေ ထောက်ပံ့ရေးဗဟိုဌာန (MRC)ရုံးကို ဖွင့်လှစ်နိုင်ခဲ့လို့ တစ်နိုင်ငံလုံးမှာ
MRC ရုံးပေါင်း ၁၄ ရုံးအထိရှိလာပါပြီ။ အဲဒီရုံးတွေကနေ ပြည်ပကိုအလုပ် လုပ်ကိုင်မယ့်
အလုပ်သမားတွေအတွက်သိသင့် သိထိုက်တဲ့ အချက်အလက်တွေကို အသိပညာ တွေပေးနေပြီး မေးမြန်းလာတဲ့
ကိစ္စရပ်တွေကို ဖြေကြားပေး လျက်ရှိပါတယ်။
ပြည်ပနိုင်ငံတွေကို သွားရောက်လုပ်ကိုင်နေတဲ့
မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကို သက်ဆိုင်ရာ နိုင်ငံ တွေရဲ့ အလုပ်သမားဥပဒေတွေ၊ ခံစားခွင့်တွေရှိဖို့၊
လုံခြုံစိတ်ချစွာ လုပ်ကိုင်နိုင်ဖို့နဲ့ လူကုန်ကူး ခံရခြင်းကနေ တားဆီးကာကွယ်နိုင် ဖို့အတွက်
ထိုင်းနိုင်ငံမှာ အလုပ်သမားသံအရာရှိ ငါးဦး၊ မလေးရှား နိုင်ငံမှာနှစ်ဦးနဲ့ ကိုရီးယားသမ္မတနိုင်ငံမှာ
တစ်ဦးတို့ကို ထားရှိပေးပြီး အလုပ်သမားအရေးတွေ အတွက် ကူညီဖြေရှင်းပေးနေပါတယ်။ အလုပ်သမားသံအရာရှိတွေ
စေလွှတ်နိုင်ခြင်းမရှိသေးတဲ့ နိုင်ငံတွေမှာ သက်ဆိုင်ရာမြန်မာသံရုံးနဲ့ ဆက်သွယ်ညှိနှိုင်းပြီး
ရွှေ့ပြောင်းအလုပ်သမားအရေးတွေအတွက် လုံခြုံ စိတ်ချရဖို့ အလေးထားဆောင်ရွက် ပေးနေပါတယ်။
မေး။ ။ ကျွမ်းကျင်လုပ်သားတွေ ဖြစ်လာဖို့အတွက်
ဝန်ကြီးဌာနကနေ စစ်ဆေးအကဲဖြတ်မှုတွေ၊ စံနှုန်းသတ်မှတ်ပေးမှုတွေလုပ်ဆောင်ပေးတဲ့ ကဏ္ဍအကြောင်းကိုလည်း
ပြောကြားပေးပါဦး။
ဖြေ။ ။ နိုင်ငံမှာ လုပ်သားတွေရဲ့ကျွမ်းကျင်မှု
စံသတ်မှတ်ချက်တွေကိုလုပ်ကိုင်နိုင်ဖို့ အများကြီး လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒါကြောင့်
မြန်မာလုပ်သားတွေ ကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ NSSA ကနေ အတည်ပြုထားတဲ့ ကျွမ်းကျင်မှု
စစ်ဆေးအကဲဖြတ်ရေးဌာနတွေမှာ အလုပ် အကိုင်အမျိုး ၂၀အတွက် အမျိုးသားအဆင့် ကျွမ်းကျင်မှုအဆင့်
၁ နဲ့ ၂ တို့ကိုထားရှိပြီး အလုပ်သမား တွေကို စံအကဲဖြတ်ပေးခဲ့ပါတယ်။ လက်ရှိမှာအဆင့်
၁ ကျွမ်းကျင် လုပ်သား ၃၆၂၂ ဦးနဲ့ ကျွမ်းကျင်မှု အဆင့်၂ လုပ်သားက ၄၇၂ဦးအထိ ရှိလာပြီး
ကျွမ်းကျင်မှု လက်မှတ်တွေကို ထုတ်ပေးနိုင်ခဲ့ပါ တယ်။
မေး။ ။ဝန်ကြီးဌာနကနေ အနည်းဆုံးအခကြေး
ငွေသတ်မှတ်ဆောင်ရွက်ဖို့အတွက် လုပ်ဆောင်ချက် တွေကိုသိပါရစေရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေအတွက်
နေရာဒေသနဲ့ လုပ်ငန်းအမျိုး အစားတွေ မခွဲခြားဘဲ တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်နာရီကို
ငွေကျပ် ကျပ်၆၀၀နှုန်းနဲ့ အလုပ်ချိန် တစ်ရက် အတွက် ၈ နာရီ ငွေကျပ်ကျပ် ၄၈၀၀ နှုန်း သတ်မှတ်ကြောင်းနဲ့
သတ်မှတ်ချက်က အလုပ် သမား ၁၀ ဦးအောက်ရှိတဲ့ လုပ်ငန်းငယ်တွေ၊ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းတွေနဲ့
သက်ဆိုင်မှု မရှိကြောင်း ကို ပြည်ထောင် စုအစိုးရအဖွဲ့ရဲ့ အတည်ပြုချက်နဲ့ ၂၀၁၈ ခုနှစ်
မတ်လ ၁၄ ရက်မှာ ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။ စက်ရုံ၊ အလုပ်ရုံတွေကို ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ
ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ အတွက် ကြပ်မတ်ဆောင်ရွက်နေပါတယ်။
မေး။ ။ လုပ်သားအင်အား စာရင်းအတွက် ဝန်ကြီးဌာနက
စာရင်းကောက်ခြင်း၊ စာရင်းပြုစုခြင်းနဲ့စာရင်း ထုတ်ပြန်ခြင်းတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။
လုပ်သားအင်အားနဲ့ပတ်သက်ပြီး ဆောင်ရွက် ချက်တွေ အကြောင်းကို လည်းရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ လုပ်သားစာရင်းကောက်ယူတာတွေက၂၀၁၅ခုနှစ်မှာ
စတင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ တစ်နှစ် ကို နှစ်ကြိမ်ခန့် ကောက်ယူခဲ့ပြီး နှစ်နှစ်ကို
တစ်ကြိမ်၊ တစ်ကြိမ်လျှင် နှစ်ချိန်ခွဲ ကောက်ယူနေတာ ဖြစ်ပါတယ်။ တစ်ချိန်ကိုစာရင်း ကောက်ကွက်
၇၈၀ ကို အိမ်ထောင်စု ၁၄၀၄၀ နဲ့ကောက်ခံနေပြီး ၂၀၁၉ ခုနှစ်မှာ ဆက်လက် ကောက်ခံသွားဖို့ရှိပါတယ်။
မေး။ ။ အလုပ်သမားရေးရာတွေနဲ့ ပတ်သက်ပြီး
ILO နဲ့ပူးပေါင်းဆောင်ရွက်မှုက တတိယ(၁)နှစ်တာ အတွင်း ဘယ်လောက်အထိ ခရီးရောက်ခဲ့ သလဲရှင့်။
ဖြေ။ ။ ILO နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ
ဆယ်စုနှစ်များစွာရှိခဲ့ပြီး လက်ရှိအချိန် အထိအစဉ်အမြဲ ပူးပေါင်း ဆောင်ရွက်နေရဆဲဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် မေလ ၂၈ ရက်ကနေ ဇွန်လ အထိကျင်းပတဲ့ (၁၀၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
အလုပ်သမားရေးရာညီလာခံကို ဝန်ကြီးဌာနအပါအဝင် သုံးပွင့်ဆိုင် အဖွဲ့ဝင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။
Decent Work Agendaကို အကောင်အထည်ဖော်ဖို့အတွက်
အမျိုးသားအဆင့် သုံးပွင့်ဆိုင်အဖွဲ့ (National Tripartite Body- NTB)ကို ဖွဲ့စည်းထားတဲ့အတွက်
တတိယ(၁)နှစ်တာအတွင်းအမျိုးသား အဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ သုံးကြိမ်ကျင်းပခဲ့ပါတယ်။
Decent Work Country Programme (2018-2021) ကို ၉ ကြိမ်မြောက် အမျိုးသားအဆင့် ဆွေးနွေးပွဲမှာ
အတည်ပြုနိုင်ခဲ့လို့ ပြည်ထောင် စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့အညီ အစိုးရ၊ အလုပ်ရှင်၊
အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ILOတို့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်မှာ MoU လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့
အဓမ္မခိုင်းစေမှု ပပျောက်ရေးနောက်ဆက် တွဲနားလည်မှုစာချွန်လွှာ SU ကို ဆက်ပြီးသက်တမ်းမတိုးဘဲ
Decent Work Country Programme (2018-2021)နောက်မှ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒါကြောင့် National Complaint Mechanismထူထောင်နိုင်ရေး အပါအဝင် အဓမ္မစေခိုင်းမှု ပပျောက်ရေး
လုပ်ငန်းစီမံချက် (၂၀၁၉ - ၂၀၂၁) မူကြမ်းရေးဆွဲ အတည်ပြုနိုင်ရေး အတွက် ဆောင်ရွက်နေပါတယ်။
မေး။ ။ဝန်ကြီးဌာနကနေ တာဝန်ယူပြီး အလုပ်သမားရေးရာနဲ့
ပတ်သက်တဲ့ ဥပဒေတွေ ရေးဆွဲတာ၊ ပြင်ဆင်ဖြည့်စွက်တာတွေကို ဦးစားပေးဆောင်ရွက်နေမှု အခြေအနေတွေကို
သိပါရစေရှင့်။
ဖြေ။ ။နိုင်ငံတွင်လက်ရှိမှာ အလုပ်သမားရေးရာ
ဥပဒေ ၁၄ ခုကို ကျင့်သုံးနေ တာဖြစ်ပါတယ်။ နိုင်ငံခြား သားအလုပ်သမားဥပဒေနဲ့ လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေတွေကို အသစ်ထပ်မံရေး ဆွဲပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်နေပါတယ်။
နိုင်ငံခြားသားအလုပ်သမားဥပဒေ (မူကြမ်း)ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ သဘောထားမှတ်ချက်နဲ့အညီ
ဌာနတွင်း ဆွေးနွေးလျက်ရှိပါတယ်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေး
ဥပဒေ(မူကြမ်း)ကို ဒုတိယအကြိမ်ပြည်သူ့လွှတ် တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ
ဆွေးနွေးအတည်ပြုပြီး ဖြစ်ပါတယ်။
အလုပ်သမားအဖွဲ့အစည်းဥပဒေကိုအသစ်ပြန်လည်ရေးဆွဲနေပါတယ်။
ရှေ့နေချုပ်ရုံးရဲ့ သဘောထား၊ အလုပ်သမားအဖွဲ့ချုပ် သုံးခုနဲ့ အလုပ်ရှင် ကိုယ်စားလှယ်အဖွဲ့တွေက
ပေးပို့လာတဲ့ သဘောထား အကြံပြုချက်တွေကို စုစည်းပြီး ဝန်ကြီးဌာနရဲ့ ဥပဒေပညာရှင်အဖွဲ့နဲ့
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်မှာ ဆွေးနွေးထားပြီး ဆက်လက်ဆောင်ရွက်နေပါတယ်။
မေး။ ။ လူမှုဖူလုံရေး အကျိုးခံစားခွင့်အခြေအနေကို
ပြောပြပါဦးရှင့်။
ဖြေ။ ။ တတိယ(၁)နှစ်တာကာလအတွင်းမှာ အကျုံးဝင်အလုပ်ဌာန
၃၂၁၁၉ ဌာနရှိ အကျုံးဝင်အာမခံ လုပ်သား ၁၂၃၉၂၂၉ ဦးအတွက် ဆေးကုသမှု ကုန်ကျစရိတ်တွေ ပြန်လည်ထုတ်
ပေးလျက်ရှိပါတယ်။ အမှုတွဲပေါင်းက ၈၄၅၉ မှုရှိခဲ့ပြီး ငွေကျပ်ကျပ် ၄၉၁ ဒသမ ၂၄၅ သန်းအထိ
ဆေးကုသမှုကုန်ကျစရိတ် ပြန်လည် ထုတ်ပေးနိုင် ခဲ့တာကို မြင်တွေ့ရပါတယ်။ ငွေကြေးအကျိုးခံစားခွင့်ဆိုရင်
အမှုတွဲပေါင်း ၂၂၁၈၅၉ မှုအတွက် ငွေကျပ်ကျပ် ၁၀၇၀၉ ဒသမ ၁၀၅ သန်းကို ဥပဒေနဲ့ အညီ ထုတ်ပေးနိုင်ခဲ့
ပါတယ်။
မေး။ ။ လူမှုဖူလုံရေးအဖွဲ့ကို ပြုပြင်ပြောင်းလဲရေး
လုပ်ငန်းစဉ်တွေ အဆင့်အလိုက် ချမှတ်ပြီး ပြုပြင်ပြောင်းလဲခဲ့မှုတွေကို သိပါရစေရှင့်။
ဖြေ။ ။ လူမှုဖူလုံရေးအာမခံရယူထားတဲ့ အကျုံးဝင်အလုပ်သမားတိုင်း
အခွင့်အရေးတွေ ပြည့်ပြည့်၀၀ ရရှိဖို့အတွက် လူမှုဖူလုံရေးရဲ့ ကျင့်သုံးနေတဲ့ အဆင့်တွေ၊
လုပ်ငန်းတွေကို ပိုပြီးပြည့်စုံ အောင် ဆောင် ရွက်နိုင်ဖို့ IT Reform လို့ခေါ်တဲ့ အိုင်တီနည်းပညာစနစ်ကိုပြုပြင်ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။
ဒါ့အပြင် လူမှုဖူလုံရေးစီမံကိန်းအရ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကိုယခုထက်ပို အဆင့်မြှင့်တင်နိုင်ဖို့အတွက်
Provider – Purchaser split ဆောင်ရွက်ဖို့အတွက် Medical Reform ကို ကြိုးပမ်းဆောင်ရွက်
နိုင်ခဲ့ ပါတယ်။ ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေလေ့လာစိစစ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဥပဒေကို
လေ့လာ စိစစ်တဲ့ Legal Reform ကို ဆောင်ရွက်လျက်ရှိသလို စီမံခန့်ခွဲမှု အပိုင်းမှာ ပိုမိုလွယ်ကူ
ရှင်းလင်းပြီး ဝန်ဆောင်မှု တိတိကျကျပေးနိုင်မယ့် Administrative Reform ကို ပြောင်းလဲဖို့
ကြိုးစားနေတာ ဖြစ်ပါ တယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ကလေးအလုပ်သမား
လုံးဝပပျောက်ဖို့အတွက် ရည်မှန်းချက် ထားပြီး အစီအစဉ် တွေချမှတ်လုပ်ဆောင်နေတာကို ရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ ၂၀၁၈-၂၀၂၃ စီမံကိန်းဖြစ်တဲ့ အမျိုးသားအဆင့်
လုပ်ငန်းစီမံချက် ပထမငါးနှစ် စီမံကိန်းကို ဖွဲ့စည်းထားပြီးဖြစ်တဲ့ မြန်မာနိုင်ငံ ကလေးအလုပ်သမား
ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ ကနေ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ စီမံကိန်းအကောင်အထည်ဖော်မယ့်ရည်မှန်းချက်
၆ရပ်နဲ့ စပ်လျဉ်းပြီးလုပ်ငန်း စီမံချက်(မူကြမ်း)ကို ရေးဆွဲလျက်ရှိပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ဒုတိယသမ္မတ ဦးဆောင်တဲ့
ပထမအကြိမ် အမျိုးသားကော် မတီညှိနှိုင်း အစည်း အဝေးဆုံးဖြတ်ချက်တွေကို ဆောင်ရွက်ဖို့အတွက်
အမျိုးသားကော်မတီရဲ့အတွင်းရေးမှူးအဖွဲ့ကို ဖွဲ့ စည်းခဲ့ပြီး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကနေ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်(မူကြမ်း)ကို
၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ စတင်အကောင် အထည်ဖော်ဖို့ လုပ်ဆောင် နေခြင်းဖြစ်ပါတယ်။ ဒါ့အပြင်
လုပ်ငန်းကဏ္ဍအမျိုး ၂၀နဲ့ လုပ်ငန်းခွဲ ၁၀၈ ခု ပါဝင်တဲ့ ကလေးအလုပ် သမားဆိုင်ရာ အန္တရာယ်ရှိတဲ့
အလုပ်စာရင်း (မူကြမ်း)ကို ရေးဆွဲထားပြီး အတည်ပြုပြဋ္ဌာန်း နိုင်ဖို့အတွက် လုပ်ဆောင်နေပါတယ်။
မေး။ ။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့
ကျန်းမာရေးကဏ္ဍတွေမှာ လက်ရှိ ဆောင်ရွက်ပေးမှု အပိုင်းကိုသိပါရစေရှင့်။
ဖြေ။ ။ လုပ်ငန်းခွင်အတွင်းမှာ ဘေးကင်းလုံခြုံပြီး
ကျန်းမာကြံ့ခိုင်ရေး၊ ထိခိုက်မှုမရှိရေးက အလုပ်ရှင်နဲ့ အလုပ်သမားတွေအတွက် အလွန်အရေးကြီးပါတယ်။
ဌာနကနေအားလုံးကို တစ်ပြိုင်နက်တည်း လုပ် ဆောင်ပေးဖို့ဆိုတာလည်း ခက်ခဲပါတယ်။ ယခုအချိန်မှာ
ကော်မတီတွေဖွဲ့စည်းပေးဖို့ တွန်းအားပေး နိုင်ခဲ့တဲ့အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကနေ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ စက်ရုံ၊ အလုပ်ရုံတွေ မှာ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့
ကျန်းမာရေးကော်မတီ ၁၁၅ ခုအထိ ဖွဲ့စည်းလာ နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်အထိ ကော်မတီ ၁၂၇၄
ခုအထိ တိုးမြှင့်ဖွဲ့စည်းလာနိုင်ခဲ့ ပြီဖြစ်ပါတယ်။
မေး။ ။ အလုပ်သမားရေးရာ အငြင်းပွားမှုတွေနဲ့
စပ်လျဉ်းပြီး ယခုကာလ အတွင်းဆောင် ရွက်ပေးခဲ့ မှုတွေကိုသိပါရစေရှင့်။
ဖြေ။ ။ တတိယ(၁) နှစ်တာအတွင်း ခုံသမာဓိ
ကောင်စီကနေ အလုပ်သမားရေးရာ အငြင်းပွားမှု ၆၈ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ပါတယ်။ အလုပ်သမား
၁၂၁၉ ဦးအတွက် ငွေကြေး အကျိုးခံစားခွင့် ငွေကျပ်ကျပ် ၃၃၂ ဒသမ ၆၃၆ သန်းနဲ့ အမေရိကန်ဒေါ်လာ
၁၆၀၄၇ အထိရရှိခဲ့တာကို တွေ့ရှိရပါ တယ်။ ခုံသမာဓိအဖွဲ့ကနေ အလုပ်သမားရေးရာ အငြင်းပွားမှု
၁၀၆ မှုအထိ ဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမား ၁၃၈ဦးအတွက် ငွေကျပ်ကျပ် ၂၇ ဒသမ ၁၁ သန်းနဲ့
အမေရိကန်ဒေါ်လာ ၁၉၇၅ အထိ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
▲အလုပ်ရှင်၊ အလုပ်သမားအရေးညှိနှိုင်းဖျန်ဖြေ▲
မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့တွေကို
ဖွဲ့စည်းတဲ့နေရာမှာ အငြင်းပွားမှု ၁၂၇၅ မှုကို လက်ခံရရှိခဲ့ပြီး ကျေအေးမှု ၁၁၇၃ မှု၊ပြည်နယ်နဲ့
တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့ကို လွှဲပြောင်းမှု ၁၀၂ မှု ရှိခဲ့ပါတယ်။ အဲဒီကနေအလုပ်သမား
၃၇၅၆ ဦးအတွက် ငွေကျပ် ကျပ် ၁၄၀၀ ဒသမ ၅၅၈သန်းနဲ့ အမေရိကန် ဒေါ်လာ ၃၀၀ ကို ခံစားခွင့်ရရှိအောင်
ဆောင်ရွက်ပေးခဲ့ပါတယ်။
မေး။ ။ ပြည်ဝင်ခွင့် ဗီဇာလျှောက်ထားမှုတွေကို
ဖြေလျှော့ပေးခဲ့တာနဲ့ စပ်လျဉ်းပြီး ရှင်းပြပေးပါဦးရှင်။
ဖြေ။ ။ မြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံခြားသားတွေ
ဗီဇာလျှောက်ထားရာမှာ ပြည်ဝင်ခွင့်ဗီဇာ ၁၂ မျိုး ရှိပါတယ်။ လုပ်ငန်း၊ လူမှုရေး၊ သာသနာရေး၊
နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ပညာရေးနဲ့ ယာဉ်အမှု ထမ်းဗီဇာတို့ ပါဝင်ပါတယ်။ အဲဒီဗီဇာတွေကို
သုံးလကနေ ခြောက်လ၊ ခြောက်လကနေ တစ်နှစ်သက် တမ်းရှိ အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာတွေအဖြစ်
တိုးမြှင့်ခွင့်ပြုပေးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လမှာ သံတမန်ရဲ့ ဧည့်သည်တွေ ပြည်ဝင်ဗီဇာနဲ့
သံတမန်မဟုတ်တဲ့ သံရုံးဝန်ထမ်း တွေနဲ့ သူတို့ရဲ့မိသားစု ဝင်တွေအတွက် ပြည်ဝင်ဗီဇာနှစ်မျိုးကို
တိုးမြှင့်သတ်မှတ်ပေးခဲ့တဲ့အပြင် တစ်ကြိမ်ပြည်ဝင်ခွင့်နဲ့ သုံးလ၊ ခြောက်လ၊ တစ်နှစ်နေခွင့်သက်တမ်းရှိတဲ့
အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာတွေ လျှောက်ထားဖို့ ခွင့်ပြုခဲ့ ပါတယ်။
ဆိုက်ရောက်ဗီဇာစနစ်Visa on Arrival
(VOA)နဲ့ နိုင်ငံပေါင်း ၅၃ နိုင်ငံခွင့်ပြုရာကနေ သုံးနှစ်အတွင်းမှာ ယူကရိန်းနဲ့ ရုရှားကိုထပ်မံခွင့်ပြုထားပြီး
ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ
နိုင်ငံပေါင်း ၅၅ နိုင်ငံက လုပ်ငန်းဗီဇာ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်း အဝေး၊ ဆွေးနွေးပွဲ၊
သုတေသန၊ ဖြတ်သန်းနဲ့ ယာဉ်အမှုထမ်းဗီဇာတွေမှာ ယခုစနစ် ကို အသုံးပြုရာက သာမန်နိုင်ငံကူးလက်မှတ်ကိုင်တဲ့
တရုတ်နိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသား ကမ္ဘာလှည့် ခရီးသွားတွေကို ထပ်မံခွင့်ပြုပေးခဲ့ပါတယ်။
ယခုဆိုရင် ဆိုက်ရောက်ဗီဇာစနစ်နဲ့ နိုင်ငံခြားသားခရီးသည် ၃၉၈၂၁၄ ဦးကို ခွင့်ပြုခဲ့ပြီး
ဗီဇာကြေး အမေရိကန်ဒေါ်လာ ၁၉၂၇၁၃၃၀ အထိ ကောက်ခံရရှိထားပြီး ဖြစ်ပါတယ်။
▲အပြည်ပြည်ဆိုင်ရာလေဆိပ်များအပြင်
နယ်စပ်များမှဝင်ရောက်▲
ကမ္ဘာလှည့်ဗီဇာ (e-Visa) (Tourist) နဲ့
နိုင်ငံပေါင်း ၁၀၀ နဲ့ စီးပွားရေးဗီဇာက နိုင်ငံပေါင်း ၅၅ နိုင်ငံကို ခွင့်ပြုနိုင်ခဲ့ပြီး
အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုအပြင် မြန်မာ-ထိုင်းနဲ့ မြန်မာ- အိန္ဒိယအပြည်ပြည်ဆိုင်
ရာ နယ်စပ်ဝင်ထွက်ပေါက် ကနေလည်း ဝင်ခွင့်ထွက်ခွင့်တွေ ပြုနိုင်ခဲ့ပါတယ်။ Express
e-Visa (Tourist) ကို ၂၄ နာရီအတွင်း ထပ်မံခွင့်ပြု ဆောင်ရွက်ခဲ့တာ ယခုဆိုရင် နိုင်ငံခြားသားခရီးသည်
၁၁၀၃၄၄၆ ဦး ခွင့်ပြုပေးခဲ့လို့ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၂၅၃၈၆၆၂ အထိ ကောက်ခံရရှိခဲ့ပါ
တယ်။
သံတမန်နဲ့ အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်
ထားသူတွေကို အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို အာဆီယံနိုင်ငံတွေအပြင် နိုင်ငံပေါင်း
၂၃ နိုင်ငံနဲ့ ရရှိထားပြီးဖြစ်သလို အစ္စရေး နိုင်ငံဆိုရင် စာချုပ်အသက်ဝင်တဲ့ရက် အတည်ပြုပြီးသွားခဲ့ရင်
စတင်လို့ အပြန်အလှန် ဗီဇာကင်းလွတ် ခွင့်နဲ့ သံတမန်နဲ့ အထူးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေ
သွားလာနိုင်ပါပြီဖြစ်ပါတယ်။
သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအတွက်
အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ကို မလေးရှား နိုင်ငံမှအပ ကျန်အာဆီယံနိုင်ငံတွေနဲ့ စာချုပ်ချုပ်ဆို
ခွင့်ပြုပေးနေပါတယ်။ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ
ဟောင်ကောင်၊ မကာအိုတို့က နိုင်ငံကူး လက်မှတ်ကိုင် ဆောင်သူ(ကမ္ဘာလှည့်ခရီးသွား)တွေကို
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်က နေစပြီး ဗီဇာကင်း လွတ်ခွင့်နဲ့ အပြည်ပြည်ဆိုင်ရာဝင်ပေါက်၊
ထွက်ပေါက်တွေ ကနေခွင့်ပြုပေးခဲ့ပါ တယ်။
မေး။ ။နိုင်ငံကူးလက်မှတ် ထုတ်ပေးနေမှုနဲ့အမည်
မည်းစာရင်း ရေးသွင်းထားသူတွေ ကို ဖြေလျှော့ပေး နေမှုကို သိပါရစေရှင့်။
ဖြေ။ ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ
မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံး ၁၇ ရုံးရှိပါ တယ်။ ယခုနှစ်ပိုင်း ထပ်မံဖွင့်လှစ်တဲ့
တာချီလိတ်၊ မြ၀တီနဲ့ ကော့သောင်းမြို့တို့မှာရုံးခွဲ တွေဖွင့် လှစ်ထားပြီး နိုင်ငံကူးလက်မှတ်
လျှောက်ထားသူတွေကို မြန်မာနိုင်ငံသားဖြစ်ကြောင်း စိစစ်ပေးခဲ့ပါ တယ်။ သုံးနှစ်တာကာလအတွင်း
အမျိုးသား၁၄၁၃၈၄၅ ဦးနဲ့ အမျိုးသမီး ၁၀၆၁၄၂၃ ဦးတို့ကို စိစစ် ဆောင်ရွက်ပေးခဲ့ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အမည်မည်း
စာရင်းရေးသွင်းထားတဲ့သူတွေကို ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်း များနဲ့အညီ အမည်မည်းစာရင်းကနေ
ပယ်ဖျက်ခြင်းဆောင်ရွက်ပေး ခဲ့ရာ သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသား ၃၂၁ ဦးနဲ့ နိုင်ငံခြားသား
၄၄၅ ဦးကို ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ပါ တယ်။
▲မြန်မာနိုင်ငံသားအဖြစ်ပြန်လည်လက်ခံခွင့်ပြုပေးနေ▲
နိုင်ငံတကာကနေ လာရောက်မယ့် ခရီးသည်ဆိုင်ရာ
အချက်အလက်တွေကို တစ်ဖက်နိုင်ငံ လေကြောင်းလိုင်းကို ဝင်ရောက်စဉ်ကတည်းက အမည်မည်းစာရင်း
(Black List) တွေ ကြိုတင်စစ် ဆေး နိုင်တဲ့စနစ် MAPPS ( Myanmar Advanced Passenger
Processing System) ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ ၂၀၁၈ ခုနှစ် မတ်လကနေ စတင်ဆောင်ရွက်နိုင်
ခဲ့ပါတယ်။
မြန်မာနိုင်ငံသားဟောင်းတွေကို မြန်မာနိုင်ငံသားအဖြစ်
ပြန်လည်ခံယူခွင့်ပြုရေးကို ဆောင်ရွက်တဲ့ အခါမှာ သုံးနှစ်တာကာလအတွင်း လျှောက်ထားသူ ၁၁၇ဦးအနက်
၆၈ ဦးကို ခွင့်ပြုပေးခဲ့ပါတယ်။ နိုင်ငံ ခြားသား အမြဲတမ်းနေထိုင်ခွင့်စနစ်ကို အကောင်အထည်ဖော်ခဲ့ရာမှာ
လျှောက်ထားသူ ၅၉၀ အနက် ခွင့်ပြုပြီးသူ ၄၈၀ ကို နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လက်မှတ်နဲ့
ကတ်ပြားတွေထုတ် ပေးလျက်ရှိ ပါတယ်။
အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ နယ်စပ်ဝင်ထွက်ဂိတ်တွေမှာ
MRTD စနစ်နဲ့ ခရီးသည် ဆိုင်ရာ အချက်အလက်ရယူတဲ့ Border Control System (BCS)စနစ်ကို
အသုံးပြုနေပြီး နိုင်ငံ တကာစံချိန်မီ စနစ်တစ်ခုဖြစ်လာအောင် အသစ်ပြန်လည်ရေး ဆွဲနေပြီ
ဖြစ်ပါတယ်။
မေး။ ။ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်မှု
ဖြစ်စဉ်တွေနောက်ပိုင်းမှာ ပြန်လည်လက်ခံရေး အတွက် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နေတဲ့ အကြောင်းကိုရှင်းပြပေးပါဦးရှင့်။
ဖြေ။ ။ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး
ဘင်္ဂလားဒေ့ရှ်နိုင် ငံကို နေရပ်စွန့်ခွာ သူတွေကုန်းလမ်းကနေ ပြန်လည်ဝင် ရောက်လာသူတွေအတွက်
တောင်ပြို(ဝဲ) ပြန်လည် လက်ခံရေး စခန်းနဲ့ ရေကြောင်းက ပြန်ဝင်ရောက် လာသူတွေအတွက် ငါးခူရ
ပြန်လည်လက်ခံရေး စခန်းတွေကို ဖွင့်လှစ်ဆောင် ရွက်ပေးနေပါတယ်။
ပြန်လည်လက်ခံရေးလုပ်ငန်းတွေ အဆင်ပြေရေးအတွက်
အထောက်အပံ့ဖြစ်အောင် မိမိတို့ ဝန်ကြီး ဌာနနဲ့ ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ် (UNDP)၊ ကုလသမဂ္ဂဒုက
္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ သုံးပွင့်ဆိုင် နားလည်မှု စာချွန်လွှာကို
၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်မှာ လက်မှတ်ရေးထိုး ခဲ့ပြီး လုပ်ငန်းစဉ် အဆင့်တိုင်းအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက
အဖွဲ့ဝင်တွေ ပါဝင်တဲ့ နည်းပညာ လုပ်ငန်းအဖွဲ့ (Technical Working Group)ကို ဖွဲ့စည်းခဲ့ပြီး
TWG အစည်းအဝေး ရှစ်ကြိမ်ကျင်းပ ခဲ့ပါတယ်။နေရပ်စွန့်ခွာသူတွေက ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ဖူးသူ
ဟုတ်မဟုတ် စိစစ်တာတွေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်ကစတင် ဆောင်ရွက်နေပြီးစိစစ်တွေ့ရှိချက်တွေကို
နိုင်ငံတော် အတိုင်ပင်ခံရုံးကို တင်ပြဆောင်ရွက်နေပါတယ်။
မေး။ ။ အမျိုးသားမှတ်ပုံတင်ရေးနဲ့ နိုင်ငံသား
မှတ်ပုံတင်လုပ်ငန်းတွေမှာ တတိယ (၁)နှစ်တာအတွင်း လုပ်ဆောင်မှုတွေ တိုးချဲ့ဆောင်ရွက်ခဲ့မှုကိုသိပါရစေရှင့်။
ဖြေ။ ။ ပြည်သူတွေအမှန်တကယ် လိုအပ်နေတဲ့
နိုင်ငံသားစိစစ်ရေးကတ်နဲ့ အိမ်ထောင်စုလူဦးရေ စာရင်းကို လွယ်ကူမြန်ဆန်စွာ ထုတ်ပေးဖို့အတွက်
အစိုးရသစ်စတင်တာဝန်ယူစဉ်ကတည်းက သစ္စာ စီမံချက်မှာ ထည့်သွင်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံအတွင်းနေထိုင်တဲ့ ပြည်သူတွေကိုင်ဆောင်သင့်တဲ့ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ဖို့
ဖြေလျှော့နည်း တွေ အများကြီးသုံးပြီး သစ္စာစီမံချက်ကို ဆောင်ရွက် ရတာဖြစ်ပါတယ်။ အစိုးရရဲ့
တတိယ(၁)နှစ်တာ အတွင်းမှာ ပြည်သူပေါင်း ၂၃၃၈၃၉၂ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ
ထုတ်ပေးခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့ပေါ်ရပ်ကွက် ၁၅ ခုနဲ့ ရန်ကုန်တိုင်း
ဒေသကြီး လှိုင်သာယာ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး မြို့နယ် ၂၈ မြို့နယ်တွေမှာ ကျောင်းသူ
ကျောင်းသားတွေ၊ ဒေသခံ တွေနဲ့ မိဘမဲ့ကလေးတွေကို သစ္စာစီမံချက်နဲ့ကွင်းဆင်းပြီး ပြည်သူလက်ဝယ်
အရောက် နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ထုတ်ပေးနိုင်ခဲ့ပါတယ်။
အစိုးရသက်တမ်းအတွင်းမှာ နိုင်ငံသားအဖြစ်
၂၈၅ ဦး၊ နိုင်ငံသားပြုခွင့်ရသူ ၃၅၂၉ ဦး၊ အသက် ၁၈ နှစ်အထက် သားသမီးနိုင်ငံသားပြုအဖြစ်
၁၈၈ ဦး၊ ၁၈ နှစ်အောက် သားသမီးနိုင်ငံသားပြုအဖြစ် ၁၀၄၆ ဦး၊ အသက် ၁၈ နှစ်အထက် ဧည့်နိုင်ငံသား
အဖြစ် ၁၃ ဦး တို့ကို စိစစ်ခွင့်ပြုပေးခဲ့ပါတယ်။
မေး။ ။ နေရပ်စွန့်ခွာသူတွေ၊ တိုက်ပွဲရှောင်
ပြည်သူ တွေနဲ့ ရွှေ့ပြောင်းအလုပ် သမားတွေ အတွက် အသိအမှတ်ပြုကတ်ပြားတွေ ထုတ်ပေးတာမျိုး
ရှိပါသလားရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေအနက်
နိုင်ငံသားစိစစ်မှုခံယူဖို့ လိုအပ်သူတွေကို ဥပဒေ တွေနဲ့အညီ နိုင်ငံသားစိစစ်ခံရမည့်သူရဲ့
သက်သေခံကတ်ပြားNV Cardစုစုပေါင်း ၆၇၆၉၉ ဦးထုတ် ပေးခဲ့ပြီး သူတို့အတွက် ဥပဒေနဲ့ အညီ
ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်ခွင့်ရအောင် ဆက်လက် ဆောင်ရွက်နေပါတယ်။
▲နေရပ်စွန့်ခွာသူနှင့် တိုက်ပွဲရှောင်သူများအတွက်စီစဉ်ပေးခဲ့▲
ကချင်ပြည်နယ်အတွင်းက IDP စခန်း ၈၉ ခု၊
ခရစ်ယာန်ဘာသာရေး ကျောင်းတွေနဲ့ တိုက်ပွဲရှောင် ခေတ္တနေရပ်စွန့်ခွာနေထိုင်သူတွေကို နိုင်ငံသားစိစစ်ရေးကတ်ပြား
ပျောက်ဆုံး၊ ပျက်စီးတာ တွေကို မိတ္တူတွေထုတ်ပေးတာ၊ အသစ်လျှောက် ပေးတာတွေ ဆောင်ရွက်ခဲ့ပြီး
၂၉၃၅၁ ဦး အထိ ရှိလာပြီဖြစ် ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့မှာရှိတဲ့
IDP စခန်း ၂၀ မှာ နေရပ်စွန့်ခွာနေထိုင်သူ ၄၃၆၆ ဦးကို ကိုင်ဆောင် သင့်တဲ့ ကတ်ပြားတစ်မျိုးမျိုးရအောင်
ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေသအသီးသီးကသာသနာ နွယ်ဝင်စိစစ်ရေးကတ်ပြားအဖြစ် သာမဏေ
၁၇၅၄၅ ပါး၊ ရဟန်းအပါး ၃၇၈၆၀ နဲ့ သီလရှင်အပါး ၆၈၃၀တို့ကို စိစစ်ထုတ်ပေးခဲ့ပါတယ်။
NeIDစနစ်နဲ့ စမတ်ကတ်လုပ်ဆောင်ဖို့ ရှေ့ပြေးစာရင်းအဖြစ် အချက်အလက် ကောက်ယူတာတွေကို လုပ်ဆောင်ခဲ့ပြီး
ကျား၊ မ ၂၃၇၄၇၈၇ ဦးတို့ကို ကောက် ယူနိုင်ခဲ့ပါတယ်။ ယခုအခါမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက
အကျဉ်းထောင်၊ ရဲဘက်စခန်း အသီးသီးက အကျဉ်းသားတွေကို Biographic Data နဲ့ Biometric
Data ကောက်ယူတာတွေကို စတင်ဆောင်ရွက် လျက်ရှိရာ ယခုနှစ် ဖေဖော်ဝါရီလ ၂၅ရက်မှ မတ်လ ၎
ရက် အထိ အကျဉ်းသား ၃၇၈၂ ဦး၊အကျဉ်းသူ ၁၄၁ ဦးတို့ကို ကောက်ယူပေးနိုင်ခဲ့ပါတယ်။
▲ပြည်ပရောက်မြန်မာနိုင်ငံသားဟုတ်မဟုတ်စိစစ်▲
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း
အလုပ်သမား ၁၀၉၉၅၈၆ ဦးကို မည်သူမည်ဝါ ဖြစ် ကြောင်း သက်သေခံလက်မှတ်C I ကိုထုတ် ပေးခဲ့ပြီး
ပြည်ပနိုင်ငံတွေကို အကြောင်းအမျိုးမျိုး နဲ့ရောက် နေတဲ့ မြန်မာနိုင်ငံသား ဟုတ်မဟုတ်
စိစစ်ရန် ပေးပို့လာသူ ၃၉၅၀၉ ဦးအနက် ၃၅၇၈၀ ကို စိစစ် ဖြေကြားပေးခဲ့ပါတယ်။ e-
Government စနစ်ရဲ့ ရှေ့ပြေးစနစ် e-ID ကို အကောင်အထည် ဖော်ဖို့ အတွက် ကော်မတီတွေ ဖွဲ့စည်းပြီး
အလုပ်ရုံ ဆွေးနွေးပွဲတွေကို လုပ်ဆောင်ခဲ့ပြီး အကြံပေး ဝန်ဆောင် မှုအဖွဲ့ကို ငှားရမ်းအသုံးပြုနိုင်ရေး
ပြင်ဆင်လျက်ရှိပါတယ်။
မေး။ ။ ပြည်သူ့အင်အားစာရင်း ကောက်ယူရေး
လုပ်ငန်းနဲ့ ပတ်သက်ပြီးရှင်းပြပေး ပါဦး။
ဖြေ။ ။ ၂၀၁၄ ခုနှစ်က လူဦးရေနဲ့ အိမ်အကြောင်း
အရာ သန်းခေါင်စာရင်းကောက် ယူခြင်းကို တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။
ရရှိလာတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို လေ့လာစိစစ်ပြီး အစီရင်ခံစာထုတ်ပြန်တာ၊ ရလဒ်ပေါ်မူတည်ပြီး
အသေးစိတ်ဆန်းစစ်လေ့လာမှုကို လုပ်ဆောင်ခဲ့တဲ့အတွက် သုတေသနစာတမ်း ၁၃ စောင်၊ သန်းခေါင်စာရင်းရလဒ်မြေပုံနဲ့
ရှုထောင့်နယ် ပယ်စုံ လူမှုဘ၀ဖူလုံရေးအစီရင် ခံစာတွေကို ဖြန့်ဝေနိုင်ခဲ့ပါတယ်။
▲လူဦးရေနှင့်သန်းခေါင်စာရင်း
ဆိုင်ရာအချက်အလက်မျှဝေ▲
ပြည်တွင်းပြည်ပကနေ သန်းခေါင်စာရင်း အချက်အလက်
အသုံးပြုလိုသူ တွေအတွက် ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွေမှာ လွှင့်တင်ထားပါတယ်။
လူဦးရေ ခန့်မှန်းတွက်ချက် ခြင်းဆိုင်ရာ သုတေသနစာတမ်းမှာ ကျား၊ မ အလိုက်၊ အသက်အပိုင်းအခြားအလိုက်၊
တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်၊ လူဦးရေစာရင်းကို သက္ကရာဇ် ၂၀၃၁အထိ ခန့်မှန်းတွက်ချက်ထုတ်ပြန်ခဲ့ပါတယ်။
၂၀၃၁ ခုနှစ်အထိ မြို့နယ်အလိုက်လူဦးရေ ခန့်မှန်းခြင်း (Forward Projection) နဲ့ ၁၉၈၄
ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ နောက်ကြောင်းပြန် လူဦးရေခန့်မှန်းတွက်ချက်ခြင်း
(BackwardProjection) နဲ့ သုတေသန လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ Micro Data Setရ ယူလိုရင်ပေးအပ်တာတွေ၊
၂၀၁၄ ခုနှစ်သန်းခေါင်စာ ရင်း Master Sample Frameကနေ အခြေခံစာရင်း ကောက်ကွက်တွေကို
ပံ့ပိုးပေးလျက်ရှိပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ထပ်မံမကောက်ယူမီ
လျင်မြန်စွာ ပြောင်းလဲနေတဲ့ လူမှုစီးပွားရေးဆိုင်ရာ အကြောင်းအရာတွေကို လေ့လာသုံးသပ်နိုင်ဖို့နဲ့
စာရင်းအင်း လိုအပ်ချက်တွေကို အချိန်နဲ့တစ်ပြေးညီ ဖြည့်ဆည်းပေးဖို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ
ကြားဖြတ်လူဦး ရေ သန်းခေါင်စာရင်း ကောက်ယူသွားဖို့အတွက်လည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေပါ
တယ်။
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ရှင့်။
တွေ့ဆုံမေးမြန်း - ခင်ရတနာ
ဓာတ်ပုံ - မေဦးမိုး
ဓာတ်ပုံ - မေဦးမိုး








No comments:
Post a Comment