Monday, April 22, 2019

နိုင်ငံတော်အစိုးရ၏ တတိယ (၁) နှစ်တာ ကာလအတွင်း စက်မှုဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ








နိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် မူဝါဒ(၄)ရပ်၊ ရည်မှန်းချက်(၂)ရပ်နှင့် လုပ်ငန်း စဉ်(၆)ရပ ချမှတ်ပြီး ဝန်ကြီးရုံး၊ ဦးစီးဌာန နှစ်ခု၊ စက်မှုလုပ်ငန်း လေးခုဖြင့် ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်တွင် စက်မှု ဝန်ကြီးဌာနကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

စက်မှုကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး
နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ စက်မှုဆိုင်ရာမူဝါဒများ ရေးဆွဲပြဋ္ဌာန်းနိုင်ရေး အတွက် တာဝန်ခံ ဆောင်ရွက်ခြင်း၊ စက်မှုဖွံ့ ဖြိုးရေး မဟာဗျူဟာနှင့် စက်မှုဇုန်ဥပဒေများရေးဆွဲခြင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေ များအရ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စွမ်းအင် ခြိုးခြံချွေတာရေးအတွက် မူဝါဒများ၊ လမ်းညွှန်ချက် (သို့မဟုတ်) ဥပဒေမူဘောင် ပေါ်ထွက်လာရန် ဆောင်ရွက်ခြင်း၊ စက်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် စက်မှုသင် တန်းကျောင်းများတွင် စက်မှုကျွမ်းကျင်လုပ်သားများကို လေ့ကျင့် သင်ကြား မွေးထုတ် ပေးခြင်းများကို ဆောင်ရွက် လျက်ရှိသည်။
ထို့ပြင် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေများအရ လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာမူဝါဒ ရေးဆွဲပြီးဖြစ်၍ မော်တော် ယာဉ်ထုတ်လုပ်မှု ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ ဥပဒေများ ဆက်လက်ရေးဆွဲခြင်းများအပြင် Myanmar Sustainable Development Plan နှင့် Myanmar Investment Promotion Plan တို့နှင့်ချိတ်ဆက်၍ စက်မှု ကဏ္ဍ ဖွံ့ ဖြိုးတိုး တက်ရေး စီမံချက်များ ရေးဆွဲချမှတ် ဆောင်ရွက်လျက်ရှိသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် တတိယ (၁) နှစ်တာ ကာလအတွင်း နိုင်ငံတော်မှချမှတ် ထားသော စီးပွားရေးမူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ စီးပွားရေး မူဝါဒနှင့်အညီ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရန် စက်ရုံများတွင် သုတေသနနှင့် ဆန်းသစ်တီထွင်မှုများပြုလုပ်ပြီး ထုတ်ကုန် အရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ ဈေးကွက် လိုအပ်ချက်နှင့်ကိုက်ညီသော ထုတ်ကုန်များ တိုးချဲ့ထုတ်လုပ်နိုင်ရေး၊ အရောင်းမြှင့်တင်ရေး၊ နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများကို အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) ပိုမိုမြှင့်တင်ရေး၊ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များ ဖွံ့ ဖြိုးတိုးတက်ရေး၊ စက်မှုဆိုင်ရာ ကျွမ်းကျင် လုပ်သားများကို စနစ်တကျ လေ့ကျင့်ပျိုးထောင် ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်အရ ရွေ့လျားအသက်မွေးပညာ သင်တန်းများကို ဒေသအရောက် သွားရောက် ဖွင့် လှစ်ခြင်း၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ယာဉ်၊ ယန္တရားများကို ပြည်သူများ စိတ်ချလုံခြုံ ဘေးကင်းစွာ အသုံးပြု နိုင်ရေးအတွက် စစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျစစ်ဆေးဆောင်ရွက ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်နိုင်ရေး စသည် လုပ်ငန်းများကို အစီအမံများချမှတ် ဆောင်ရွက်လျက်ရှိသည်။
သုတေသနနှင့် ဆန်းသစ်တီထွင်မှုများ
စက်မှုဝန်ကြီးဌာနရှိ ဆေးဝါးစက်ရုံများမှ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက် မှုကဏ္ဍ အတွက် အဓိက လိုအပ်သော အခြေခံအကျဆုံး ဆေးဝါးများ (Essential Drugs) များကို ပြည်တွင်းနှင့် နိုင်ငံတကာ ဆေးဝါး ထုတ်လုပ်မှု စံနှုန်းများ၊ စံချိန်စံညွှန်း၊ အရည်အသွေးကိုက်ညီပြီး သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဆေးဝါးများ အရည်အသွေးပြည့်မီရေး အတွက် ကုန်ကြမ်းများကို ကမ္ဘာ့  ကျန်းမာရေးအဖွဲ့၏ စံသတ်မှတ်ချက်များနှင့် အညီ သတ်မှတ်အပူချိန်၊ စိုထိုင်းဆများအတိုင်း ထိန်းညှိ သိုလှောင်ထိန်းသိမ်းခြင်း Good Storage Practice(GSP) နှင့်အညီ ဆောင်ရွက် နိုင်ရေး အတွက် fAutomated Warehouse ကို ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ကောင်းမွန်သည် ထုတ်လုပ်မှု စနစ် Good Manufacturing Process (GMP) နှင့်အညီ ထုတ်လုပ်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်း လုပ်ငန်းစဉ်များကို တိတိကျကျ ချမှတ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ဆေးဝါးကဏ္ဍတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၌ ဆေးဝါးစက်ရုံ (အင်းစိန်)မှ ဆေးဝါး ၁၅ မျိုးနှင့် ဆေးဝါးစက်ရုံ (အင်ရောင်း)မှ ဆေးဝါး ငါးမျိုး စုစုပေါင်း အမျိုး ၂၀ ကို တီထွင် စမ်းသပ် ထုတ်လုပ်ခဲ့သည်။
ထုတ်ကုန်များတိုးချဲ့
ဆေးဝါးစက်ရုံ(အင်းစိန်)တွင် လျှပ်စစ်မီး မရရှိသည့် ကျေးလက်ဒေသများ၌ သာမန် အခန်းအပူချိန်တွင် ဆေးသက်တမ်း ငါးနှစ်အထိ ထားရှိနိုင်သော အေးခဲခြောက် ပုံစံဖြင့် မြွေဆိပ် ဖြေဆေးများကို ဩစတြေးလျ နိုင်ငံ၏ နည်းပညာ ပံ့ပိုးမှုအကူ အညီဖြင့် မြွေဆိပ်ဖြေဆေး အေးခဲ ခြောက်စနစ် (Freeze Dried form) ကို စီမံထုတ်လုပ်ကာ ကျေးလက်ဒေသများအထိ သယ်ဆောင်အသုံးပြုနိုင်သည့်အတွက် မြွေကိုက် လူနာများကို အချိန်နှင့်တစ်ပြေးညီ ကုသပေး နိုင်ပြီဖြစ်သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် ဆေးဝါးမျိုးစုံ ထုတ်လုပ်မှုတွင် ယခင်က ပြည်တွင်း လိုအပ်ချက်၏ ၅ ရာခိုင်နှုန်း အောက်သာ ထုတ်လုပ်နိုင်ခဲ့ပြီး တတိယ (၁)နှစ်တာ ကာလအတွင်း ပြည်တွင်းလိုအပ်ချက်၏ ၁၀ ရာခိုင် နှုန်း ကျော်၊ တန်ဖိုးငွေကျပ် ၄၉ ဘီလီယံအထိ ထုတ်လုပ်နိုင်ခဲ့သဖြင့် ပြည်ပမှ ဆေးဝါးတင်သွင်းမှုကို လျော့နည်း စေခဲ့သည်။
ဆေးဝါးထုတ်လုပ်မှုမှ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ၃၁၈၈၁ ဒသမ ၉၁၆ သန်း၊ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၄၇၆၄၄ ဒသမ ၇၉၇ သန်းရရှိခဲ့ရာမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာ နှစ်တွင် ငွေကျပ် ကျပ်သန်း ၄၉၀၀၀ ထုတ်လုပ်ရန် လျာထား ဆောင်ရွက်လျက်ရှိသည်။
သွေးကြောသွင်းဆေးရည် (Saline) ၏ ပြည်တွင်းသုံးစွဲမှုအရေ အတွက်သည် နှစ်စဉ် ၇၅ သန်းခန့် ရှိသော် လည်း စက်မှုဝန်ကြီးဌာနမှ ငါးသန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့သည်။ ယခုအခါ ကမ္ဘာအဆင့်မီ သွေးကြောသွင်းဆေးရည် ထုတ်လုပ်ရေးလိုင်းအသစ်ကို ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း) တို့တွင် တည်ဆောက် နိုင်ခဲ့သဖြင့် နှစ်စဉ် သွေးကြောသွင်းဆေးရည် ၁၅ သန်းခန့်ကို ပြည်တွင်းလိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ အထိ ထုတ်လုပ်ဖြည့်ဆည်းပေးနိုင်မည့်အပြင ပြည်တွင်း၌ လိုအပ်ချက်မြင့်မားလျက်ရှိသော မေးခိုင် ရောဂါကာကွယ်ဆေးနှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများကို ၂၀၁၈ - ၂၀၁၉ ခုနှစ်အတွင်း ဆက်လက် ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိသည်။
ထို့ပြင် ပြည်တွင်း၌ လိုအပ်နေသည့် ဈေးကွက်ဝင်အဆင့်မြင့် (၁/၄၀)ပေါင်းချည်များ ကို အိန္ဒိယနိုင်ငံ၏ နည်းပညာဖြင့် ပုဂ္ဂလိက နှင့်ပူးပေါင်း၍ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ထုတ်လုပ်ခဲ့ရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ချည်ပေါင် ၁၃ ဒသမ ၅ သိန်းကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်အတွင်း လူကြိုက် များသည့်အတွက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတွက် ဆေးရုံသုံး ပရိဘောဂပစ္စည်းအမျိုးမျိုး၊ ခွဲစိတ်ခန်းသုံး စတီးလ်ပစ္စည်းများ၊ ဆေးရုံသုံး လူနာတင်ယာဉ်သုံးပစ္စည်းများကို Medical Grade နှင့်အညီ ထုတ်လုပ် ဖြန့်ဖြူး ပေးလျက်ရှိသည်။
မော်တော်ယာဉ်ကဏ္ဍ
စက်မှုဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်အတွင်း ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့် AMBULANCE များနှင့် ပြည်ပမှတင်သွင်းလာမည့် AMBULANCE များ၏ အရည်အသွေးကို စစ်ဆေးအတည်ပြုမည် မြန်မာနိုင်ငံ လူနာတင်ယာဉ် အရည်အသွေး သတ်မှတ်စစ်ဆေးရေးအဖွဲ့ (Commission on Accreditation of Ambulance, Myanmar- CAAM ) ကို ဖွဲ့စည်းခဲ့သည်။
အမှတ်(၁၅) အကြီးစားစက်ရုံ(သာဂရ)တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အတွက်Standard Type Ambulance ယာဉ် ၅၅ စီး ထုတ်လုပ်ပေးနိုင်ခဲ့ပြီး ဆက်လက်၍ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်းMedical Equipment များ၊Medical Grade Trimming Part များ တပ်ဆင်ထားသည့် လူနာတင်ယာဉ် New Modelများကို ဆက်လက်ထုတ်ပေးသွားမည် ဖြစ်သည်။
ထို့ပြင် လူနာတင်ယာဉ်များ စွမ်းအားပြည့် အသုံးပြုနိုင်ရေးအတွက် ရွေ့လျားလူနာတင် ယာဉ်တု (Ambulance Simulator ) တစ်စီးကို စက်မှုဝန်ကြီးဌာနရှိ ပညာရှင်များမှ ဒီဇိုင်းရေးဆွဲ တီထွင် တပ်ဆင် တည်ဆောက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်တွင် လွှဲပြောင်း ပေးအပ်ခဲ့သည်။
စက်မှုထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်း မှန်ကန်စွာ သုံးစွဲသူလက်ဝယ်အရောက် ပို့ဆောင် နိုင်ရေးအတွက် ဆိုင်ခန်းသဖွယ် ခင်းကျင်းပြသ ရောင်းချနိုင်သော Mobile Mart လေးစီးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ ကြီးများတွင် လှည့်လည်ရောင်းချလျက်ရှိသည်။
လက်ရှိအချိန်တွင် စက်မှုနှင့် အသက်မွေး ပညာ ရွေ့လျားသင်တန်းများကို Mobile Vocational Vehicle နှစ်စီးဖြင့် နိုင်ငံတစ်ဝန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ သင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရေးအတွက် လျှပ်စစ်၊ ဂဟေဆက်နှင့် မော်တော်ယာဉ်စက်ပြင် အထူးပြု Mobile Vocational Vehicle သုံးစီးကို ထပ်မံ တည်ဆောက် တပ်ဆင်ပြီး စက်မှုနှင့် အသက်မွေး ပညာ ရွေ့လျားသင်တန်းများကို လိုအပ်ချက်ရှိသော တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ လုပ်ငန်းခွင်မပျက် လေ့ကျင့်သင်ကြားပေးလျက် ရှိသလို Mobile Vocational Vehicle သုံးစီး ထပ်မံတီထွင်ထုတ်လုပ်ရန် စီမံဆောင်ရွက်ပြီး ဖြစ်သည်။
မော်တော်ကားတွင် အင်ဂျင်မသုံးဘဲ မော်တာကို လျှပ်စစ် Power Supply ပေးပြီး မောင်းနှင်သည့် အတွက် လောင်စာဆီဖိုး ကုန်ကျ စရိတ်သက်သာသည့်အပြင် လေထုထဲကို ကာဗွန်ဒိုင်အောက် ဆိုဒ်ကဲ့သို့ ကမ္ဘာကြီး ပူနွေးသည့် ဓာတ်ငွေ့ စွန့်ထုတ်မှုကို လျော့ကျစေမည့် Electric Vehicle (EV) များကို ကမ္ဘာ့သိပ္ပံပညာရှင်များနှင့် မော်တော်ကားထုတ်လုပ်သူများက တီထွင်ခဲ့ကြ သည်။
E Bus များတွင် မိုင် ၁၅၀ အထိ တောက်လျှောက်မောင်းနှင်နိုင် မည့် Lithium Battery Pack များ တပ်ဆင် ထားပြီး ရေလုံ စနစ်ပါဝင်သောကြောင့် ရေကြီးရေလျှံနေသည့် အခြေအနေတွင် အန္တရာယ်ကင်းစွာ မောင်းနှင်နိုင် မည်။ စွမ်းအင်အသုံးပြုမှုအနေဖြင့် ဓာတ်ဆီ၊ ဒီဇယ်အင်ဂျင်များနှင့် နှိုင်းယှဉ်လျှင် ရာခိုင်နှုန်း ၃၀ မှ ၅၀ အထိ သက်သာပြီး ဘက်ထရီသက်တမ်းမှာ ရှစ်နှစ်မှ ၁၀ နှစ်ခန့်ရှိခြင်းကြောင့် ပြင်ဆင်ထိန်းသိမ်း စရိတ်သက်သာကာ ရေရှည်အသုံးပြုနိုင် မည် ဖြစ်သည်။
အဆိုပါ Modulo Brand Electric Bus များကို စက်မှုဝန်ကြီးဌာနက ဟန်ဂေရီနိုင်ငံ CSEPLE Holding Ltd. ၏ ဥရောပ နည်းပညာဖြင့် Green Power Myanmar နှင့်ပူးပေါင်းပြီး အမှတ်(၁၄) အကြီးစားစက်ရုံ (သာဂရ) တွင် တပ်ဆင်ထုတ်လုပ် သွားနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
စက်မှုဝန်ကြီးဌာနနှင့် Green Power Myanmar Co., Ltd. နှင့်ပူးပေါင်း၍ အမှတ် (၁၄) အကြီးစား စက်ရုံ(သာဂရ) မှ ထုတ်လုပ် ထားရှိသည့် V6 နှင့် V8 ဒီဇယ်အင်ဂျင်များကို စင်ကာပူနိုင်ငံတွင် LNG/CNG/ LPG အင်ဂျင် များအဖြစ် ပြောင်းလဲအောင်မြင်ပြီးဖြစ် ၍ စက်ရုံရှိအင်ဂျင်များကို လောင်စာနှစ်မျိုးသုံး အင်ဂျင် (Dual Fuel Engine) အဖြစ် ပြောင်းလဲပြီး စီးပွားဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သွားမည်ဖြစ် သည်။
ထို့ပြင် Dual Fuel Engine များကို Generatorနှင့်တွဲဖက်၍ Silent Type Generator များအဖြစ် ဈေးကွက် လိုအပ်ချက်နှင် အညီ ထုတ်လုပ်ဖြန့်ဖြူး သွားမည်ဖြစ်သည်။
အထည်အလိပ်ကဏ္ဍ
မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy-NES)ကို လုပ်ငန်း ကဏ္ဍအ သီးသီး အတွက် စီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ အထည် အလိပ်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရန် အတွက် လိုအပ်သောထုတ်လုပ်မှုကွင်းဆက် ((Supply Chain) ချိတ်ဆက် ဆောင်ရွက် နိုင်ရန်၊ နိုင်ငံတကာမှ ဖွံ့ ဖြိုးမှုမိတ်ဖက်များ ဖိတ်ခေါ် ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နိုင်ရန်၊ လိုအပ်သော အခြေခံအဆောက်အဦများ လျင်မြန်စွာ ဖွံ့ ဖြိုးတိုးတက်မှုရှိရန်၊ ပြည်တွင်း အထည်အလိပ် ထုတ်လုပ်မှု တိုးတက်ရန်နှင့် ပြည်ပပို့ကုန်မြှင့်တင်ပြီး သွင်းကုန်လျှော့ချနိုင်ရန် ရည်ညွှန်းချက်များကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့် အမျိုးသားအဆင့် အထည် အလိပ် မူဝါဒပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်ရယူ၍ မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာ (National Export Strategy-NES)ကို လုပ်ငန်းကဏ္ဍအသီးသီးအတွက် စီမံချက်များ ရေးဆွဲပြီး အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိရာ အထည်အလိပ်ကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရန် အတွက် လိုအပ်သော ထုတ်လုပ်မှု ကွင်းဆက် (Supply Chain) ချိတ်ဆက်ဆောင် ရွက်နိုင်ရန်၊ နိုင်ငံတကာမှ ဖွံ့ ဖြိုးမှုမိတ်ဖက်များ ဖိတ်ခေါ် ဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် နိုင်ရန်၊ လိုအပ်သော အခြေခံအဆောက်အဦများ လျင်မြန်စွာ ဖွံ့ ဖြိုးတိုးတက်မှုရှိရန်၊ ပြည်တွင်း အထည်အလိပ် ထုတ်လုပ်မှုတိုးတက်ရန်နှင့် ပြည်ပပို့ကုန်မြှင့်တင်ပြီး သွင်းကုန် လျှော့ချနိုင်ရန် ရည်ညွှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အမျိုးသားအဆင့် အထည် အလိပ် မူဝါဒပြဋ္ဌာန်းနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သဘောထားမှတ်ချက်ရယူ၍ ဂျာမဏီနိုင်ငံ GIZ အကူအညီဖြင့် အပြီးသတရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
အထည်စက်ရုံခွဲ(မြင်းခြံ)တွင် မူလထုတ်ကုန် ဖြစ်သော ပတ်တီးပိတ်ကို ဆေးရည်စိမ်ပတ်တီး၊ ပြည်တွင်း ထွက်ကျောက်မှုန့်(Gypsum)နှင့် ပတ်တီးပိတ်တို့ပေါင်းစပ်၍ ကျောက်ပတ်တီး Gypsum ထုတ်လုပ် နိုင်ရန် ဓာတ်ခွဲခန်း တွင် သုတေသနပြု စမ်းသပ်အောင်မြင်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေး စီမံ ဆောင်ရွက် လျက်ရှိသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် Renewable Energy Project တစ်ခုအနေဖြင့် နော်ဝေ နိုင်ငံမှ EAM နှင့်ပူးပေါင်း၍ စက်မှုနယ်မြေ(သထုံ) တွင် Ground Mounted Solar Farm (28. 6 MW) ထုတ်လုပ်ရန် MoU လက်မှတ် ရေးထိုးထားပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနနှင့် PPA စာချုပ် လက်မှတ် ရေးထိုး နိုင်ကာ Pilot Project (6 KW) အား တပ်ဆင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ် သည်။
ဥပဒေအနေဖြင့် Energy Efficiency and Conservation Law (Draft) အပြီး သတ်ပြင်ဆင်ပြီး ၂၀၂၀ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေသလို စက်ရုံနှင့် အဆောက်အဦ များအတွက် Energy Conservation Guideline နှင့် Handbook ပြုစုရေးဆွဲခြင်း၊ Electrical Appliances များအတွက် Minimum Energy Performance Standard သတ်မှတ်ရေးအကောင်အထည် ဖော်ခြင်း၊ Energy Manager Training Course ပို့ချနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်ခြင်း၊ စက်ရုံ/ အလုပ် ရုံများ သို့သွားရောက်၍ Factory Assessment ပြုလုပ်ခြင်းနှင့် လက်တေ့Gအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ အမှတ်(၂၆) အကြီးစားစက်ရုံ(သာဂရ) တွင် Micro Cross Flow Turbine များ ထုတ်လုပ် နိုင်ရန် စမ်းသပ်ဆောင်ရွက်ခြင်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ စက်မှုဝန်ကြီးဌာနပိုင် စက်ရုံများတွင် Solar Farm များ တည်ဆောက်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။
အခြားတီထွင်မှု ကဏ္ဍ
ရွှေတိဂုံ စေတီတော်မြတ်ကြီးတွင် ယခင်က ကပ်လှူပူဇော်ခဲ့သည့် ရွှေပြားသင်္ကန်းတော် များသည် သမားရိုးကျလက်ရိုက် ရွှေချနည်းစနစ် များဖြင့် ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရာသီဥတု ဒဏ်ခံနိုင်ပြီး အစဉ်တင့်တယ်သပ္ပာယ်ရန် ရေရှည တည်တံ့ခိုင်မြဲသော ရွှေစင် ရွှေပြားတို့ဖြင့် ကပ်လှူပူဇော်နိုင်ရေးကို သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အကြံပြုချက်အရ စက်မှုဝန်ကြီးဌာနမှ ‘ဒီဇိုင်းရေးဆွဲ ဆန်းသစ် တီထွင်၍ တစ်ပေပတ်လည်ရှိသော ရွှေသားစစ်စစ် ရွှေစင်ရွှေပြားများထုတ်လုပ်နိုင်မည့် နိုင်ငံတကာ စံချိန်စံညွှန်းမီ ရွှေပြားကြိတ်စက် ခြောက်လုံးကို ထုတ်လုပ်နိုင်ခဲ့သည့်အပြင် ရွှေပြားကြိတ်စက်ရုံ ကိုလည်း ‘ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်ခဲ့သည်။
အမှတ်(၁၇) အကြီးစားစက်ရုံ(မလွန်)၌ ပခုံးထမ်းကောက်ရိတ်စက်(Portable Reaper) ကို အခြေခံ၍ လက်တွန်း မြက်ရိတ်စက်(Grass Cutter) စမ်းသပ်တီထွင် ထုတ်လုပ်ခဲ့သလို အမှတ်(၂၃) အကြီးစားစက်ရုံ (Spare Parts) တွင် စက်မှုဝန်ကြီးဌာနရှိ စက်ရုံများမှ လိုအပ်သော စက်အရန် ပစ္စည်းများ၊ ရွှေတိဂုံစေတီ တော်တွင် တည်ဆောက်ထားရှိသည့် ရွှေပြားကြိတ် စက်များတွင် Spare Parts အဖြစ် ထားရှိမည့် Roller ရှစ်လုံးတို့ကို တီထွင်ထုတ်လုပ်ပေးလျက် ရှိသည်။
၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း စတီးလ် ပစ္စည်းအမျိုးမျိုး၊ ရေဖလား၊ ရေခွက်၊ ဘုရားပန်းအိုး (၇”/၉”)၊ ဆေးရုံ သုံးပရိဘောဂ၊ ပလတ်စတစ် ပစ္စည်းအမျိုးမျိုး၊ 90 liter ရေပုံးများကို ဈေးကွက် လိုအပ်ချက်နှင့် အညီ တိုးချဲ့ထုတ်လုပ် လျက်ရှိသည်။
အရောင်းမြှင့် တင်
လယ်ယာကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး အထောက် အကူဖြစ်ရန် လယ်ယာသုံးစက်နှင့် စက်ကိရိယာ ပစ္စည်း များကို ကျေးရွာဒေသ အသီးသီးသို့ အရောက်ပို့ပြီး နှစ်နှစ် ဆိုင်းအရစ်ကျ စနစ်ဖြင့် ရောင်းချခြင်း၊ မကွေးနှင့် အောင်လံမြို့ တို့တွင် လယ်ယာသုံးပစ္စည်း အရောင်းပြခန်းများ ဖွင့်လှစ်ခြင်း၊ တောင်ငူ၊ ပျော်ဘွယ်၊ မုံရွာ၊ ဘုတလင် နှင့် သန်လျင်မြို့တို့တွင် အရောင်းကိုယ်စားလှယ်များ ထားရှိ ရောင်းချခြင်း၊ After Sale Service အနေဖြင့်ရောင်းချပေးပြီး စက်ယန္တရားများ ချွတ်ယွင်းပါက သက်ဆိုင်ရာ ဒေသအသီးသီးသို့ သွားရောက် ပြန်လည်ပြင် ဆင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ တတိယ (၁) နှစ်တာ ကာလအတွင်း လယ်ယာသုံးစက် ယန္တရားနှင့် စက်ပစ္စည်းတန်ဖိုး ငွေကျပ် ၇၄၉၈ ဒဿမ ၀၀၈ သန်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော BPI အမှတ်တံဆိပ် ဆေးဝါးများကို ပြည်သူများ အလွယ်တကူ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် ဆေးဝါးအရောင်း ဆိုင်များကို ရန်ကုန်၊ နေပြည် တော်နှင့် မန္တလေး အပါအဝင် အခြား တိုင်းဒေသ ကြီး/ ပြည်နယ်များရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးတို့တွင် ၂၈ ဆိုင ဖွင့်လှစ် ရောင်းချလျက်ရှိသည်။ City Mart, Orange နှင့် Capital အစရှိသည့် Super Market များတွင် PPI ဆေး အရောင်းကောင်တာ များဖွင့်လှစ်ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် BPI ဆေးအရောင်းဆိုင်ပေါင်း ၈၉ ဆိုင် ဖွင့်လှစ်ရောင်းချလျက်ရှိသလို စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သည့်ပစ္စည်းများကို ပြည်သူများ အလွယ် တကူဝယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်ရောင်းချလျက်ရှိ သည်။
ပူးပေါင်းဆောင်ရွက်
နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ နိုင်ငံပိုင်စက်ရုံများကို ပြည်တွင်း/ ပြည်ပ ရင်းနှီး မြှုပ်နှံမှုများဖိတ်ခေါ်၍ နည်းပညာနှင့် အရင်း အနှီးများ ထပ်မံ ထည့်ဝင်ပြီး ပုဂ္ဂလိက စက်မှုကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက် လျက်ရှိသည်။ စက်မှု ဝန်ကြီး ဌာန ၏ ကြီးကြပ်မှု အောက်တွင် စက်ရုံပေါင်း ၁၁၂ ခု ရှိသည့်အနက် စက်ရုံ ၅၇ ခုမှာ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ အမှတ်(၃၆)အကြီးစား စက်ရုံ (ကျောက်ဆည်) ကို ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် International Glass Co., Ltd. သို့ နှစ်ရှည် ငှားရမ်း ခဲ့ပြီး မှန်ရည်ကျိုမီးဖိုကြီးနှင့် ဆက်စပ်ကုန်ထုတ်လိုင်းများကို ငွေကျပ်ကျပ်သန်း ၁၈၀၀၀ ခန့် ထပ်မံ ရင်းနှီး မြှုပ်နှံ၍ အဆင့်မြှင့်တင် ခဲ့ရာ ယခင်က တစ်နေ့လျှင် မှန်တန်ချိန် ၁၅၀ ထုတ်လုပ်ခဲ့ရာမှ ၃၀၀ အထိ တိုးမြှင့် ထုတ်လုပ် နိုင်သော ကုန်ထုတ် လိုင်းအသစ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင်ဖွင့်လှစ် ခဲ့သည်။ မှန်အရည်အသွေးပိုင်းတွင်လည်း သဲကုန်ကြမ်းများ ပြောင်းလဲသုံးစွဲမှုကြောင့် မှန်အလင်း ပေါက်မှု၊ အရောင် အဆင်းနှင့် အရည်အသွေး ပိုမိုကောင်းမွန် စွာ ထုတ်လုပ်နိုင်ခဲ့သဖြင့် ဈေးကွက်ဝေစုတိုးတက် ရရှိပြီး ပြည်တွင်း၊ ပြည်ပသို့ တွင်ကျယ်စွာတင်ပို ဖြန့်ဖြူးရောင်းချလျက်ရှိသည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ ပြည်ပသို့ မှန်တန်ချိန် ၃၂၀၀ ခန့် တင်ပို့နိုင်ခဲ့ပြီး ပြည်တွင်း၌ မှန်တန်ချိန် ၅၀၀၀၀ ခန့် ဖြန့်ဖြူးရောင်းချနိုင်ခဲ့သည်။
ထို့ပြင် အမှတ်(၃၃) အကြီးစားစက်ရုံ (ကျောက်ဆည်)ကို Myanmar Conch Cement Co.,Ltd. နှင့် ပူးပေါင်း၍ တစ်နေ တန်ချိန် ၅၀၀၀ ထုတ်လုပ်သည့် ဘိလပ်မြေစက်ရုံ အသစ်ကို တည်ဆောက်ခဲ့ပြီး BOT စာချုပ် ချုပ်ဆို အကောင်အထည်ဖော်ခဲ့ရာ ၂၀၁၈ ခုနစ် ဧပြီလ ၁ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ ဘိလပ် မြေတန်ချိန် ၄၇၆၇၃ ဒသမ ၂၅၆၅ တန်၊ တန်ဖိုးငွေကျပ် ၄၃၈၅ ဒသမ ၉၄၀ သန်းကို ရောင်းချပြီး ဖြစ်သည်။
အင်းစိန်အထည်စက်ရုံ အမှတ်(၁၁)တွင် Panda Textile Co., Ltd. မှ Shirts, Coats, Blouses များ ထုတ်လုပ်လျက်ရှိပြီး ထုတ်ကုန် ပစ္စည်းများကို ဆွစ်ဇာလန်၊ ဆွီဒင်၊ နော်ဝေ၊ စပိန်၊ ဟောင်ကောင်၊ ဩစတြေးလျ၊ ရုရှား၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်း၊ စင်ကာပူနှင့် ယူအေအီး နိုင်ငံများသို့ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၈၇၀၀၀ တန်ဖိုးရှိ အဝတ်အထည်များကို တင်ပို့ ရောင်းချလျက်ရှိသည်။
စက်မှုဝန်ကြီးဌာနရှိ မြေနေရာ၊ အဆောက် အဦနှင့် စက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြု နိုင်ရေးအတွက် ပြည်တွင်း/ ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးရှိသော ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် Public Private Partnership(PPP) အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း များကို ပွင့်လင်းမြင်သာစွာ ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ
စက်မှုဝန်ကြီး ဌာန သည် ကိုရီးယားသမ္မတ နိုင်ငံ KATRI နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ် ဆောင်ရွက် လျက်ရှိသလို Tsuyatomo Co., Ltd.နှင့် အမှတ်(၁)အထည် စက်ရုံ(ရွှေတောင်)၏ ဆေးဆိုးနှင့် အချောကိုင် ဌာနတွင် ဆေးဆိုးခြင်းနှင့် အချောကိုင်ခြင်း လုပ်ငန်းကို ဖက်စပ်အကျိုးတူ ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် စီးပွားရေးရာကော်မတီသို့ တင်ပြ ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ အထည်အလိပ် ဆေးဆိုးလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရန်အတွက် Tsuyatomo Co., Ltd. သည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ JICA ၏ အကူအညီ ဖြင့် ဂျပန်နိုင်ငံ ဆေးဆိုးခြင်းနှင့် အချောကိုင်ခြင်း နည်းပညာများနှင့် စီမံခန့်ခွဲမှုနည်းလမ်းများကို သင်တန်း များပေးလျက်ရှိသည်။
အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ရော်ဘာနှင့် ရော်ဘာထုတ်ကုန်ပစ္စည်းများ အပြန်အလှန် အသိ အမှတ်ပြု နိုင်ရေးအတွက် အရည်အသွေး ပိုင်းဆိုင်ရာ စံချိန်စံညွှန်းများ တစ်ပြေးညီ သတ်မှတ် ပြဋ္ဌာန်းနိုင်ရေးအတွက် ACCSQ အစည်းအဝေးမှ ချမှတ်ဆုံးဖြတ်ချက်များကို လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၂၈) ကြိမ် မြောက် ရော်ဘာထုတ်ကုန် လုပ်ငန်းအဖွဲ့နှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၁၉ ခုနှစ် မတ်လ ၄ ရက်မှ ၆ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်မှု
စက်မှုဝန်ကြီးဌာနမှ အသေးစားနှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက် လျက်ရှိပြီး အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးမူဝါဒကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လည်းကောင်း၊ ဥပဒေကို ၂၀၁၅ ခုနှစ် ဧပြီလတွင် လည်းကောင်း၊ နည်းဥပဒေကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ တွင် လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတက ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က တွဲဖက်ဥက္ကဋ္ဌနှင့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက အတွင်း ရေးမှူးအဖြစ် တာဝန်ယူ၍ ၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်တွင် လည်းကောင်း၊ လုပ်ငန်း ကော်မတီကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်တွင် လည်း ကောင်း ဖွဲ့စည်းခဲ့ပြီးနောက် အထောက်အကူပြု အဖွဲ့များဖြစ်သော SME Agency ၊ လုပ်ငန်း သုံးသပ်မှု အစီရင်ခံရေးအဖွဲ့နှင့် ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့တို့ကို ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့များ ဆက်လက် ဖွဲ့စည်း၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည်။
တည်ရှိပြီးနှင့် အသစ်တည်ဆောက်မည် စက်မှုဇုန်များ စနစ်တကျဖွံ့ ဖြိုးရန် စက်မှုဇုန် ဥပဒေကို ရေးဆွဲ လျက်ရှိရာ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကော်မတီများ၊ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ဆွေးနွေးပြီး ထွက်ပေါ် လာသည့် စက်မှု ဇုန်ဥပဒေ(မူကြမ်း)ကို ပြည်သူ့ လွှတ်တော် သို့တင်ပြရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ ဦးဆောင် မှုဖြင့် MSMEs ဒေသတွင်း ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲများကို မန္တလေး၊ မကွေး၊ ပုသိမ်၊ တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ရန်ကုန်၊ မော်လမြိုင်နှင့် မြိတ်မြို့တို့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်သည်။
နိုင်ငံတော်အဆင့်အနေဖြင် နေပြည်တော်တွင် ယခုနှစ် မတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ MSMEs Products ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပ ပြု လုပ်၍ ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။
အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၏ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ နိုင်ရေးအတွက် သက်ဆိုင်ရာ ဘဏ်များမှ ချေးငွေ များရယူနိုင်ရန် အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်ဖြစ်ကြောင်း ထောက်ခံ ချက်များ ထုတ်ပေးခြင်း၊ ချေးငွေရရှိရေးနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ သိရှိနိုင်ရန်နှင့် Credit Guarantee Insurance (CGI) စနစ်ကို အသုံးပြု၍ ချေးငွေလျှောက် ထားနိုင်ရေးအတွက် အသိပေး ဆွေးနွေး ပွဲများ ကျင်းပပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
စက်မှုဝန်ကြီးဌာန SME ဖွံ့ ဖြိုးတိုးတက်ရေး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့ အာမခံလုပ်ငန်း၊ ဂျပန်နိုင်ငံ Sumitomo Mitsui Banking Corporation (SMBC) နှင့် ပုဂ္ဂလိကဘဏ်များ (CB, KBZ Bank နှင့် SMIDB) တို့ ပူးပေါင်း၍ CGI စနစ်ဖြင့် လုပ်ငန်းရှင် ၄၀၆ ဦးကို ငွေကျပ်ကျပ် ၄၁၀၅ ဒသမ ၉ သန်း၊ JICA Two Step Loan ချေးငွေ ဖြင့် လုပ်ငန်းရှင် ၄၇ ဦးကို ငွေကျပ်ကျပ် ၈၃၄၈ ဒသမ ၅ သန်း ထုတ်ချေး ပေးခဲ့ပြီးဖြစ်သည်။
၂၀၁၈ - ၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်ရှိ ဆောင်း သီးနှံဟင်းသီးဟင်းရွက်စိုက် တောင်သူ ၉၄ ဦးကို ငွေကျပ်ကျပ် ၈၁ ဒသမ ၄ သန်းနှင့် နေပြည်တော်၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်ရှိ မိုးသီးနှံ ဟင်းသီးဟင်းရွက်စိုက် တောင်သူ ၃၄ ဦးကို ငွေကျပ်ကျပ် ၆၈ ဒသမ ၅ သန်း အား SMIDB ဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေများ ထုတ်ပေးခဲ့သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက် ရေးအတွက် အဘက် ဘက်မှ ပံ့ပိုးကူညီလျက်ရှိသည့် အပြင် ယင်းလုပ်ငန်း များ စနစ်တကျဖွံ့ ဖြိုး တိုးတက်လာရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဘ၀များ အပေါ် ဆိုးကျိုးသက်ရောက်မှု မရှိရေးအတွက် ပုဂ္ဂလိကစက်မှုလုပ်ငန်းများကို ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ စည်းကြပ် စစ်ဆေးမှုများကို ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ မှတ်ပုံတင်ထား သော စက်မှု လုပ်ငန်းပေါင်း ၅၁၁၇၁ ခုကို မှတ်ပုံ တင်ပေးနိုင်ခဲ့ပြီး ပုဂ္ဂလိက စက်မှုလုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသော စက်မှုလုပ်ငန်းများကို ပုံမှန်စစ်ဆေးကြီးကြပ်မှု လုပ်ငန်းများအပြင် စက်ရုံ များတွင် တပ်ဆင်အသုံးပြုနေသော ဘွိုင်လာများ၊ လျှပ်စစ် စစ်ဆေးရေးလုပ်ငန်းများ ပုံမှန်စစ်ဆေးပေး လျက်ရှိသည်။
ဘွိုင်လာ ကိုင်တွယ်ထိန်းသိမ်းမောင်းနှင်မှု သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပို့ချပေးခဲ့ပြီး သင်တန်း သား ၁၈၅ ဦးကို သင်ကြားပို့ချပေးနိုင်ခဲ့သည်။ လျှပ်စစ်လုပ်ငန်းဆောင် ရွက်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စနစ်တကျ ဆောင်ရွက်နိုင်ရေး အတွက် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်း ရှစ်ကြိမ်ဖွင့် လှစ်ခဲ့ပြီး သင်တန်းသား ၆၈၉ ဦး ကို သင်ကြားပို့ချပေးခဲ့သည်။ ထို့အတူ လျှပ်စစ် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပညာပေး ဟောပြောပွဲ ၂၉၉ ကြိမ် ပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များကို ဖြန့်ဝေပေးခဲ့သည်။
လူ့စွမ်းအားအရင်းအမြစ် ဖွံ့
ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ
စက်မှုဝန်ကြီးဌာနမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်း/ပြည်ပ သင်တန်းများ စေလွှတ်ခြင်း၊ ဦးစီးဌာန၊ လုပ်ငန်း များအလိုက် ပြည်တွင်း သင်တန်း၊ Workshop နှင့် Seminar များ ဆောင်ရွက်ပေးခဲ့ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ ၅ှ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ခြင်းနှင့် မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးကဏ္ဍ ကို ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်၏ စက်မှုကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် လိုအပ်သော စက်မှုကျွမ်းကျင်လုပ်သား များကို စက်မှု သင်တန်းကျောင်းခြောက် ခုမှ နှစ်စဉ် လေ့ကျင့်သင်ကြားပေးလျက်ရှိရာ စက်မှုသင်တန်း ကျောင်းများတွင် (Mobile Vocational Training Unit) များကို ဖွဲ့စည်းထားပြီး စက်မှုနှင့် အသက်မွေး ပညာရွေ့ လျားသင်တန်း အစီအစဉ်ဖြင့် ကျေးလက်ဒေသရှိ လူငယ်များနှင့် စက်မှုဇုန်များရှိ လုပ်သားများအတွက် စက်မှုနှင့် အသက်မွေးပညာရက်တို သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။
Mobile Vocational Training Truck (Automobile) ၊ (Electrical) နှင့် (Welding) ဘာသာရပ်သင် ရွေ့လျား မော်တော်ယာဉ် သုံးစီးဖြင့် ဒေသအသီးသီးသို့ သွားရောက်၍ ခေတ်စနစ်နှင့်လျော်ညီသော လုပ်ငန်းခွင် လိုအပ်ချက်ကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ရေးသားပြုစုပြီး အခမဲ့ဖြန့်ဝေ၍ သင်ကြားပို့ချပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာ ကာလအတွင်း ရွေ့လျားသင်တန်း ၂၅ ကြိမ် ဖွင့်လှစ် ပေးခဲ့ပြီး သင်တန်းသား ၁၂၄၂ ဦး လေ့ကျင့် သင်ကြားပေးနိုင်ခဲ့သည်။ ယခုအခါ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ကမ်းလှမ်းချက်များပြား လာမှုအရ Training Vehicle သုံးစီး ထပ်မံ တိုးချဲ့ထုတ်လုပ်သွားရန် စီစဉ် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် အမှတ်(၂) စက်မှုသင်တန်း ကျောင်း(မန္တလေး)တွင် ဂျပန် ဘာသာ စကား တစ်နှစ်သင်တန်းကို ဖွင့်လှစ်ပေးလျက်ရှိရာ သင်တန်းသား ၁၉၈ ဦး တက်ရောက်အောင်မြင်ခဲ့ပြီး သင်တန်း ဆင်း ၄၀ ကို ဂျပန်နိုင်ငံသို့ စေလွှတ် နိုင်ခဲ့သည်။
စက်မှုဝန်ကြီးဌာနရှိ စက်မှုသင်တန်းကျောင်း များကို နိုင်ငံတကာအဆင့် စက်မှုနှင့် အသက်မွေး ပညာများ လေ့ကျင့်သင်ကြားပေးနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများ အဆင့်မြှင့်တင်ခြင်း၊ ခေတ်မီသင်ထောက်ကူ စက် ပစ္စည်း ကိရိယာများ တပ်ဆင်အသုံးပြုခြင်းနှင့် သင်တန်းနည်းပြများကို ပြည်ပသို့ ပညာသင်စေလွှတ်၍ အရည် အသွေး မြှင့်တင်ပေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက် ခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် အမှတ်(၁) စက်မှုသင်တန်းကျောင်း(ဆင်တဲ)ကို Quality Management System အတွက် နိုင်ငံ တကာ အသိအမှတ်ပြု ISO 9001:2015 Certificate လက်မှတ်ရရှိအောင် ဆောင်ရွက် နိုင်ခဲ့သည်။
စက်မှုဝန်ကြီးဌာနတွင် စက်မှုကျွမ်းကျင် လုပ်သားများ မွေးထုတ်ပေးလျက်ရှိသော စက်မှု သင်တန်းကျောင်း ခြောက် ကျောင်းရှိသော်လည်း တစ်နိုင်ငံလုံး လွှမ်းခြုံမှုရှိရေးအတွက် အိန္ဒိယ နိုင်ငံအစိုးရ၏ အထောက် အပံ့ဖြင့် သထုံနှင် မုံရွာမြို့တို့တွင် သင်တန်းကျောင်းနှစ်ကျောင်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိ သည်။ ထို့ပြင် တရုတ်ပြည်သှူသမ္မတနိုင်ငံ အထောက် အပံ့ဖြင့် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး)ကို အဆင့်မြှင့်တင်မှု လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဖွဲ့စည်းဆောင်ရွက်
စက်မှုလယ်ယာကဏ္ဍသို့ ပြောင်းလဲ ဖော်ဆောင်ရာတွင် အဓိက လိုအပ်ချက်ဖြစ်သည့် လယ်ယာသုံး စက်ပစ္စည်း များနှင့် ယာဉ်၊ ယန္တရား များကို ပြည်သူများ စိတ်ချလုံခြုံဘေးကင်းစွာ အသုံးပြုနိုင်ရေးအတွက် မော်တော် ယာဉ်နှင့် လယ်ယာသုံးစက်ပစ္စည်းများ ထုတ်လုပ်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်း ခဲ့ပြီး နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာ ကာလ အတွင်း လယ်ယာသုံးယာဉ် ၇၇၆ စီးနှင့် မော်တော ယာဉ် ၈၅၂ စီးတို့ကို Certificate of Approval( CoA) ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ် စက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ ဖြိုး တိုးတက်ရေး အထောက် အကူဖြစ်မည့် မော်တော် ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒကို ရေးဆွဲခဲ့ရာ ၂၀၁၉ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်၌ အတည်ပြု သတ်မှတ်ထုတ်ပြန် ပြဋ္ဌာန်းနိုင်ခဲ့ပြီးဖြစ်သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဆောင်ရွက်မှုများ
ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီး ကာကွယ်ရေးဥပဒေကို ၂၀၁၃ ခုနှစ် ဩဂုတ်လ ၂၆ ရက်နှင့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီး ကာကွယ်ရေးနည်းဥပဒေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့၊ ဗဟိုကြီးကြပ် ရေးအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်ကြီးကြပ် ရေးအဖွဲ့များကို ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင် လာရောက်လျှောက် ထားသည့် ကုမ္ပဏီ ၄၁၃ ခုတွင် လုပ်ငန်း/ကုမ္ပဏီ ၁၂၈ ခုကို လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ ကုမ္ပဏီ ၁၀၉ ခု ကို မှတ်ပုံတင် လက်မှတ် ထုတ်ပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ် ရေးအဖွဲ့မှ ညွှန်ကြားချက် အမှတ်(၁/၂၀၁၈) ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံ တင်လက်မှတ်များ လျှောက်ထားရန် ညွှန်ကြားချက်၊ ညွှန်ကြားချက် အမှတ်(၂/၂၀၁၈) အရက်၊ ဘီယာနှင့် ဝိုင် ထုတ်လုပ်သည့်စက်ရုံများ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့် ညွှန်ကြားချက် အမှတ် (၃/၂၀၁၈) အမိုးနီးယား ဓာတ်ငေ့Gအသုံးပြုသော ရေခဲစက်ရုံများနှင့် အအေးခန်းစက်ရုံများမှ လိုက်နာ ဆောင်ရွက်ရန်၊ ဗဟိုဦးစီးအဖွဲ့မထုတ်ပြန်သည့် ထုတ်ပြန်သည့် (၁/၂၀၁၉) “ရွှေသတ္တု ထုတ်လုပ် သန့်စင်ရာတွင် အသုံးပြုသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ်နှင့် ပြဒါး ဓာတုပစ္စည်းများ ပြည်ပမှ ဝယ်ယူတင်သွင်းခွင့် ဆိုင်ရာမူဝါဒ များကို ထုတ်ပြန်ခဲ့ခြင်းနှင့် ညွှန်ကြား ချက်အမှတ် (၁/၂၀၁၉) ရွှေသတ္တုထုတ်လုပ် သန့်စင်ရာတွင် ဆိုဒီယမ် ဆိုင်ယာနိုဒ်နှင့် ပြဒါး ဓာတုပစ္စည်းများ အသုံးပြုခြင်းနှင့် စပ်လျဉ်း၍ လိုက်နာ ရမည့်အချက်များကို ထုတ်ပြန်နိုင် ခဲ့သည်။
လူသားများ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိရေး အတွက် စွန့်ပစ်ရေဆိုးအများဆုံးထွက်ရှိသော အရက်/ဘီယာ/ဝိုင် စက်ရုံ၊ ဆပ်ပြာစက်ရုံ၊ စက္ကူစက်ရုံ နှင့် ဓာတ်မြေဩဇာစက်ရုံများတွင် ရေဆိုးများ စွန့်ပစ်နေမှုအခြေအနေတို့ကို အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့် စစ်ဆေးနိုင်ရန် Online Monitoring System တပ်ဆင်အသုံးပြုနိုင်ရေး စီမံဆောင်ရွက် လျက်ရှိသည်။
နည်းပညာဖွံ့ ဖြိုးရေးဆောင်ရွက်ချက်များ
နည်းပညာဖွံ့ ဖြိုးရေးအတွက် 5S စနစ် လက်တွေ့အကောင်အထည်ဖော်ရေး သင်တန်းများ၊ အထည် ချုပ် နည်းပညာတိုးတက်ရေး သင်တန်းများ၊ နာနတ်ပင်၏ အရွက်မှအမျှင် ထုတ်လုပ်မှု နည်းစနစ် သင်တန်း တို့ကို ဖွင့်လှစ် သင်ကြားလျက် ရှိသည်။
လူမှုစီးပွားဘ၀ ဖွံ့ ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ
သီးနှံများ အလေအလွင့်မရှိ သိုလှောင် ထိန်းသိမ်းနိုင်ရေးအတွက် တန် ၃၅၀ ဆံ့ သီးနှံ (စပါး) သိုလှောင် နိုင်သည့် Silo တစ်ခုကို ရခိုင် ပြည်နယ် မောင်တောတွင် တည်ဆောက် တပ်ဆင်နိုင်ရေးအတွက် သာဂရ စက်မှုနယ်မြေရှိ အမှတ်(၁၅)နှင့် အမှတ်(၂၆) အကြီးစားစက်ရုံတို့ တွင် ထုတ်လုပ်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် Silo လည်ပတ်ခြင်း ပြုလုပ်ပြီး Elevator ဖြင့် စပါးအိတ် ၂၀ တင်ခြင်း၊ စပါးထုတ် ခြင်းတို့ကို လက်တွေ့စမ်းသပ်ပြုလုပ်ပြသ ခဲ့သည်။
ထို့အပြင် စက်မှုဝန်ကြီးဌာနသည် ဝန်ကြီး ဌာန၊ ပြင်ပ ပုဂ္ဂလိက အဖွဲ့အစည်းများရှိ ဝန်ထမ်း များနှင့် မိသားစုဝင်များကို (ဘီ)ပိုး ရှိ/မရှိ စစ်ဆေး ပေးခြင်းနှင့် (ဘီ)ပိုး မရှိပါက ကာကွယ ဆေးထိုးပေးခြင်းများကို အိမ်တိုင်ရာရောက် ဝန်ဆောင်မှု ပေးလျက် ရှိသည်။ Mobile Team အနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဝန်ကြီးဌာန၊ အဖွဲ့အစည်း နှင့် ပုဂ္ဂလိကကုမ္ပဏီ ၃၃ ခုကို လုပ်ငန်းခွင်အရောက် သွားရောက်၍ ကာကွယ်ဆေးများထိုးနှံပေးခဲ့ပြီး ဖြစ်သည်။
နိုင်ငံတော်အစိုးသစ်လက်ထက်တွင် စက်မှု ဝန်ကြီးဌာနမှ သိမ်းဆည်းထားသော မြေများ အနက် နိုင်ငံတော် သို့ ၃၄၈၁ “ဒသမ ၉၂၁ ဧက ပြန်လည်အပ်နှံရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီသို့ တင်ပြထားပြီး မြေဧက ၂၂၇၆ ဒသမ ၂၈၁ ဧကကို ကောလိတ္တော် အရာရှိထံ လွှဲပြောင်းအပ်နှံပြီးဖြစ်ပြီး ကျန်ရှိသောမြေ ၁၂၀၅ ဒသမ ၆၄ ဧကကို လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ကြုံတွေ့ရသည့် စိန်ခေါ်မှုနှင့်အခက်အခဲများ
နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စွမ်းဆောင် ရည်ပိုမိုကောင်းမွန်ရေးအတွက် လုပ်ထုံးလုပ်နည်း များကို ဖြေလျှော့ရန်လိုအပ်ခြင်း၊ နိုင်ငံပိုင်စက်ရု များတွင် စက်ပစ္စည်းများ၏ သက်တမ်းမှာ ပျမ်းမျှ နှစ်ပေါင်း ၃၀ - ၄၀ ခန့်ဖြစ်နေ၍ စက်များ၏ စွမ်းဆောင်ရည် ကျဆင်းခြင်း၊ ထုတ်လုပ်မှု နည်းပညာ ခေတ်မမီခြင်း၊ စက်ရုံ တည်ဆောက်စဉ် က နယ်မြေဒေသ ဖွံ့ ဖြိုးတိုးတက်ရေး၊ အလုပ် အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရေး၊ လုံခြုံ ရေးတို့ကို အဓိကထား၍ နိုင်ငံအနံ့S ဖွံ့ ဖြိုးတိုးတက်မ နည်းသည့်ဒေသများတွင် စက်ရုံများတည်ထောင် ခဲ့ခြင်းတို့ကြောင့် ယနေ့ကာလတွင် သယ်ယူ ပို့ဆောင်မှုစရိတ်များပြားပြီး ဈေးကွက်ရှိ သွင်းကုန် ပစ္စည်းများနှင့် ယှဉ်ပြိုင်ရောင်း ချရန် ခက်ခဲခြင်း၊ လောင်စာစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်း မြင့်မား ခြင်း၊ အလုပ်ပမာဏနှင့် ဝန်ထမ်းခန့်ထားမှု မညီမျှသဖြင့် လစာ စရိတ်များစွာပေးချေနေရခြင်း တို့ကြောင့် တစ်ယူနစ် ထုတ်လုပ်မှုစရိတ် မြင့်မား လာသဖြင့် ဈေးကွက်ဝေစုလျော့နည်းလာခြင်း၊ ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ခိုင်မာ တိကျသည့် ဝန်ထမ်းရေးရာ မူဝါဒများမရှိခြင်း ကြောင့် အခက်အခဲများ ကြုံတွေ့ နေရခြင်း၊ ဝန်ထမ်းများ၏ ရာထူးအဆင့်အလိုက် စွမ်းဆောင် ရည်မြင့်မားလာရန် စနစ်တကျ လေ့ကျင့် သင်ကြား ပေးနိုင်မှု အားနည်းခြင်း စသည်တို့ကို ကြုံတွေ့ လျက်ရှိသည်။
တိုးတက်ပြောင်းလဲလာသော နည်းပညာများ နှင့်အတူ ပြောင်းလဲနေမှုကို အချိန်နှင့် တစ်ပြေးညီ လိုက်ပါနိုင်ရန် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးလျက်ရှိသော စက်မှုသင်တန်း ကျောင်းများတွင် ကြုံတွေ့ နေရသော အခက် အခဲများမှာ အရည်အသွေးပြည့်ဝသော နည်းပြ များလိုအပ်ခြင်း၊ နည်းပြများအတွက် ကျွမ်းကျင်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ရန်လိုအပ်ခြင်း၊ သင်တန်းကျောင်းများနှင့် စက်ရုံများကြား ချိတ်ဆက်မှုအားနည်းနေခြင်း၊ သင်တန်းကျောင်း များတွင် သင်ကြားပို့ချမှုဆိုင်ရာ သင်ရိုးညွှန်းတမ်း များ ပြုပြင်ရန်နှင့် သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းရန်လိုအပ်ခြင်း၊ သင်တန်းကျောင်းများ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ မှ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ ၏ တတိယ (၁)နှစ်တာကာလအတွင်း ထုတ်ကုန် ပစ္စည်းများ အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ခြင်း၊ သုံးစွဲသူများ ကြိုက်နှစ်သက် သည့် အဆင်ဒီဇိုင်းများ ဆန်းသစ် တီထွင် ထုတ်လုပ်ခြင်း၊ ထုပ်ပိုးမှုပုံစံများကို ဝယ်ယူသူများ ဆွဲဆောင်မှုရှိအောင် ပြုပြင် ပြောင်း လဲခြင်း၊ ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် ဈေးကွက် သုတေသနပြု သည့်လုပ်ငန်းများကို စဉ်ဆက် မပြတ် ပြုလုပ်၍ ဈေးကွက်လိုအပ်ချက် (Market Demand) )အတိုင်း အချိန်နှင့်တစ်ပြေးညီ ထုတ်လုပ် ရောင်းချဖြန့်ဖြူး ခြင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် တိုးတက်လာရေးအတွက် ပြည်တွင်း/ပြည်ပ သင်တန်းများ၊အလုပ်ရုံ ဆွေးနွေးပွဲများသို့ တက်ရောက်စေခြင်း၊ Seminar များ ကျင်းပပေးခြင်း၊ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေးအတွက် စက်မှုသင်တန်းကျောင်း ခြောက်ကျောင်းမှ နှစ်စဉ် စက်မှုကျွမ်းကျင် လုပ်သားဦးရေ ၁၀၀၀ ခန့် မွေးထုတ်ပေးလျက် ရှိသည့်အပြင် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လိုအပ်ချက်အရ စက်မှုဇုန်အသီးသီးရှိ အလုပ် သမားများ၏ ကျွမ်းကျင်မှုကိုမြှင့်တင်ပေးရန်နှင့် ဒေသခံများ အသက်မွေးဝမ်းကျောင်းပညာရပ်များ ရရှိပြီး ဝင်ငွေတိုးတက်ရန်အတွက် စက်မှုနှင့် အသက်မွေးပညာ ရွေ့လျားသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။
SME လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေး အတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ဆောင်ရွက် လျက်ရှိပြီး ဈေးကွက် ချဲ့ထွင်နိုင်ရေး၊ လုပ်ငန်း စီမံခန့်ခွဲမှု အရည်အသွေးတိုးတက်ရေး၊ နိုင်ငံ တကာဈေးကွက်တွင် ယှဉ်ပြိုင် နိုင်သည့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ရေးတို့အတွက် ပြည်တွင်း/ ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နည်းပညာ လွှဲပြောင်းရရှိရေး၊ ဘဏ္ဍာငွေကြေး အထောက်အပံ့ရရှိရေးတို့ကို ဆောင်ရွက် ပေးလျက် ရှိသည်။
စက်မှုကဏ္ဍ ရေရှည်ဖွံ့ ဖြိုးတိုးတက်ရန်အတွက် သုတေသနနှင့် ဖွံ့ ဖြိုးရေး လုပ်ငန်း များနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်း ကျဆင်း ရေးတို့ကို ရှေးရှု၍ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် စက်မှု ဝန်ကြီးဌာနရှိ မြေနေရာ၊ အဆောက်အဦ၊ စက်ပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ရေး အတွက် ပြည်တွင်း/ ပြည်ပမှ အတတ်ပညာနှင့် အရင်းအနှီးရှိသော ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် Public Private Partnership (PPP) အကျိုးတူပူးပေါင်း ဆောင်ရွက်ခြင်းများကို နိုင်ငံတော်မှ ချမှတ်ထား သော မူဝါဒများနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ ။
ဆောင်းပါး - သူရဇော် ၊ ဓာတ်ပုံ- အေးသန်း

No comments:

Post a Comment