Wednesday, April 10, 2019

သီတဂူဆရာတော် ဗန်းမော်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံ၌ မျက်စိဝေဒနာရှင်များအား ကြည့်ရှုအားပေး


 
နေပြည်တော် ဧပြီ ၉
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာရှင်ဉာဏိဿရသည် ယနေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံသို့ သွားရောက်၍ မျက်စိဝေဒနာရှင်များကို အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သီတဂူဆရာတော်သည် သီတဂူ စက္ခုဒါနဆေးရုံ ဖွင့်ပွဲအကြိုအဖြစ် ငါးရက် ကြိုတင်၍ မျက်စိဝေဒနာရှင်များကို ကြည့်ရှုခဲ့ရာ စမ်းသပ်မျက်စိဝေဒနာရှင် ၁၉၃၁ ဦးနှင့် ခွဲစိတ်မျက်စိဝေဒနာရှင် ၂၅၇ ဦးတို့ကို စက္ခုဒါန အလင်းကုသိုလ် ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ စက္ခုဒါနဆေးရုံသည် ဧပြီ ၁၀ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။
မောင်လူမော်
ဓာတ်ပုံ-သီတဂူကျော်ဆန်းဝင်း

No comments:

Post a Comment