နေပြည်တော် ဧပြီ ၉
နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ
မင်္ဂလာ ဗျူဟာသာသနာ့ဗိမာန်၌ ယနေ့နံနက် ၉ နာရီတွင် အစိုးရဌာနများအတွင်း အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေး
မူဝါဒရှင်းလင်းပွဲအခမ်းအနား ပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းနောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးအေးမြင့်၊
နေပြည်တော် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော
ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ မှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
နေပြည်တော် ကောင်စီနယ်မြေမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး
ကာကွယ်ရေးအဖွဲ့များ၊ NGO များမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာ ရှင်များ စုစုပေါင်း
၅၀၀ ခန့် တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်
ကောင်စီဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မင်းနောင်က အဖွင့် အမှာစကားပြောကြားပြီး
မူဝါဒရေးဆွဲရေးနှင့်ပတ်သက်၍ မူးယစ်ဗဟိုမှ ဒုတိယ ရဲမှူးကြီး ဝင်းမြင့်က လည်းကောင်း၊
ထုတ်လုပ်မှုလျှော့ချရေး ကဏ္ဍအား မူးယစ်ဗဟိုမှ ရဲမှူးကြီး အုပ်စိုးထွန်းက လည်းကောင်း၊ အစား
ထိုးဖွံ့ ဖြိုးရေး ကဏ္ဍအား မယ်ဖာလုံ ဖောင်ဒေးရှင်းမှ ဦးခမ်းအောင်ကလည်းကောင်း၊ သုံးစွဲမှု
လျှော့ချရေးကဏ္ဍအား UNODC မှ ဒေါက်တာ ယုယု အောင်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ
ဒေါက်တာ နန္ဒမျိုးအောင် ဝမ်းတို့ကလည်းကောင်း၊ နောက်ဆက်တွဲ အန္တရာယ်လျှော့ချရေးကဏ္ဍအား
Merrystope Myanmar မှ ဒေါက်တာ စစ်နိုင်ကလည်းကောင်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး
ကဏ္ဍအား မူးယစ်ဗဟိုမှရဲမှူးကြီး သန့်လွင်မောင်က လည်းကောင်း၊ သုတေသနလုပ်ငန်းများ တိုးမြှင့်ရေး
ကဏ္ဍအား မူးယစ်ဆေးစွဲ ရောဂါ သုတေသနအသင်း (SARA) မှ ဒေါက်တာ ဂျော်ထက်ဒိုးကလည်း ကောင်း၊
လူ့အခွင့်အရေးများနှင့်အညီ ဖြစ်စေရေးကဏ္ဍအား မြန်မာနိုင်ငံမူးယစ် ဆေးဝါးဆန့်ကျင်ရေးအသင်း
(MANA) မှ ဒေါက်တာ မောင်မောင်လွင်နှင့် ပြည်ကြီးခင် လူမှုအဖွဲ့အစည်းမှ ဒေါ်နွယ်ဇင်ဝင်းတို့
ကလည်းကောင်း အသီးသီး ရှင်းလင်း တင်ပြကြကာ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ
ပေါ်ထွက်လာရေးအတွက် ဆောင်ရွက် ချက်မှတ်တမ်းဗီဒီယို ပြသပြီး ရှင်းလင်းပွဲ အခမ်းအနားပြီးစီးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment