သင်္ကြန်ဆိုသည့်
မူလစကား သင်္ကန္တ၊ ပြောင်းရွှေ့ခြင်း၊ ပြောင်းလဲခြင်းဆိုသည့် အဓိပ္ပာယ်အတိုင်း နိုင်ငံသူ၊
နိုင်ငံသားအားလုံး ပိုမိုကောင်းမွန်သည့်၊ ပိုမိုတိုးတက်သည့်၊ ပိုမိုအေးချမ်းသာယာသည့်
အခြေအနေမျိုးကို ပြောင်းလဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။ ၁၃၈၀ ပြည့်နှစ် တစ်နှစ်လုံးအတွင်းမှာ
ကဏ္ဍ ပေါင်းစုံ အတွေ့အကြုံများ ဖြတ်သန်းခဲ့ရပါတယ်။ အဆိုပါ အတွေ့အကြုံများသည် ၁၃၈၁ ခုနှစ်အတွက်
ခွန်အားသစ်များဖြစ်ပြီး နိုင်ငံ၏ ဘက်ပေါင်းစုံ တိုးတက်သည့် အခြေအနေမျိုးကို ဖန်တီးနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment