Thursday, April 11, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံသဘင် အစည်း အရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များ မိတ်ဆုံညစာစားပွဲ ကျင်းပ


နေပြည်တော် ဧပြီ ၁၀
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့၊ မြန်မာ နိုင်ငံ သဘင် အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)တို့မှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ အဖွဲ့ဝင်များ မိတ်ဆုံညစာစားပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

မိတ်ဆုံညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ သူရဦးအောင်ကို၊ ဦးသောင်းထွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယ၀န်ကြီး ဦးကြည်မင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)နှင့် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်း အရုံး(ဗဟို)တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များ တက် ရောက်ကြသည်။
မိတ်ဆုံညစာစားပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် ဒုတိယ ၀န်ကြီးတို့သည် မြန်မာနိုင်ငံပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ သဘင် အစည်းအရုံး (ဗဟို)နှင့် မြန်မာနိုင်ငံ ပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)တို့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြ သည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုက မြန်မာ နိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး (ဗဟို)နှင့် မြန်မာနိုင်ငံပန်းချီ ပန်းပု အစည်းအရုံး(ဗဟို)တို့၏ သမိုင်း ကြောင်းနှင့် ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံ သဘင် အစည်း အရုံး(ဗဟို)နှင့် မြန်မာနိုင်ငံပန်းချီပန်းပု အစည်း အရုံး(ဗဟို)တို့မှ ဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ အဖွဲ့ဝင်များ ယခုကဲ့သို့ နေပြည်တော်တွင် စုဝေးရောက်ရှိပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လာရောက် တွေ့ဆုံကြခြင်းသည် အဖွဲ့အစည်း အလိုက် နိုင်ငံနှင့် လူမျိုး၊ ရိုးရာဓလေ့ထုံးစံ အမွေအနှစ်များနှင့် မြန်မာတိုင်းရင်းသား တို့၏ ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များအတွက် တစ်ဖက်တစ်လမ်းက အားကျိုး မာန်တက် သယ်ပိုး ဆောင်ရွက်လျက်ရှိကြ သည့်အတိုင်း ယခုထက် ပိုမိုဆောင်ရွက် နိုင်ရန်အတွက် ဆန္ဒရှိ နေကြသည်ကို တင်ပြရန်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် အဖွဲ့အစည်း တစ်ခုချင်းစီ၏ ဆောင်ရွက်မှုများ၊ ရည်မှန်းချက် များနှင့် ဆက်စပ်ပြီး ထပ်မံ သိရှိလိုသည်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ပြန်လည်ရှင်းလင်း ဖြေကြားပေး နိုင်ရန်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြည့်စွက်မှာကြား လိုသည်များကို ဆောင် ရွက်သွားနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံခြင်းဖြစ်ကြောင်း တင်ပြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်နွယ်(ဆြာနွယ်)က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပုံတူ ပန်းချီကားကို အမှတ်တရ လက်ဆောင် အဖြစ် ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိတ်ဆုံညစာစားပွဲသို့ တက်ရောက်လာကြသည့် အဖွဲ့အစည်း ၃ ခုမှပုဂ္ဂိုလ်များနှင့် ပြက္ခဒိန်ရေးဆွဲ တွက်ချက်ခြင်း၊ ပန်းချီပန်းပုဆိုင်ရာ၊ သဘင်ဆိုင်ရာနှင့် ရိုးရာယဉ်ကျေးမှု အနုသုခုမဆိုင်ရာ ကိစ္စ ရပ်များကို အပြန်အလှန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး မိတ်ဆုံညစာကို အတူတကွ သုံးဆောင်သည်။
(သတင်းစဉ်)

No comments:

Post a Comment