Wednesday, February 27, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ် မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း- မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇
ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေ့ ည ၇ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပရာ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ချီးမြှင့်သည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊ ဦးဝင်းခိုင်၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဦးသောင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ် နိုင်ငံသံ အမတ်ကြီး H.E.Pehin Dato Abdu’r Rahmani Dato Basir နှင့် ဇနီး၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံပွဲအခမ်းအနား ကျင်းပမည့် Kempinski Hotel သို့ရောက်ရှိရာ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rahmani Dato Basir နှင့် ဇနီး တို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီး H.E.Pehin Dato Abdu’r Rahmani Dato Basir နှင့် ဇနီးတို့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အမှတ်တရ ပန်းစည်းပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံသံရုံး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာ သံတမန် ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကိုကျင်းပရာ မြန်မာ-ဘရူနိုင်း နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများ ဖွင့်လှစ်အလေးပြုကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသံအမတ်ကြီး H.E.Pehin Dato Abdu’r Rahmani Dato Basir က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ၏ (၃၅)နှစ်မြောက် အမျိုးသားနေ့နှင့် ဘရူနိုင်း - မြန်မာ သံတမန်ဆက်သွယ်မှု (၂၅) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲ အထိမ်းအမှတ် နှုတ်ခွန်း ဆက်စကားပြော ကြားသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ညစာကို အတူတကွ သုံးဆောင်ကြသည်။
(သတင်းစဉ်)

No comments:

Post a Comment