နေပြည်တော် ဖေဖော်ဝါရီ ၂၇
တပ်မတော်(ရေ)စစ်ရေယာဉ်များသည်
၂၀၁၉ ခုနှစ် မတ် ၃ ရက် မှ ၁၈ ရက် အထိ ကာလအတွင်း ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်း (Combined
Fleet Exercise) နှင့် လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်းအနီး ရေပြင်တွင်
လေ့ကျင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ လေ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ်
၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ်
၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက်လတ္တီတွဒ်
၁၄ ဒီဂရီ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DDမြောက်လတ္တီတွဒ် ၁၄
ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်စသည့် Coordinates အမှတ်များအား
ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက်နှင့် လေကြောင်းသတိပေးချက်တို့အား
ထုတ်ပြန် ကြေညာထားရှိပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ လေ့ကျင့်ခန်း
ဆောင်ရွက်စဉ်ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါ ဧရိယာမှ ငါးမိုင် ပတ်လည်အား
သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်း
သွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့်
လေယာဉ်၊ ရဟတ်ယာဉ် များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်း ငါးထောင်) အောက် ဖြတ်ကျော်ပျံသန်းခြင်း
မပြုကြရန် အသိပေးကြေညာထားကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ
သိရှိရသည်။
သတင်းစဉ်

No comments:
Post a Comment