တီးတိန်
ဖေဖော်ဝါရီ ၁၈
ပြည်တွင်းပြည်ပခရီးသွားများ
အပန်းဖြေနိုင်ရန်ရည်ရွယ်၍ သဘာဝအခြေပြု တောတောင်ဖြင့် ဆွဲဆောင်မည့် ချင်းပြည်နယ်၏ ပထမဦးဆုံးဆင်စခန်းဖြစ်သည့်
တီးတိန် မြို့နယ် ခိုင်ကမ်းမြို့သစ်နှင့် ပိန်းပိကျေးရွာ ကြားဆီးယင်း ကြိုးဝိုင်းအကွက်အမှတ်
(၁၃၈) ရှိ ကနေဒီဆင်စခန်း (The Land Of Elephents) ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းကို
ဖေဖော်ဝါရီ ၁၆ ရက်နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ သည်။
မြန်မာ့သစ်လုပ်ငန်း
ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဂျွန်ရွှေဘက အဖွင့်အမှာစကား ပြောကြားပြီး ဆင်စခန်းအား
ချင်းပြည်နယ် သစ်တော၊ သတ္တုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဝန်ကြီး ဦးမာန်ဟင့်ဒါးလ်၊
မြန်မာ့ သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် မြန်မာ့သစ်ထုတ်ရေး အထွေထွေမန်နေဂျာ
ဦးလှမိုးအောင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စီးယင်းလူငယ်အဖွဲ့၊ ကူကီးလူငယ်အက
အဖွဲ့နှင့် ကောက်ရိတ်သိမ်း အကအဖွဲ့တို့က ချင်းရိုးရာ အကတို့ဖြင့် တင်ဆက်ကပြကြသည်။
ချင်းပြည်နယ်သစ်ထုတ်လုပ်ရေး၊
ခိုင်ကမ်းဆင်ထိန်း သိမ်းစောင့်ရှောက်ရေး စခန်းတာဝန်ခံ (သစ်အုပ်ကြီး) ဦးတိုးချစ်မှူးပိုင်က
''အခု ဒီဆင်စခန်းမှာ ဆင်မသုံးကောင် နဲ့ ဆင်အထီးလေးကောင် စုစုပေါင်း ဆင်ခုနစ်ကောင်နဲ့
ဆင်အခြေပြု ခရီးသွားလုပ်ငန်းကို ဆောင်ရွက်သွားမှာပါ။ ခရီးသွားပြည်သူတွေအနေနဲ့ ဆင်စီးကြမယ်ဆိုရင်
နိုင်ငံခြားသားတစ်ဦးကို ဆင်စခန်းဝင်ကြေးနဲ့ ဆင်စီးခငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားပါတယ်။
ပြည်တွင်းခရီးသွားတစ်ဦး ကို ဝင်ကြေးနဲ့ ဆင်စီးခလူကြီးငွေကျပ် ၅ဝဝဝ နဲ့ ကလေး ငွေကျပ်
၃ဝဝဝ သတ်မှတ်ထားပါတယ်။ ဒီနေ့ဖွင့်ပွဲအနေနဲ့ အခမဲ့ဝင်ရောက်ခွင့်ပြုထားပါတယ်။ နောက်ရက်တွေမှာ
သတ်မှတ်နှုန်းအတိုင်း ကောက်ခံသွားမှာဖြစ်ပါတယ်'' ဟု ပြောသည်။
ဆက်လက်၍
၎င်းက အဆိုပါဆင်စခန်းကို နိုင်ငံခြား သားခရီးသွားများနှင့် ပြည်တွင်းခရီးသွားများ၊
သဘာဝ ပတ်ဝန်းကျင်နှင့် တောတောင်ရေမြေကို ပိုပြီးချစ်မြတ် နိုးတတ်လာစေရန် ရည်ရွယ်ထားသည့်အတွက်
တီးတိန်-သိုင်းငင်း-ပိန်းပိ-ခိုင်ကမ်းမြို့လမ်းသစ်အား အဆင့်မြှင့် တင်ထားရှိကြောင်း၊
လတ်တလောတွင် ကလေးမြို့နယ် နှင့် ချင်းတောင်ပေါ်မှ ခရီးသွားများ၊ တက္ကသိုလ်ကျောင်း သား
ကျောင်းသူများ အများဆုံးလာရောက်လည်ပတ် လျက်ရှိကြောင်း၊ ယခုဆင်စခန်းကို စစ်ကိုင်းတိုင်းဒေသ
ကြီး ကလေးမြို့မှ ၁၅ မိုင်ကွာဝေးပြီး ခိုင်ကမ်းမြို့မှ ခြောက် မိုင်ကွာဝေးကြောင်း သိရသည်။
နိုင်ငံတော်၏
အစိမ်းရောင် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုး တက်စေရန်နှင့် ခရီးသွားပြည်သူများ အနားယူနိုင်မည့်
မိသားစုအပန်းဖြေ စခန်းပေါ်ထွန်းလာစေရန်၊ နိုင်ငံတကာ တွင် ဆောင်ရွက်နေသော ဆင်ထိန်းသိမ်း
စောင့်ရှောက်ရေး အခြေပြုခရီးသွား လုပ်ငန်းစခန်းများကို လေ့လာပြီး လိုက်လျောညီထွေ ရှိမည့်
ထိန်းသိမ်းစောင့်ရှောက်ရေး နည်းလမ်းကောင်းများ တီထွင်ဆန်းသစ် ဖန်တီးနိုင်စေရန် တို့ကို
ရည်ရွယ်၍ ခိုင်ကမ်း ဆင်ထိန်းသိမ်းစောင့်ရှောက် ရေးစခန်းကို မြန်မာတစ်နိုင်ငံလုံးတွင်
အခု ၂ဝ မြောက် အဖြစ် မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ဇိုဟေဆာ
No comments:
Post a Comment