ရန်ကုန် ဖေဖော်ဝါရီ ၂၇
တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့ရှိ
မြန်မာ-လာအိုချစ်ကြည်ရေး တံတားနှင့် နယ်စပ်စစ်ဆေးရေးစခန်း (Border Check Point) သို့
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဖေဖော်ဝါရီ
၂၃ ရက်က သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ မဟာ မဲခေါင်ဒေသခွဲ လူနှင့်
ကုန်စည်များ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ရေးမူဘောင် သဘော တူစာချုပ်အရ မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား
ကနဦးအကောင်အထည်ဖော်ရေး နားလည်မှုစာချွန်လွှာအား မကြာမီကာလအတွင်း လက်မှတ်ရေးထိုးရန်ဆောင်ရွက်နေမှု၊
ဆက်လက်၍ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများနှင့် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးဆိုင်ရာ
နားလည်မှုစာချွန်လွှာများ လက်မှတ် ရေးထိုး ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေမှုများကို ရှင်းလင်း
ပြောကြားပြီး နှစ်နိုင်ငံအကြား ယခုလို အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ဒေသခံများအတွက်
အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်သကဲ့သို့ တရားမဝင်ကူးသန်း ရောင်းဝယ်မှုများကိုလည်း
တဖြည်းဖြည်းလျှော့ချနိုင်မည်ဖြစ် ရာ အခွန်အခများလည်း တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အတွက်
အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်းမှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည်
ဖေဖော်ဝါရီ ၂၄ ရက်တွင်တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) အထက်ဘက်
ရွှေနန်းတော်ကုန်တိုက်အနီး မြေထိန်းနံရံ တည် ဆောက်မည့်နေရာ၊ ချစ်ကြည်ရေးတံတားအမှတ်(၂)ရှိ
(Border Control Facilities) ၌ လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ
မယ်ဆိုင်-မယ်ဟောက် ချောင်းအတွင်း (Border Reference Point) BRP BRP 395၊ BRP 339 အနီး
ကမ်းထိန်းလုပ်ငန်း ဆောင်ရွက် နေမှုများ၊ မဲခေါင်မြစ်ကမ်းရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတွင်
လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် မြန်မာ-ထိုင်း-လာအို သုံးနိုင်ငံနယ်နိမိတ်များ ထိစပ်လျက်ရှိသည့်
ရွှေတြိဂံ အနီး BRP 14 နှင့် 15 အကြား ကမ်းထိန်းလုပ်ငန်းဆောင်ရွက်မည့်နေရာများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက
မယ်ဆိုင် - မယ်ဟောက်ချောင်း မြန်မာဘက်ခြမ်း ကမ်းထိန်း လုပ်ငန်းဆောင်ရွက်ခြင်းသည် မိမိနိုင်ငံပိုင်မြေများ
မဆုံးရှုံးစေရေးဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ တိုင်းပြည်ကို ကာကွယ်ရာရောက်ကြောင်း၊
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း နှစ်နိုင်ငံချစ်ကြည်ရေး မထိ ခိုက်စေရေးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊
ဝမ်ပုံဆိပ်ကမ်းဖွံ့ဖြိုးတိုး တက်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများကို လျာထားချက်နှင့်အညီပြီးစီးနိုင်ရေး
ကြိုးပမ်းဆောင်ရွက်ကြရန် လုပ်ငန်း ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းပြည့်မီပြီး ရေရှည်
တည်တံ့ခိုင်မြဲစေရေး ဆောင်ရွက်ကြရန် မှာ ကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်
မယ်ဆိုင်-မယ်ဟောက် ချောင်းအတွင်း ကမ်းထိန်းလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့
ရန်ပုံငွေဖြင့် လုပ်ငန်း သုံးခု၊ အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ ရန်ပုံငွေဖြင့်
လုပ်ငန်း နှစ်ခု စုစုပေါင်းလုပ်ငန်း ငါးခုတို့မှ ကမ်းထိန်း အလျား ၃၃၇၅ ပေ တည်ဆောက်လျက်
ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment