နေပြည်တော် ဖေဖော်ဝါရီ ၂၇
မောင်တောမြို့နယ်
နယ်မြေ(၃) အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ကျီးကျွန်းရဲကင်းစခန်းမှ ရဲအုပ်ကြည်စိုး
ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် ရေယာဉ်တပ်ဖွဲ့စု(မောင်တော)မှ ငါးမန်းအမြန်သွားတိုက်ခိုက်ရေး
ရေယာဉ်နှစ်စင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ အမှတ်(၂) နယ်ခြားစောင့်တပ် Whykong ကင်းစခန်းမှ
Subedar Md Nazrul Islam ဦးဆောင်သည့် အဖွဲ့က စက်တပ်ရေယာဉ်နှစ်စင်း စုစုပေါင်းလေးစင်းဖြင့်
ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းက ရေတွင်းပြင်ချောင်းဝအနီး နတ်မြစ်အလယ်ရှိ နှစ်နိုင်ငံနယ်နိမိတ်အနီး
ရေမိုင်အမှတ်(၁၅) မှ သဲချောင်းချောင်းဝထိပ် ရေမိုင်အမှတ်(၁၈) အထိ နတ်မြစ်ကြောင်းအတိုင်း
နှစ်နိုင်ငံနှစ်ဖက်ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(၀၀၄)ပေါ်၌ နှစ်ဖက်ကင်း
လှည့်သည့်အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား

No comments:
Post a Comment